Wednesday, March 23, 2016
အမြန်လမ်းဘေးကရွာသိမ်များ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ ညိုမြသွေး တိုက်မရှိတဲ့သူက တိုက်ပြိုမှာကြောက်နသေလား.. အင်္ဂတေဖျော်စက်က သင်တို့ကိုဖျော်ဖြေပေးလိမ့်မယ်။ အခြေခံအဆောက်အဦဆိုတာ ခါချဉ်အုံဖက်အိပ်မိတဲ့ အရက်သမားလို ယားလည်းယား
$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$
ညိုမြသွေး
တိုက်မရှိတဲ့သူက
တိုက်ပြိုမှာကြောက်နသေလား..
အင်္ဂတေဖျော်စက်က
သင်တို့ကိုဖျော်ဖြေပေးလိမ့်မယ်။
အခြေခံအဆောက်အဦဆိုတာ
ခါချဉ်အုံဖက်အိပ်မိတဲ့ အရက်သမားလို
ယားလည်းယား စပ်လည်းစပ် မုးကလည်းမူး
ဆိုတော့
သိတ်ခံစားရမယ်မထင်ဘူး
လယ်သမားကိုသေနတ်နဲ့ပစ်သတဲ့လား
သြော ..ခက်တော့နေပြီ
ကာစီနိုထောင်မလား မာဆတ်ထောင်မလား
စိတ်ကြွဆေးရောင်းမလား
မကာအိုလို ဟောင်ကောင်လို
လတ်ဗီးစဂတ်လို ပွင့်လန်းနေတဲ့အချိန်မျိုးမှာ
ဘဏ်စာရင်းမဖွင့်နိုင်သေးတဲ့ သင့်လိုငတုံးများ
ကားတိုက်သေနေဦးမယ်
သတိကြပ်ကြပ်ထား။ ။
ညိုမြသွေး
25,Mar 2016
poem #observation #shinlhu
အဲဒါပဲ ***** လူပြက်တွေက သိတ်ရီရတာမဟုတ်... ငါကိုယ်တိုင်က အူယား နေတာ။ ဗီလိန်က
*****
လူပြက်တွေက
သိတ်ရီရတာမဟုတ်...
ငါကိုယ်တိုင်က အူယား နေတာ။
ဗီလိန်က သိတ်ကြမ်းနေတာမဟုတ်
ငါ့အသည်းက ပေါက်နေတာ။
မင်းသမီးက သိတ်လှနေတာမဟုတ်
ငါ့ရင်ကငတ်မွတ်နေတာ။
ရှင်လူ
16,Mar 2016
poem#observation #shunlhu
ူ
Tuesday, March 22, 2016
ဖန်ဆင်းရှင်အတု €€€€€€€€€ ညိုမြသွေး ကိလေသာ သောင်းကျန်း တဲ့ခါ အိနြေ္ဒဆည်ဖို့
€€€€€€€€€
ညိုမြသွေး
ကိလေသာ သောင်းကျန်း တဲ့ခါ
အိနြေ္ဒဆည်ဖို့ luckey Strike တဘူး
ဝယ်ဆောင်ထားတယ်
ဖဲသမားမဟုတ်ပေမယ့်
လိုအပ်တဲ့ခါ ပညာပြနိုင်ဖို့..
ဒါမှမဟုတ်
အပျင်းပြေ ဖျော်ဖြေ ပေးနိုင်ဖို့
ဖဲထုပ်တထုပ် ဆောင်ထားတယ်...
ပဉ္စလက် ကဗျာဆရာ ဆိုတာ
သူအလိုရှိရင်
စကားလုံးတွေကို
ဗုံးတွေ ကျည်ဆံတွေလို
အချိန်မရွေး
ပြောင်းလဲ ဖန်ဆင်းနိုင်တယ်
ခုတော့ သူ့နှလုံးသားက
စစ်ပွဲတွေကို မုန်းတီးလာလို့
ပန်းပွင့်တွေကို မိုးအဖြစ်ရွာသွန်းစေပြီး
ကမ္ဘာမြေကို ကခုန်စေခဲ့ပေါ့...
