**********************************
လမ်းများ
******
အင်ဒီယာနာရှင်လူဂျုန်းစ ကသူ၏ဖောင်းဝတ်ရောင်မြင်းကြီးကိုတောင်ကတုံးဆင်ခြေလျှောအတိုင်း
အသော့နှင်ဆင်းချလာရာဖုံလုံးကြီးကသူ့နောက်တွင်ဂျက်လေယာဉ်မီးခိုးတန်းပမာ အတန်းလိုက်ကျန်ခဲ့လေသည်။
တကယ်တော့လူစွန်းစားတယောက်၏ မစ်ရှင်ကားသာမာန်လူတို့စဉ်းပင်မစဉ်းစားရဲသော ကိစ္စမျိုး (ဝါ)Mission Impossible မျိုးသာဖြစ်ချေသည်
တမုံ။ ဂလိုဘယ်ရွာကြီး၏အရှေ့ခြမ်း အရှေ့တောင်အာယှထဲတွင်ပါဝင်သော ဒူးတင်ပေါင်တင်ရပ်ဝန်းဒေသသည်
သူအပတ်တကုပ် လေ့လာကြည့်ရှုခဲ့ဖူးသောကျောင်းသုံးကျောက်စာချပ်များအဆိုအရ ရေသယံဇာတ ၊သစ်တော
သယံဇာတနှင့် မြေပေါ်မြေအောက်သယံဇာတများစွာ
ရှိနေကြောင်းအထောက်အထားတွေက အခိုင်အမာ။
ကုလားဖြူအရာရှိ ကာနယ်စလေဒင်ဆိုသူ အပျောက်ရိုက်သွားခဲ့ဖူးသော နန်းစဉ်ပတ္တမြားကြီး ပတ္တမြားငမောက်လို ပတ္တမြားတွေ အမြောက်အမြားထွက်သော
မြေဧကတွေပင်မနည်းမနောဆိုပဲ။ ပြီးတော့ကျောက်စိမ်းတုံး ကြီးတတုံးထဲတင်၃၃ တန်လေးသတဲ့။
အင်ဒီယာနာရှင်လူဂျုန်းစ ကသူ့ရဲ့တွေးလက်စအတွေးကိုဖြတ်လိုက်ပြီး မျက်စိတဆုံးမြင်နေရသော
တောင်ကတုံးများကိုငဲ့ကြည့်ရင်း သင်ပြင်းတခုကိုခပ်
လေးလေးချလိုက်မိ၏။ `` ဝူး ဟူး သစ်တောသယံဇာတ
လို့သာပြောတယ် ငါတော့ခုထိ ခွေးသေးပန်းပင်တောင်
မမြင်ရသေးပါလား ၊ အင်းနေမညို ခင်ကျောက်တွင်းတွေ
ရောက်အောင်ခရီးဆက်ဦးမှ´´၊ ဟီးယား ဒက်ဂလောက် ..ဒက်ဂလောက်..။
တောင်စဉ်တောင်တန်းများစွာကိုဖြတ်ကျော်ခဲ့ရာ အခက်အခဲဟူ၍ ကြီးကြီးမားမားမကြုံခဲ့ရသော်
လည်း ဝါးတားဂိတ်များကျေးဇူးတော်ကြောင့်သူ့တွင်ပါသောယူရိုငွေအတော်များများပွန်းပဲ့သွားခဲ့ရလေသည်။
ဂဒီး..ဂဒီး..ဝီး..ဝီး..``အိုးဂေါ့ ဘာလဲဟ´´အင်ဒီယာနာ
ရှင်လူဂျုန်းစက နှုတ်မှအလန့်တကြားမြည်တွန်လိုက်ရင်း
ကုန်းကမူတခုပေါ်လွှားခနဲခုန့်တက်ရန်အားယူနေသော
သူ့စီးတော်မြင်းကြီးကို ကမန်းကတမ်း ဇက်သတ်လိုက်ရလေသည် ။ သူခုန်တက်ရန်ကြံနေသောတောင်ကုန်း
သည်မျက်စိရှေ့မှာပင်လေပေါ်သို့ကြွတက်လာပြီး
ခတ်လှမ်းလှမ်းမြေစာပုံပေါ်သို့ဖတ်ခနဲပြုတ်ကျသွားလေသည် ။အသေချာကြည့်လိုက်မှ စက်ယန္တယားကြီး
များကအုပ်စုဖွဲ့၍ သူတို့လက်တံကြီးများတယမ်းယမ်း
ဖြင့်တောင်များကိုဖဲ့ချနေသည်မှာ တောင်ခေါင်းတွင်း
ချိုင့်ရပ်ဝန်းဒေသကြီးပင်ဖြစ်နေခဲ့လေပြီ။သူကစိတ်ပျက်စွာခေါင်းကိုခါရမ်းလိုက်ပြီး မြင်းကိုနောက်ကြောင်းပြန်လှည့်ကာ မြစ်မကြီးရှိရာအရပ်ဆီသို့ဦးတည်လိုက်
သည်။ပထမတော့သူ့မျက်စိပင်သူမယုံချင်။မြေပုံညွှန်းအရ
သေလာနဒီမည်သောမြစ်မကြီးမှာ အမိန့်ရအပေါင်ဆိုင်
ဟူသောဆိုင်းဘုတ်အကြီးကြီးထောင်လျက် ပါဂျဲမျက်နှာ
နှင့်လူတယောက်က ဘောပင်တကိုင်ကိုင်ဖြင့်``ပါလဲ ...
