~~~~~~~~~~~~~~~~
တံခါးတွေအားလုံးကို ခေါက်လိုက်တဲ့အသံတွေက
သြခက်စထရာဝိုင်းထဲက ဒရမ်တွေမြည်
သလို တပြိုင်တည်း .ပဲ့တင်လှိုင်းထပ်လို့
ဟယ်လို ၂၀၁၅ ၊
သင့်ရဲ့ဆန္ဒပြင်းတဲ့ရိုက်ချက်မှာ
အိမ်တံခါးကိုဖွင့်လိုက်ဖို့ ငါ့လက်တွေတွန့်ဆုတ်နေခဲ့၊
ကိုပါကြီးနဲ့ ဒေါ်ခင်ဝင်းတို့လို
သင့်အတွက်လည်း တရားခံမရှိတဲ့ကျည်ဆံတတောင့်
နှစ်သစ်လက်ဆောင်ရောက်ချင်ရောက်လာနိုင်တယ်
ပြီးတော့မကြာမီအချိန်မှာ မီးရှူးမီးပန်းတွေပစ်ဖောက်ကြတော့မယ်
အဲဒီရောနှောနေတဲ့အသံတွေထဲမှာ
ကျည်ဆံတတောင့်သို့မဟုတ် အမြောက်ဆံတခုရောယောင်
ပါလာမှာမဟုတ်ပါဘူးလို့ ဘယ်သူကလာပြီးအာမခံနိုင်မလဲ
ညိုမြသွေး
#poem#observation#shinlhu
No comments:
Post a Comment