ညိုမြသွေး
22,Mar 2016
poem#observation#shinlhu
ကမ္ဘာကျဉ်းပေါ်က ဒိန်ချဉ်တခွက် ========================= အယ်နီညိုက ဘယ်နားရောက်နေတယ်မသိ မိမိအခန်းလေးကတော့
=========================
အယ်နီညိုက ဘယ်နားရောက်နေတယ်မသိ
မိမိအခန်းလေးကတော့ အတန်သင့် အပူဒဏ်ကိုကာကွယ်ပေးထားလို့တော်သေးရဲ့။ အလုပ်ကလည်းကိုယ့်အခန်းထဲထိုင်လုပ်ရတဲ့အလုပ်မို့ အဆင်ပြေသား။ တခုပဲပြောစရာရှိတယ်
ခုတလော ဖတ်မိတဲ့ ဆောင်းပါးတပုဒ်မှာ ဒိန်ချဉ်ကို တပတ် သုံးလေးခါသောက်ပေးရင်ကျန်းမာရေးအတွက်ကောင်းတယ်ရေးထားတာတွေ့လို့ နေ့လယ်နေ့ခင်း လက်ဖက်ရည် အစား ဒိန်ချဉ်ကို ရက်ခြားလေးသောက်နေမိတယ်။ အခန့်သင့်တယ်ဆိုရမှာပဲ
ရှင်လူ့အိမ်က လေးငါးမိနစ်စာလောက်စက်ဘီးစီးသွားနိုင်တဲ့ နေရာလေးတခုမှာ သောက်လို့ကောင်းတဲ့ ဒိန်ချဉ်ဆိုင်ကလေးတခု ရှာတွေ့ထားတယ်။ ဆိုင်ကြီးမဟုတ် ၊ လမ်းဘေးဆိုင်ကလေးပါပဲ၊သန့်ရှင်းပြီး အရသာရှိတဲ့ဆိုင်ကလေးမို့ ဒီနွေတော့ ရှင်လူ့အတွက် ခွန်အားဖြည့်စရာနေရာလေးတခုတော့တွေ့ပြီပေါ့ ၊ ဈေးနှုန်းကလည်းသင့်ပါတယ် တခွက်ငါးရာဆိုတော့ ရက်ခြားလေး
သွားသောက်နိုင်တာပေါ့။နေပူထဲမထွက်ချင်လို့
မနေ့ကတော့ မသွားဖြစ်။ ဒီနေ့တော့ မွန်းလွဲတနာရီလောက်မှာ ရင်ပူပြီး မောတောတောမို့ စက်ဘီးလေးဆွဲထုတ် ဦးထုပ်ကြီးကြီး
ဆောင်းပြီး ဒိန်ချဉ်ဆိုင်ဘက်ထွက်လာခဲ့တယ်။
တတ်နိုင်သမျှ စက်ဘီးကို သစ်ပင်ရိပ်ကလေးတွေအောက်က ရနိုင်သလောက်ကပ်နင်းရင်း
ဒိန်ချဉ်ဆိုင်ရောက်လာခဲ့တယ်။သကြားနဲ့ တခွက်မှာလိုက်ပြီး ရေခဲတုံးကလေးတွေနဲ့ မွှေပြီး တဇွန်းချင်း အရသာခံသောက်နေမိတယ်။ တကယ်လည်းအမောပြေပါတယ်။
ဒိန်ချဉ်တခွက်အကုန်မှာ ရေခဲရေနည်းနည်းလောက်တောင်းတော့ ဆိုင်ရှင်က ရေခဲတုံးတချို့ ဖန်ခွက်ထဲထည့်ပြီး မိမိအနားမှာရှိတဲ့ သောက်ရေပုံး ပိုက်ခေါင်းကိုလက်ညှိုးထိုးပြတယ်။ မိမိစိတ်ကြိုက် ရေကို ဖန်ခွက်တဝက်သာသာထည့်ပြီးခလောက်ကာ အသာပြန်ချထားလိုက်ရင်းရေခဲပျော်အောင်စောင့်နေလိုက်တယ်။ ရေခဲအပျော်စောင့်ရင်းသတိရတာနဲ့ မလှမ်းမကမ်းကကွမ်းယာဆိုင်မှာ 92 နဲ့ ကွမ်း နှစ်ရာဖိုး
သွားဝယ်ပြီးပြန်အလှည့်မှာ ဒိန်ချဉ်သည်မိန်းမကြီးက ရှင်လူ့ရေခဲရေခွက်ကိုကောက်ကိုင်ပြီး ``ကြည့် စမ်းမှာပြီးသောက်မသွားဘူး
