ဖန်ဆင်းရှင်အတု
€€€€€€€€€
ညိုမြသွေး
ကိလေသာ သောင်းကျန်း တဲ့ခါ
အိနြေ္ဒဆည်ဖို့ luckey Strike တဘူး
ဝယ်ဆောင်ထားတယ်
ဖဲသမားမဟုတ်ပေမယ့်
လိုအပ်တဲ့ခါ ပညာပြနိုင်ဖို့..
ဒါမှမဟုတ်
အပျင်းပြေ ဖျော်ဖြေ ပေးနိုင်ဖို့
ဖဲထုပ်တထုပ် ဆောင်ထားတယ်...
ပဉ္စလက် ကဗျာဆရာ ဆိုတာ
သူအလိုရှိရင်
စကားလုံးတွေကို
ဗုံးတွေ ကျည်ဆံတွေလို
အချိန်မရွေး
ပြောင်းလဲ ဖန်ဆင်းနိုင်တယ်
ခုတော့ သူ့နှလုံးသားက
စစ်ပွဲတွေကို မုန်းတီးလာလို့
ပန်းပွင့်တွေကို မိုးအဖြစ်ရွာသွန်းစေပြီး
ကမ္ဘာမြေကို ကခုန်စေခဲ့ပေါ့...
ညိုမြသွေး
22,Mar 2016
poem#observation#shinlhu
No comments:
Post a Comment