13 Dec 2015 ညနေ ၃ နာရီလောက်မှာ ရှင်လူ အလုပ်များနေတုန်း ကိုရဲ ပေါက်ချလာပြန်တယ်၊ အဘ ဒီနေ့ အားလားတဲ့ ၊မင်းမြင်တဲ့အတိုင်းပဲ ဟိုမှာ ဖောက်သည်က ပစ္စည်းစောင့်ယူနေတာ ၊ဘာလဲ မင်းဘာလုပ်ချင်လို့လဲ ဆိုတော့ ၊ အဘအားရင် မြို့ထဲသွားပြီး
ဂဏန်းကော်ကြော်သွားစားမလို့ တဲ့၊ ဘာကော်ကြော်လဲ..၊ဂဏန်းအသားကိုထုတ်ပြီး ကြော်ထားတာ အပြော့တမျိုး အကြွပ်တမျိုးရတယ်
ကျ ကျနော်နံမည်မေ့နေလို့တဲ့ ၊အေးကွာ မင်းမြင်တဲ့အတိုင်းပဲ ဟိုမှာ အလုပ်အပ်တဲ့လူကစောင့်ပြီးယူမှာ ဆိုတော့ ၊ ဒါဆို ကျနော်ပဲသွားလိုက်တော့မယ် တဲ့ အေးအေးပေါ့လေ။ဒီလိုနဲ့ ငရဲတယောက် ညနေ ၅ နာရီလောက်စက်ဘီးလေးနဲ့ ပေါက်ချလာပြန်ရော
အဘ ပြီးပလား အညာသွေးပဲသွားရအောင်တဲ့ ၊ ကဲကဲ ရှိစေတော့ဆိုပြီး လုပ်လက်စလေးတွေချထားလိုက်ပြီး စက်ဘီးတယောက်တစီးနဲ့ အညာသွေးဆိုင်ရှိရာ ၃၁ ဂိတ်ဟောင်းဘက်ထွက်လာခဲ့ကြတယ်...
စက်ဘီးနင်းလာရင်း စာရေးဆရာ သော်တာဆွေရေးတဲ့ မိုးကုတ်မြမောင်အကြောင်း
(ငွေကိုလေလိုသုံးသူ) သတိရမိတယ် ။မိုးကုတ်ဦးမြမောင်ဟာ ဘယ်လောက်ချမ်းသာသလဲဆို ပါရီ မှာတောင်ရတနာဆိုင်ဖွင့်ထားနိုင်တယ်၊တခါတလေ ထမင်းစားမကောင်းရင် နိုင်ငံခြားကိုလေယာဉ်စီးပြီးသွားစားတာ ၊အဲဒါတခါတခါ အထီးကျန်လို့ ငိုသတဲ့ ၊သော်တာဆွေနဲ့ခင်တော့ သော်တာဆွေကို ဟော်တယ်တွေမှာ ခေါ်ခေါ်ပြီးကြွေးလေ့ရှိတယ် ၊တခါဆို ဟော်တယ်မှာစားသောက်ပြီးအပြန် စားစရာတွေ ပါဆယ်ထုတ်ပိုးပြီး ပန်းကန်ခွက်ယောက်တွေပါအပြတ်ဝယ် ကားပေါ်တင်ပြီး အန်တီမေ(သော်တာဆွေ့ဇနီး)စားဖို့ပါ အိမ်ကိုလိုက်ပို့သတဲ့ ၊ ခု ငရဲက အဲ့လိုတော့ မချမ်းသာပေမယ့် သူ့မိဘဆွေမျိုးတွေဆီက အနုကြမ်းစီးလို့ရတဲ့ မုန့်ဖိုးတွေနဲ့ ရှင်လူ့ကိုခေါ်ကြွေးနေတာ ၊အညာသွေးဆိုင်ရောက်တော့ မီနူးကြီးကိုင်ပြီး အဘဘာစားမလဲတဲ့ ၊ငါမမှာတတ်ပါဘူးကွာဆိုတော့ ကြက်ကုန်းဘောင်တပွဲနဲ့ထမင်းအရင်မှာတယ်၊ပြီးတော့ အဘ ဘဲကင်စားမလား တဲ့ ၊ စားလေ့တော့မရှိဘူး မှာချင်မှာကွာဆိုတော့ ဘဲကင်တစိတ် မှာလိုက်တယ်၊ ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ ၊ရှင်လူက ဒီဘက် ၅နှစ် ၆နှစ်အတွင်း
ရပ်ကွက်ထဲက လေးဘမ်းရက်စတော့ရင့်တွေက ထမင်းဟင်း ၃ရာ ၄ရာဖို့းနဲ့ တနပ်တနပ်ငြိမ်းနေရတာ ခုလိုဟာကြီးတွေနဲ့ တွေ့တော့ အိမ်ပြန်ရောက်ရင် အစာကြေဆေးသောက်ရချည့်သေး၊ ကြက်ကုန်းဘောင်လေးဝါးလိုက်..ဖတ် ဖလပ်လပ်...ဘဲကင်လေးကလည်းနူးညံ့ လို့ အရိုးနုကလေးတွေပါ ဝါးလို့ကောင်းတာ ..ဖတ် ဖလပ် ..ဖလပ်..
၊ အဲဒီ မြည်သံစွဲ ..ဖတ် ဖလပ် ဖလပ်တွေက
ဒီလိုပါ ၊ အပေါ်က လျှာကသုခခံနေတုန်း ထိုင်မိတဲ့စားပွဲက မြောင်းဖုန်းပျဉ်ပြားပေါ်မှာမို့ ခုလိုညနေခင်းမှာ ဖြုတ်ကကိုက်တော့ လက်တဖက်ကခက်ရင်းကိုင် ကျန်လက်တဖက်က ဒူးပုတ် ပေါင်ပုတ် ပုဆိုးစဆွဲယမ်း ရ ကုတ်ရဖဲ့ရ ဒုက္ခ ၊ ခင်ဗျးတို့ရှင်လူကြီးဗျာ.....
No comments:
Post a Comment