သက်သက်မဲ့ဖြုန်းတီးတာ´´ဆိုပြီးဘေးမှာထိုင်နေတဲ့ သူ့အဖော်အမျိုးသမီးကိုလှမ်းပြောတော့ အဖော်အမျိုးသမီးကြီးက ရှင်လူ့ကိုဖြတ်ခနဲ လှမ်းကြည့်ရင်း ခေါင်းငုံ့လိုက်ကာ ``ပြန်လာမှာ´´လို့ ပြောလိုက်တယ်။ရှင်လူက ခုံမှာဝင်ထိုင်ရင်းသူ့မျက်နှာကိုမကြည့်ပဲ``ကွမ်းယာသွားဝယ်တာ´´လို့ပြောလိုက်တယ်။ဒီကိစ္စက အသာလေး မကြားသလိုနေလိုက်လည်းပြီးပါတယ်။ ဒါပေမယ့်ရှင်လူ့စိတ်က
ချက်ချင်းဆုံးဖြတ်ချက်ချပြီး သူပြောတဲ့ အမနာပစကားကို ကြားလိုက်ကြောင်းသိအောင်လုပ်လိုက်တာပါ။ ကိုယ့်ဆိုင်လာသောက်တဲ့ customer ကို ကြောင်းကျိုးမဆင်ခြင်ပဲ ငြူစူ မြည်တွန်တတ်တဲ့ သူ့စိတ်နေစိတ်ထားကို မကြိုက်လို့ပါ။ လူတွေမှာ လောဘပဲဖြစ်ဖြစ် ဒေါသပဲဖြစ်ဖြစ် မောဟက
ပါဝင်တာမို့ အသိမဲ့ တာမျိုးကမကောင်းပါ။
သူ့မနောကံနဲ့ဝစီကံမကောင်းတာကို ရှင်လူသိလိုက်တဲ့အကြောင်းသက်သေပြခဲ့တာပါ။ ရှင်လူကတော့ လူလတ်ပိုင်းအရွယ်လောက်ကစပြီးဆင်ခြင်တုံတရားကို လေ့ကျင့်ခဲ့ပါတယ်။ သူငယ်ချင်းကဗျာဆရာ နွေလယ်နေကတောင် ``ခင်
ဗျားက တုန့်ပြန်မှုနှေးကွေးတယ်´´လို့ဝေဖန်ထောက်ပြဘူးပါတယ်။ ဟုတ်ပါတယ် တချို့ကိစ္စတွေမှာ ကိုယ့်ကိုစော်ကားနေတာတောင် ချက်ချင်းမတုန့်ုပြန်တတ်ပဲ ချင့်ချိန်နေတတ်တာကြောင့် ငထုံငအ ပုံစံပေါက်နေပါတယ်။ မိမိရဲ့ မူကလည်း တဖက်သား
တခါမှားရင် မတော်တဆဖြစ်နိုင်တယ်၊နှစ်ခါမှားရင် တိုက်ဆိုင်သွားလို့ပါ လို့တွေးယူတတ်ပြီး သုံးခါမှားတော့မှ အနီကတ်သုံးတတ်ပါတယ်။အဲဒီ သုံးခါမြောက်မှာတော့ အခန့်မသင့်ရင် အရာရာနဲ့ လဲလှယ်ဖို့လည်း
ဝန်မလေးတတ်ပါ။ကံကောင်းထောက်မလို့ ဒီနေ့ထိ အနီကတ်ကြောင့် အရင်းအနှီးကြီးကြီးမပေးရသေးပါ။ ခုဒိန်ချဉ်သည်မျိုး
ကတော့ ဒုတိယအကြိမ်အခွင့်အရေးပေးလေ့မရှိသလို၊အနီကတ်လည်းသုံးစရာမလိုတော့ပါ။ သူ့ဆိုင်မှာနောက်နောင်သွားမသောက်ပဲနေလိုက်ရုံပါပဲ။ ဒီလိုနဲ့ ဆင်ခြင်တုံတရားနည်းသူ၊ စရိုက်သဘာဝမကောင်းသူမှန်သမျှကို ရှင်လူရှောင်တိမ်းခဲ့တာ ဟောဒီကမ္ဘာမြေပေါ်မှာ မနည်းတော့ပါ။
