Wednesday, April 6, 2016

ကောသလအတု ရှင်​လူ©©©©©©©©©©©© 2

ကောသလအတု ရှင်​လူ
ူ©©©©©©©©©©©©
2 April 2016
မနက်​ ခင်း လင်းလင်းချင်းချင်းဖြစ်​လာတဲ့
၆ နာရီ ထိုးကာနီးမှာ ဗိုလ်​ပီ အိပ်​ယာကနိုးလာပါတယ်​။ ဗိုလ်​ပီ​ရေ အဘ နည်းနည်းပြိုင်း​နေပြီ ပြန်​​တော့မယ်​ဆို​တော့
ဗိုလ်​ပီက ဟုတ်​ကဲ့အဘ ဆိုတာနဲ့ သူ့ကိုမှာစရာရှိတာ​လေး​တွေမှာပြီး ​မြောက်​ဥက္ကလာ​ဆေးရုံ ဝင်းထဲက ထွက်​လာခဲ့တယ်​။ တညလုံးဗိုလ်​ပီ့ကိုလူနာ​စောင့်​လုပ်​​ပေးခဲ့ပြီး
ငုတ်​တုတ်​ငိုက်​တာကလွဲလို့ ရှင်​လူ မအိပ်​ခဲ့ရ။
လူနာ​စောင့်​ဆိုတာ ခုတင်​​ပေါ်တက်​အိပ်​​နေရင်​ လူမမာနဲ့မခြားဘူးလို့ပဲရှင်​လူထင်​တယ်​။
လော​လောဆည် ​​ဘတ်​စကားမစီးချင်​​သေးတာနဲ့ ​ဆေး ၂ ​ရှေ့ကလမ်းအတိုင်း အဝိုင်းရှိရာကို​လျောက်
လာခဲ့တယ်​။အဝိုင်း​ရောက်​​တော့အသင့်​​တွေ့
တဲ့ ၄၉ မီနီဘတ်​စ​ပေါ်တက်​ပြီး လိုက်​လာခဲ့တယ်​။ ဒီအချိန်​ဆို Maze Walker Team က အကိုကြီး​တွေ ပါရမီ
ဂုံးတံတား​ပေါ်​ရောက်​​နေ​လောက်​ပြီ။ကိုယ့်​အ​တွေးနဲ့ကိုယ်​ မဉ္ဇူမှတ်​တိုင်​မှာဆင်းလိုက်​ပြီး
ဂုံးတံတား​ပေါ်တက်​လာခဲ့တယ်​။တံတား​ပေါ်မှာ အကိုကြီးသန်းထွန်းနဲ့ ဦး​မောင်​​မောင်​စိန်​တို့ ကို​တွေ့လိုက်​ရတယ်​။ဦး​မောင်​​မောင်​​တော့မ​တွေ့ရ။ရှင်​လူသူတို့အနား​ရောက်​​တော့ ထုံးစံအတိုင်း ဖူးပွင့်​လက်​ဖက်​ရည်​ဆိုင်​ရှိရာ
၎ ရပ်​ကွက်​ဘက်​ကို ဦးတည်​ထွက်​ခဲ့ကြ။ အ​နောက်​ကလိုက်လာတဲ့​ဦးကြည်​မြင့်​ပါ ပါလာ​တော့ ၄​ယောက်​ဖြစ်​သွားကြ။ လက်​ဖက်​ရည်​ဆိုင်​ထဲ​ရောက်​​တော့ ဦး​မောင်​​မောင်​စိန်​က ကျ​နော်​ လက်​ဖက်​ရည်
ပဲ​သောက်​မယ်​တဲ့။ ဒါ​ပေမယ့်​ အကိုကြီးသန်းထွန်းက ​ကော်​ပြန့်​စိမ်း ၄ပွဲမှာလိုက်​တယ်​။ ပြဿနာ​တော့စပြီ။ကော်​ပြန့်​ ၄ပွဲ မကြာခင်​​ရောက်​လာတယ်။ရှင်​လူ့​ရှေ့က​ကော်​ပြန့်​တပွဲ မကုန်​​သေးဘူး အကိုကြီး ဦး​မောင်​​မောင်​စိန်​က သူ့​ကော်​ပြန့်​ပန်းကန်​ကို
ရှင်​လူ့​ရှေ့တွန်းပို့လိုက်​တယ်​။သူဟုတ်​တိ
ပတ်​တိ မစားရ​သေး။ခုမှ​တော့ မတတ်​နိုင်
ကော်​ပြန့် နှစ်​ပွဲစာနီးပါးစားပြီး လက်​ဖက်​ရည်​ခွက်​ကို တကြိုက်​တည်း​မော့ချလိုက်​တယ်​။ဒီလိုနဲ့
အိမ်​ပြန်​​ရောက်​​တော့ မချက်​ချင်​ချက်​ချင်​နဲ့ လိုရမယ်​ရ ဆန်​တဘူး​ပေါင်းအိုးနဲ့တည်​ထားလိုက်​တယ်​။ခဏ​နေ​တော့ အိမ်​​ရှေ့က​ခေါင်းရွက်​သည်​အသံ​ကြောင့်