ပါပေါင်ချင်လို့လဲ ၊အဲလီမြီး ပေါင်မလို့လား..´´
အင်ဒီယာနာရှင်လူဂျုန်းစကသူ့မြင်းဇက်
ကိုအမြန်ဆွဲလှည့်ကာ တဟုန်ထိုးပြေးထွက်လာခဲ့
ရာမြို့တော်တခု၏မုခ်ဦးသို့ရောက်ရှိလာခဲ့လေ
သည်။မောလည်းမော ဆာလည်းဆာပြီမို့ နီးစပ်ရာဆိုင်တဆိုင်ရှေ့မှာမြင်းကိုချည်လိုက်ပြီးစားပွဲတခုတွင်
ဝင်ထိုင်လိုက်သည်။ တခုခုမှာဖို့မယ်နူးကိုကြည့်နေခိုက်ဂလောက်ဂလောက်အသံကြီးနားနားကပ်လာသဖြင့်
လှည့်ကြည့်လိုက်ရာမောင်းထောင်ခွက် တခုထဲ
ဘိလပ်ရေပုလင်းအဖုံးများထည့်ပြီးလာခေါက်နေသောလူတယောက်ကိုတွေ့ရလေသည်။``ဘာလဲ
ကံစမ်းမဲနှိုက်ရမှာလား´´အင်ဒီယာနာ၏မသိမှုကိုထိုသူ
ကသနားဟန်မျက်နှာပေးဖြင့် ``ခင်ဗျားကိုနိဗ္ဗာန်ကူးတို့
ပို့ပေးနေတာပါ....´´၊ .``အင် ခင်ဗျားတနေ့ဘယ်နှစ်ခေါက်ပို့ရလဲဗျ ၊ ခင်ဗျားရော အဲဒီကိုရောက်ကော
ရောက်ဖူးလို့လား.´´အင်ဒီယာနာက အိုးပင်းဆိုဆိုက်တီ
မှလာသူပြီပြီပြန်မေးလိုက်တော့ထိုသူကဘုကြည့်ကြည့်
ကာထွက်သွားတော့သည်။ မယ်နူးဖတ်ပြီးစားစရာမှာရန်
ပါးစပ်ဟရုံရှိသေး သင်္ကြန် ဒိုးဆစ်သံတဂွမ်ဂွမ်ကြောင့်စားပွဲထိုးကလည်းခေါ်မကြားအော်မကြားအနေအထား။
``ဟ. ဘယ်လိုကြီးလဲ ခုမှနတ်တော်လရှိသေး သင်္ကြန်
ကကျပြီလား´´ပိုစတာများဖြင့်အလှဆင်ထားသောကားကိုလှမ်းကြည့်လိုက်တော့ နှုတ်ခမ်းမွးထူထူနှင့်
လူတယောက်ပုံကြီးကိုထောင်ထားပြီး သူ၏ အေ
ဘီစီဒီကိုယ်ရေးအချက်အလက်များရေးထားကာ
ဦးဟစ်တလာကိုမဲပေးကြပါတဲ့။ အင်း ဒုက္ခ ဒုက္ခ
အသံချဲ့ဆောင်းဘောက်ကလည်းဝူဖာဆိုလား ဝေဖာဆိုလား တဒုန်းဒုန်း ၊ ယင်းအခိုက်မှာပဲ လော်ဟုခေါ်သောဟာကြီးတပ်ဆင်ထားသောကားတစီးက
ခေတ္တခဏ သည်းခံ ပါ ခင်ဗျာ ဆိုပြီး၉၆ပါးဆေးရောင်းနေခိုက် ဆိုက်ကား တစီးအပေါ်လော်တင်ကာ နောက်
မှခြေကျင် မိုက်ခွက်ကိုင်ထားသူတဦးကလူတစုကိုဦးဆောင်ပြီး ...အင်ဒီယာနာရှင်လူဂျုန်းစခမျာ ဆာနေသောဘိုက်ကိုမေ့သွားပြီး သူ့စီးတော်မြင်းကြီးအပေါ်
အမြန်ခုန်တက်ကာ ခြေဦးတည့်ရာဆီသို့ကဆုန်စိုင်းနေမိလေတော့သတည်း။
``အင်း ဒီရပ်ဝန်းဒေသမှာ အခိုင်အမာထောက်ပြနိုင်တဲ့သယံဇာတကတော့ လေသယံဇာတပဲ´´
(ရှင်လူရဲ့ အဘိုးတော်သူ ရှင်ဒီယာနာဂျုန်းစ၏ ကိုယ်တွေ့မှတ်တမ်းများမှ)
ရှင်လူ ...အေဒီ ၂၀၁၅
2015 Jan 1 နှင်းဆီဖြူ ဂျာနယ်
No comments:
Post a Comment