သူတို့ကိုရှောင်နေရတဲ့အတွက် ရှင်လူ့ အတွက်ကမ္ဘာကကျဉ်းသွားခဲ့ပါပြီ ။ ရှင်လူကအဆိုးမြင်သမားသက်သက်တော့မဟုတ်ပါ။အကောင်းကြိုက်သမားဖြစ်ပါတယ်။ ကိုယ်တိုင်ကမကောင်းသူများလည်းတခြားသူဆီကတော့ အကောင်းကိုလိုချင်ကြပါတယ်။ ဒီနေရာမှာ စကားစပ်လို့ ရှင်လူနဲ့ မနှိုင်းယှဉ်အပ်အောင် ဂုဏ်သိက္ခာကြီးမားတဲ့ ပုဂ္ဂိုလ်နှစ်ဦးကိုသတိရမိပါတယ်။တဦးကွယ်လွန်သူ ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာပါ၊
မုန်းသူမရှိ ချစ်သူသာရှိ၊ ရန်သူမရှိ မိတ်ဆွေသာရှိ ဆိုသော ငြိမ်းချမ်းရေးပန်းတိုင်ကိုချမှတ်သွားသူပါ ။ဆရာကြီးကို လေးစား
ပေမယ့် ဆရာကြီးရဲ့ အဲဒီသဘောတရားကိုရှင်လူ ဒီနေ့ထိ ဘဝင်မကျနိုင်သေးပါ။ ကြွက်ချေး
မရှိ ဆွမ်းဆန်သာရှိ ။ တရားရုံးမရှိ ထောင်မရှိ
အပြစ်ကင်းသောချစ်သူများသာရှိ စသဖြင့်
လျောက်တွေးမိလေ ရှင်လူ ဘဝင်မကျလေဖြစ်ရပါတယ်။နောက်တဦးကတော့ ရှင်လူတို့အမကြီး ဒေါ်အောင်ဆန်းစုကြည်ပါ။
လူကောင်းရယ် လူဆိုးရယ်လို့မရှိဘူး
သင်လို့ရတဲ့လူနဲ့ သင်လို့မရတဲ့လူပဲရှိတယ်လို့ပြောခဲ့တာ ဖတ်လိုက်ရပါတယ်။ သင်လို့ရမယ်ထင်ပြီး တင်မြင့်လို ရာဇဝတ်အကျဉ်းသားတွေ
တရုတ်သစ်ခိုးသမားတွေလို တသက်တကျွန်းတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးကျောင်းတက်ခိုင်းမှာစိုးမိပါတယ်။(ဒီ သင်လို့မရနိုင်မယ့်အထဲ ရှင်လူလည်းပါမယ်ထင်ရဲ့၆၃နှစ်ဆိုတော့ တချို့အကျင့်တွေကအရိုးစွဲနေပြီ)
ပြီးတော့ ဟိုဒိန်ချဉ်သည်ကြီးလို ဘူမသိ ကိုးမသိ သံသယဝင်ပြီး တဖက်သားကို ပုဒ်မ ၁၈ နဲ့ တရားစွဲချင်တဲ့လူမျိုးတွေ။
ရှင်လူ
17,Mar 2016
story#observation#shinlhu
Monday, March 14, 2016
တရားလွန်ညနေများ ================ ညိုမြသွေး အဓိက ပြဿနာက ရက်လွန် ပစ္စည်းတွေကို
================
ညိုမြသွေး
အဓိက ပြဿနာက
ရက်လွန် ပစ္စည်းတွေကို လဲလှယ်ပစ်ဖို့ပဲ....
ရေခဲသေတ္တာကို ဆွဲဖွင့်လိုက်တိုင်း
တခုမဟုတ် တခုကတော့ expire ဖြစ်မြဲ
မမြဲသော သဘော ..
သင်္ခါရတွေ ၊ အနတ္တတွေ မပြောချင်တဲ့အခါ
မျိုးမှာ
စိတ်လက်ရွှင်လန်း ပေါ့ပါးနေတဲ့ အခိုက်လေးမှာ
အချစ်ကို ပြန်ပြန်နွှေးပြီး
အေးအေးဆေးဆေး ညနေကလေးတွေ
သင် ဘယ်နှစ်ခုရခဲ့ပြီလဲ
ညိုမြသွေး
poetry #observation #shinlhu
Thursday, March 10, 2016
ဇေယျာမှိုင်း (၅၆)နှစ် ================ ဒီနေ့
================
ဒီနေ့ မနက် လမ်းလျောက် ရာကအပြန် ၄ ရပ်ကွက် ၁၀လမ်းကအဖြတ် တယောက်
ယောက်က ရှင် လူ့ ကိုလှမ်းခေါ်သံကြားလို .
