မိနစ်မှာ မွေးခဲ့တာ ဆိုတော့ ဒီဇင်္ဘာဟာ အသက် ၁ရက်သားသာသာရှိသေးတဲ့ငါ့ရဲ့ ငယ်ပေါင်းသူငယ်ချင်း။
အဲဒီအချိန်တုန်းက ငါ့ကိုမွေးခဲ့တဲ့ ကလောမြို့ကလေး
ဟာ စစ်မြေပြင်နဲ့ဝေးရာမှာ နှင်းမိုးတွေရွာကောင်းရွာနေ
နိုင်တယ် ၊ ငါ့အဖေကတော့ ``ရန်ကြီးအောင်စစ်ဆင်
ရေး´´တဲ့ ဟိုးအဝေးတနေရာကိုစစ်ထွက်နေရှာတယ်၊
သူဘာကြောင့် စစ်ဆင်ရေးလုပ်သလဲ ငါမသိဘူး ၊ငါကအေးအေးချမ်းချမ်းအမေ့နို့ကိုစို့နေရရင် အလိုပြည့်တယ်၊
မငိုတတ်ဘူး ၊ကျေနပ်တယ် ငါ့မှာ ရန်သူမရှိ၊မုန်းသူမရှိ ၊
စစ်ပွဲမရှိ ။ ဒီဇင်္ဘာရေ ..သူငယ်ချင်းရေ ..အဲဒီအချိန်က
မင်းလည်းသိ ငါလည်းသိ ၊ငြိမ်းချမ်းရေးသာ တို့မှာရှိ။
ခုတော့ ငါတို့မှာ ငြိမ်းချမ်းတာဆိုဘာမှ မရှိ၊ တို့ဝန်းကျင်မှာစစ်ပွဲတွေသာ မျိုးစုံရှိ။ အမျိုးသားရေးဆိုင်းဘုတ်နဲ့
ဒီဇိုင်းတွေ အထွင်ပြိုင်ပြီး အနိုင်ကျင့်သူကကျင့်၊ ဘာသာ
ရေးအစွန်းရောက်ပြီး ကမ္ဘာမြေ သွေးအိုင်ထွန်းအောင်ချောက်တွန်းသူကတွန်း၊ နိုင်ငံရေး စီးပွားရေးအမြတ်ထွက်အောင် ဥာဏ်နီ ဥာဏ်နက်တွေနဲ့ အကွက်ဆင်သူကဆင်။
ဒီဇင်္ဘာရေ ..သူငယ်ချင်း ရေ မင်းနဲ့ငါက
မွေချင်း အဖော်ပဲကွယ့်. ..ဒုတိယကမ္ဘာစစ်တုန်းက
ဘာလင်မြို့ကိုသိမ်းအပြီး မြို့စွန်ကျေးလက်တွေကိုမဟာ
မိတ်တပ်တွေဝင်တော့ကျည်ကပ်ကုန်အောင်ပစ်ခဲ့တဲ့
ဟစ်တလာလူငယ်အဖွဲ့ဝင် ချာတိတ်လေးတွေကို
စစ်သုံ့ပန်းအဖြစ်မထားပဲ သတ်မိန့်ပေးခဲ့တယ် ၊အခု ငါတို့
အဲဒီကလေးတွေကိုကယ်ရမယ် ။ အိုင်အက်စ်ဆရာကြီး
တွေမှိုင်းတိုက်လို့ အသေခံဗုံးခွဲတော့မယ့် လူငယ်လေးတွေကိုအချိန်မီ ကယ်တင်ရတော့မယ် ။စစ်မြေပြင်ဆိုတာ
လူတွေတီထွင်ခဲ့တဲ့အမှားတခုသာဖြစ်ပြီး ၊ စာသင်ကျောင်းတွေဟာ လူတွေလုပ်ခဲ့သမျှကိစ္စတွေထဲမှာ အမွန်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံးလုပ်ရပ်ဖြစ်တယ်ဆိုတာ ဒီကလေး
လူငယ်တွေကို သိစေရမယ်၊ ကမ္ဘာလောကကြီးအပေါ်
တကယ်အုပ်ချုပ်နိုင်တဲ့အစိုးရဆိုတာ ကုလသမဂ္ဂလို
အဖွဲ့အစည်းမျိုးမဟုတ်ဘဲ စာသင်ကျောင်းတွေ ၊တက္ကသိုလ်ကျောင်းတော်တွေသာဖြစ်တယ်ဆိုတာကို
သူတို့သိစေရမယ် ၊ယုံကြည်စေရမယ်၊ အားကိုးနိုင်ခွင့်
ရှိစေရမယ် ။ဒါကြောင့်ပညာရေးဥပဒေရဲ့ အနှစ်သာရ
ဟာ ကျောင်းသားလူငယ်တွေရဲ့လက်တွေ့ကျတဲ့လိုအပ်ချက်တွေထဲကပဲ ပေါက်ဖွားလာရမယ် ၊ပညာရေးဥပဒေကို ကျောင်းသားလူငယ်တွေကသာ ကိုယ်ပိုင်ပြဌာန်း
နိုင်ရမယ် ၊ဘာလို့လဲဆိုတော့သမိုင်းသင်ခန်းစာအရ
ပညာရေးကို ဟစ်တလာပြဌာန်းသည်ဖြစ်စေ ၊အိုစမာဘင်လာဒင်ပြဌာန်းသည်ဖြစ်စေ ၊ဘယ်ဘုရားသခင် ဘယ်
ဆရာသမားမှ အာမမခံနိုင်ခဲ့ကြလို့ပဲ ။
ဒီဇင်္ဘာရေ ...သူငယ်ချင်းရေ...ငါတို့ရဲ့ငြိမ်းချမ်းမှုကို ငါတို့ရဲ့အသွေးအသားတွေနဲ့ ငါတို့ကိုယ်တိုင်ထုဆစ်ကြပါစို့ ။
ငြိမ်းချမ်းသော ရဟန်း၊ ရှင်လူ ၊ပြည်သူ.........
မြန်မာနိုင်ငံ၏ အခြေခံအုတ်မြစ် ၊
No comments:
Post a Comment