လှည့်ကြည့်လိုက်တော့ စိန်လှမောင် ရဲ့ အမငယ်
ဖြစ်နေတယ်။ စိန်လှမောင်ဆုံးသွားပြီတဲ့၊
ဘယ်တုန်းကဆုံးသွားလဲဆိုတော့ ၃ လလောက်ရှိုပြီတဲ့ ၊ရှင်လူနေတဲ့နေရာမမှတ်မိလို့လာမဖိတ်တာတဲ့။ သြော် ...စိန်လှမောင်တယောက် မရှိတော့ပြန်ဘူး။
ဒါဆို ၆ထဲက၂နှုတ် ၄ကျန်။
၆ ဆိုတာ..တချိန်တုန်းက တောင်ဥက္ကလာမှာ
တပူးပူးတတွဲတွဲ နေခဲ့ကြတဲ့ လူငယ် ၆ ယောက်ရှိခဲ့တယ်။ သူတို့အထဲမှာ ရှင်လူကအကြီးဆုံး ။ အသက် ၃၀ ဝန်းကျင်။ရှင်လူပြီးတော့ နွေလယ်နေ က
ရှင်လူ့ထက် ငယ်ပေမယ့် ကွာလှ ၂နှစ် ၃ နှစ်ထက်မပို။ ပြီးတော့ စိန်လှမောင်ခေါ်
ဇေယျာမှိုင်း ၊ နောက်တော့ ဒတ္ထ(အောင်ဒင်)နောက် နှင်းခါးမိုး ။
ဒတ္ထနဲ့ နှင်းခါးမိုးက မတိမ်းမယိမ်း ရှင်လူ့ထက်
၁၀ နှစ်စီလောက်ငယ်ကြတယ်။ နောက်ဆုံး
အငယ်လေး ..အငယ်ဆုံးလေးက တာရာမင်းဝေ(ရွှေဘုန်းလူ)။ တာရာမင်းဝေက အရွယ်ကောင်းတုန်း ၄၃မှာဆုံးပါးခဲ့ပြီး ခုဇေယျာမှိုင်းက ၅၆ နှစ်မှာဆုံးတယ်။သူတို့နှစ်ယောက်စလုံးကိုလမ်းဆုံးပို့ပေးတဲ့ကိစ္စမှာ အရက်ကလည်း တထောင့်တနေရာကပါခဲ့တာငြင်းလို့မရ။
ပြီးတော့လည်းပြီးတာပါပဲလေ။ ခုတော့တချိန်က လက်ဖက်ရည် ဆိုင်ထိုင်ဖက်
အရက်ဆိုင်ထိုင်ဖက်တွေ ကျန်တာဆိုလို.
ဒတ္ထက အမေရိကားမှာ ၊ ပြီးခဲ့တဲ့နှစ်တွေအတွင်းမြန်မာပြည်ပြန်လာတုန်း အလောသုံးဆယ် ၂ခါလောက် တွေ.ဖြစ်တယ် ၊နောက်ဆုံးတခေါက်ကတော့ မိခင်
ကြီး ဒေါ်လှကြည်နေထိုင်ရာ ဒဂုန်
ုံမြောက်က ပီမိုးနင်းလမ်းနေအိမ်မှာ ထမင်းအတူစားရင်းဆုံဖြစ်ခဲ့ပါရဲ့။ နွေလယ်နေကတော့ လင်းစဒေါင်း ကုန်းလမ်းပို့ဆောင်ရေး ဝင်းကြီးထဲမှာပင်စင်သွားကာနီး ကွင်းပိုင်ကြီးဖြစ်နေရှာရဲ့ ။တလောကတော့ နွေလယ်နေတယောက် သံဝေဂလား ကြောက်ဝေဂလားမသိ ရဟန်းဘောင်ဝင်သွားတာ ၁၁ ရက်နဲ့ လူပြန်တော်ပြန်ဖြစ်မှ ရှင်လူလည်း သက်ပြင်းချနိုင်တယ်။ဟုတ်တယ်လေ အရေးအကြောင်းဆို ဒုက္ခ share စရာ ဒီသူငယ်ချင်းပဲရှိတာ၊သူက အပြင်ပန်းမာပေမယ့် စိတ်ကသိပ်ပျော့တာ ၊
သူ့ရှေ့ညည်းမပြလိုက်နဲ့ မျက်ရည်ဝဲပြီး ပိုက်ဆံအိတ်ဖွင့်ပြီ။အမှန်က သူ့ကို
ိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးခန့်သင့်တာ။ နှင်းခါးမိုးကတော့နော်ဝေနိုင်ငံ ဘာဂန် မြို့လေးကပြန်လာပြီး ကျောက်ကုန်းမှာ
နှင်းဆီဖြူ စာပေထုတ်ဝေရေး လုပ်ငန်းလုပ်နေတယ် ၊နှင်းဆီဖြူ မဂ္ဂဇင်း၊နှင်းဆီဖြူဂျာနယ်တွေ ထုတ်နေတယ်။
နှင်းဆီဖြူမဂ္ဂဇင်းကတော့ ခေတ္တရပ်ထားရတယ်။မရပ်လို့လည်းမဖြစ်ဘူးလေ။ရှင်လူကိုယ်တိုင် ဝတ္ထုတွေ ကဗျာတွေ ဆောင်းပါးတွေဝင်ချီးမြှင့်ပြီး စာမူခကို နိုင်ငံတကာစံချိန်နဲ့တောင်းတာ မပေးချင်ဘူး။စာမူခမြင့်မှ စာပေမြင့်မှာပေါ့။
သူက နော်ဝေ အတွေ့အကြုံနဲ့ ရှင်လူတို့စာမူခတွေကို ၃၀ ရာ နှုန်း
အခွန်ဖြတ်ထား။ အဲဒီစာရေးဆရာ
လေဖြတ်ပြီဆိုမှ သူက အခန်းအနားနဲ့
ဆေးဝါးကုသဖို့ ထောပ်ပံ့ငွေ သိန်း သုံးထောင်တို့ဘာတို့ ပေးအပ်ပြီး ဓာတ်ပုံတွေဘာတွေရိုက် ..သတင်းထုတ်ပြန်
၊နှင်းခါးမိုးတို့က ဒီအကျင့် သေမှပြင်မှာပဲ။
၈လေးလုံးကာလတုန်းက အဖမ်းဆီးခံ ကျောင်းသားတွေကို ငွေကြေး အကူအညီပေးဖို့ သူတို့ လုပ်နေသတဲ့။ အဲဒါ
ရွှေဘုန်းလူ (တာရာမင်းဝေ)နဲ့ အောင်ဒင်
ဒတ္ထတို့ညီအကိုက ထောင်ထဲရောက်နေပြီ။
သူ့မိဘတွေ ထောင်ဝင်စာမသွားနိုင်ဘူးဆိုတော့ ခဏနေပါဦး ပြီးကာနီးပါပြီတဲ့။ ဘာပြီးကာနီးတာလဲဆိုပြီး စောင့်ကြည့်လိုက်တော့ ဒီလောက်အဖမ်းအဆီးတွေများနေတဲ့အချိန်မှာ ``လူကြီးမင်း၏သား/သမီး ၏ နိုင်ငံ့အကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ချက်ကို ဂုဏ်ပြုအပ်ပါသည်´´ တဲ့ ။ကဲ အဲဒီ မင်လှိမ့်စာရွက်ကလေးမပါသေးလို.ကူမယ့်
ငွေကို တပတ် လောက်စောင့်လိုက်ရတယ်။
သူ့အကြောင်းပြောရတာလည်းအားနာဖို့တော့ကောင်းပါတယ် ။သွားလေသူမဒမ်ရှင်လူဆို နှင်းခါးမိုးထောင်ကျနေချိန်မှာရော ၊ပြည်ပရောက်သွားချိန်တွေမှာရော တဖွဖွတနေတာ။မောင်ဝေလင်း(နှင်းခါးမိုး)
က အမကြီးဖိနပ်ပြတ်သွားတာသိတော့ ဖိနပ်အသစ်ကလေးတရံ ခါးကြားထိုးပြီးဝယ်လာပေးတာ ၊ငါ့မောင်တွေက
အားကိုးရတယ်တဲ့။
ရှင်လူ့ကိုလည်းသူ့ ကားလေးနဲ့ တင်ခေါ်ပြီး
စားသောက်ဆိုင် တွေမှာ အကိုဘာစားမလဲ
မှာလေ ဆိုပြီး စိတ်ကြိုက်ကြွေးတာ။ဒါပေမယ့်သူမသိတဲ့အချက်၊ညံ့ဖျင်းတဲ့အချက်က ရှင်လူ့အကြောင်းမသိတာပဲ။ရှင်လူဆိုတဲ့ကောင်ဟာ အာလူးပူဒီကလွဲပြီး ဘာမှမမှာတတ်ခဲ့ဘူး။မစားတတ်ခဲ့ဘူး။
ကဲပါလေ ရှင်ကျန်တဲ့လူတွေကို နောင်ခါတေပီးမှ ရေးရမှာအားနာလို့ စရံလျောက်ရေးနေတာနဲ့ စိန်လှမောင်အကြောင်းတောင် ဘယ်ရောက်သွားပါလိမ့်။ အဲဒီစိန်လှမောင်ဆိုတဲ့
ငနဲရဲ့ ကလောင်အမည်က ဇေယျာမှိုင်းတဲ့။
မသိသူတွေက သူ့ကို သခင်ကိုယ်တော်မှိုင်း
ရဲ့မြေးလို့ထင်ကြတာ။ အမှန်တော့ ဘာမှမဆိုင်ဘူး ဒေသကောလိပ် ၂ မဂ္ဂဇင်းမှာ
ကလောင်သွေးရာက ကဗျာဆရာဖြစ်လာတာ။ သူ့အလုပ်က
ဆိပ်ကမ်းကော်ပိုရေးရှင်းမှာ ။ သဘောသကာယကောင်းပြီး အရက်မူးလာလည်း ပြုံးစိစိနဲ့ ကွမ်းတမြုံမြုံနဲ့
စားသမျှ သောက်သမျှ ဒိုင်ခံရှင်းတတ်သူ။
ခရမ်းမြို့နယ် ညောင်ကုန်းသူ မြသန်းရင်နဲ့ရပြီး ခုသူသေတော့ ကလေး ၃
ယောက်လား ၄ယောက်လားပဲ။ရှင်လူ့အထင်တော့ မြေးတွေဘာတွေရလောက်ပြီ။ရှင်လူတို့ဘဝတွေက မုန်တိုင်းအမျိုးမျိုးတွေအောက်မှာ နီးရက်နဲ့ဝေးခဲ့ကြပြီး အဲသလောက်ကို အဆက်ပြတ်ခဲ့ကြရတာ။ ခုတော့ သူသေပြီ။
နောက်ပိုင်းကာလတွေမှာ သူကဗျာရေးတာမတွေ့ရတော့ဘူး။ဒါပေမယ့်
သူကဗျာဆရာဖြစ်သွားတာတော့သေချာတယ်။သူ့စိတ်ထဲမှာ ကဗျာတွေရေးနေလိမ့်မယ်၊
ကဗျာဆိုတာက ပလီစိခြောက်ချက်လောကကြီးနဲ့ဘယ်တော့မှမတည့်ဘူး။ ဒီတော့ ဒီငနဲ ရင်ထဲ မခံနိုင်ဘူး။
ပဋိပက္ခကိုဖြေရှင်းတဲ့ဆေးက ယနေ့ အလွယ်တကူ ရနေတဲ့ အရက်ပဲ...
ဘာပဲဖြစ်ဖြစ် လေ၊ ဇေယျာမှိုင်းကဗျာဆရာတယောက်ဆိုတာကိုတော့ ရှင်လူထောက်ခံလိုက်ပါရဲ့။နောက်နောင်ထောက်ခံစာလိုတဲ့ ကဗျာဆရာများရှင်လူနဲ့
ဆက်သွယ်နိုင်ပါတယ်...
ဇေယျာမှိုင်းဓာတ်ပုံမရှိလို့ ရှင်လူ့ပုံပဲတင်လိုက်ရတယ်
ရုပ်တွေကခပ်ဆင်ဆင်တွေပါ...
story#observation#shinlhu
့
Tuesday, March 1, 2016
Re: ရှက်ပြုံး ရှင်လူ =========== 27,Feb 2016
>ရှက်ပြုံး ရှင်လူ
>===========
>27,Feb 2016 နေ့ က မိုးညှင်းဝိပဿနာ တိုက်သစ်မှာ ပြုလုပ်တဲ့ နေလအောင်တို့ မင်္ဂလာဦးဆွမ်းကြွေးအလှူကိုသွားဖို့ လက်ျာဝင်းတို့နဲ့ချိတ်ထားခဲ့တယ်။ နေရာအတိအကျမသိလို့တယောက်တည်းမသွားတတ်။အဲဒီနေ့ မနက်မှာပဲ လက်ျာဝင်းကဖုန်ဆက်လာတယ် ၊ အကိုကြီး ရွှေဂုံတိုင်မှတ်တိုင်ကစောင့်နေတဲ့ ၊အင်းဒါဆို ကိုယ်က တောင်ဥက္ကလာ ၄ ရပ်ကွက်နေတာဆိုတော့
>ချော်တွင်းကုန်းက ဆူးလေကားသွားစီးရင်မြန်မလားပေါ့ ဆိုတော့ လက်ျာက အကိုကြီး အဲဒါဆို အဝေးကြီးလမ်းပြန်လျောက်နေရမယ်
>တာမွေအဝိုင်းထိပ်ကပြောင်းစီး တဲ့၊ ကိုယ်က အသွားအလာနည်းတဲ့သူဆိုတော့ ဘတ်စကားစီးမယ်ကြံတိုင်းပြဿနာပေါ်လေ့ရှိတယ်
>ဘတ်စကားလိုင်းတွေကလည်းဟိုတုန်းကလိုမဟုတ် ခုတမျိုးတော်ကြာတမျိုး၊ဒီကြားထဲ မှတ်တိုင်မဆုံးပဲ ဂိတ်ဆုံးချင်ဆုံးနေတတ်တာမို့ ဒီကောင်တွေကိုသောက်ညင်ကပ်ပြီး ဟိုနားဒီနားစက်ဘီးကိုသာအားကိုးပြီး
>ဘတ်စကားစီးခဲလေတော့ မလွဲမသွေကိစ္စမျိုးကျ အခက်ကြုံမြဲ။ ခုမှတွေးမိတာက မာလာကွေ့သွားပြီး ၃၆ စီးရင် ရွှေဂုံတိုင်ရောက်နိုင်တယ်၊ရောက်နိုင်တယ်ဆိုတာက (ရောက်နိုင်တယ်တွေးတာက ဒီ....ကောင်တွေ ခရီးစဉ်လမ်းကြောင်းအရင်အတိုင်းဆိုရင်) ဒါနဲ့ မာလာကွေ့ကိုထွက်ခဲ့တယ်။
>၃၆ ကို ရွှေဂုံတိုင်ရောက်လားမေးပြီးစီးမယ်ပေါ့။ မထင်မှတ်ပဲ ၁၀၇ မီနီဘတ်စတစီးထိုးဆိုက်လာလို့ မေးလိုက်တော့ အဆင်ပြေသွားတယ် ရွှေဂုံတိုင်ကို ချောမောစွာရောက်သွားတယ်။မှတ်တိုင်ဆင်းပြီး ရွှေညောင်ပင်ဒံပေါက်ဆိုင်ရှေ့ကနေ လက်ျာတို့ကိုစောင့်ပေါ့။ ဒီအချိန်မှာပဲ ဒီခွေးကိုတွေ့ပြီး စိတ်ဝင်စားတာကြောင့် ဖုန်းကင်မရာနဲ့ ဓာတ်ပုံရိုက်လိုက်တယ်၊ ကြည့်ပါဦး ကားမှတ်တိုင်နားက
>၃ပေပတ်လည်မရှိတရှိ အုတ်ကြားမြက်ဖုတ်.ပေါ်မှာ ဇိမ်နဲ့အိပ်နေလိုက်တာ။
>ရှင်လူ သူ့ကိုကြည့်ရင်းသဘောကျသွားတယ်။
>ဒီကောင်အတော်ဇိမ်ခံတတ်တာပဲ၊ အင်း နေရာကောင်းရွေးပြီးစည်းစိမ်ခံတဲ့အလုပ်ကို ခွေးတောင်လုပ်တတ်ပေါ့၊ အိပ်စား ကာမ ကိစ္စတွေမှာ ခွေးနဲ့လူ မခြားဘူး ၊ ခြားနားအောင်ဘယ်လိုနေကြမလဲ...။ ရှင်လူတော့ ဒီအသက်အရွယ်ထိ ခွေးလောက်အရည်အချင်းတွေနဲ့ နေလာတာ ဘယ်လောက်များပြီလဲ။ ကိုယ့်ကိုယ်ကိုပြန်တွေးပြီး တချို့ကိစ္စတွေအတွက်ရှက်မိပါရဲ့...