ထွက်​ပြီး ဝက်​သားတဆယ်​သားဝယ်​ ။လိုအပ်​တာ​တွေပြင်​ဆင်​ပြီး ဝက်​သားကို အိုးထဲထည့်​ ပလပ်​တပ်​ပြီးတည်​ထားလိုက်​တယ်​။ပြီး​တော့ထုံးစံအတိုင်းဖုန်းနဲ့ fb ဖွင့်​​ပေါ့။ ရဲမိုးရဲ့ ပြန်​ဝန်​အသစ်​ကို ​ထေ့ထားတဲ့ Status ​တွေ့​တော့ ဒီလူ​တွေအကျင့်​သိတ်​သ​ဘောမကျတာနဲ့နည်းနည်းဝင်​မန့်​လိုက်​တယ်​။ကြေးမုံ မြန်​မာ့အလင်းသတင်းစာ​ရှေ့မျက်​နှာစာကဓမ္မပဒ စာသား​တွေဖြုတ်​လိုက်​တာကို သာဿနာအတွက်​ဝမ်းနည်းပက်​လက်​ဖြစ်​ဟန်​​ရေးထားတာဆို​တော့ လိုရင်းအတိုချုံး​ပြောရရင်​ ရှင်​လူ့ဆီမှာအသုဘ​တွေကကမ်းတဲ့ တရားစာလက်​ကမ်းစာ​စောင်​​တွေ ယပ်​​တောင်​​တွေအများကြီးရှိ​ကြောင်း လိုချင်​ရင်​လာယူလို့ရ​​ကြောင်းလွှင်​ပစ်​ရခက်​လို့သိမ်းထားရ​ကြောင်း​ရေးလိုက်​တာ like​တွေ​ရော reply​တွေ​ရော ဝင်​လာတယ်​။
reply တချို့က​တော့ သတင်းစာကဗုဒ္ဓဘာသာတရားဖြုတ်​တာကို
ဒီလိုဝင်​​ရေးရသလားဆိုပြီး အပြစ်​ဆိုကြတာ​ပေါ့၊တချို့ဆို ​နောက်​ပိုင်းမှာ
ရှင်​လူ့ကို မွတ်​ကုလားမျိုး ​သောက်​ရူးလို့​ပြင်းပြင်းထန်​ထန်​တိုက်​ခိုက်ခံရတယ်​။
ရှင်​လူလည်းကိုယ့်​ကိုဆဲ​နေတာ​တွေ သ​ဘောကျပြီး လိုက်​ဖတ်​​နေတုန်း ရှဲရှဲအသံကြားလို့လှည့်​ကြည့်​လိုက်​​တော့
ဝက်​သားဟင်းအိုးကစတူးဖြစ်​​နေပြီ။တတ်​နိုင်​ဘူး ဝက်​သားဖတ်​​တွေကိုဆယ်​ပြီး​ရေနဲ့​ဆေး ၊
ဒယ်​အိုးကိုပါပြန်​​ဆေး ၊ ဆား​လေးဘာ​လေး
ထပ်​ထည့်​ တဖက်​ခန်းကို​ပြေးပြီးစားပွဲအုပ်​​ဆောင်းဖွင့်​လိုက်​​တော့သရက်​သီးစိမ်းနှစ်​စိတ်​နဲ့ ပန်းသစ်​​တော်​သီးအစိတ်​​တွေ​တွေ့ 
ွ​တာနဲယူလာပြီးဝက်​သားအိုးထဲပစ်​ထည့်​လိုက်​တယ်​။မဆီမဆိုင်​ မွတ်​ကုလားမျိုးရှင်​လူဆိုတဲ့
မန့်​က​ခေါင်းထဲဝင်​လာလို့ပြုံးမိ​သေးတယ်​။
ဒီလိုနဲ့ ​နေ့လယ်​စာကိုဖြစ်​သလိုစားပြီး အလုပ်​ထိုင်​လုပ်​​နေလိုက်​တယ်​။ ည​နေ​စောင်းလာ​တော့ဗြုန်းဆို ငရဲ(ရဲလင်း​ကျော်​)​ရောက်​လာပြန်​တယ်​။
အဘ ​ဈေး​ရှေ့က ဆိုင်​မှာထမင်း​ကြော်​သွားစားရ​အောင်​ တဲ့။
ဟာကွာ ငါ့မှာထမင်း​တွေ ဟင်း​တွေချက်​ပြီးသား..၊ မင်းပဲသွားစားကွာ
ဆို​တော ။ကျ​နော်​တ​​ယောက်​တည်းစားရမှာ
ပျင်းလို့ပါအဘရာ ..လာပါဆို့​တော့ ရှင်​လူလည်း ကိုယ့်​ဝက်​စတူးဟင်းကို​တွေးမိသွားတာနဲ့
ဒါဆို ခဏ​စောင့်​ ငါ​ရေချိုးလိုက်​ဦးမယ်​ဆိုပြီး
ရေတိုင်​ကီဆီထွက်​လာ​ခဲ့တယ်​။အဲဒါ
သူပါတိုင်​ကီနားလိုက်​လာပြီး ရပ်​​စောင့်​​နေတယ်​။ ကိစ္စပြီးလို့အိမ်​ကလည်း
ထွက်​ကြ​ရော အဘ ကားစီးသွားပြီး..အညာ​သွေးမှာပဲ သွားစားရ​အောင်​တဲ့။ ဒါနဲ့
၁၇၄ အဓိပတိစီးပြီး အညာ​သွေးဆိုင်​ရှိရာ
၃၁ ဂိတ်​​ဟောင်းကို​ရောက်​လာကြတယ်
ဆိုင်​ထဲထိုင်​မိကြ​တော့ သူက ကြက်​ချိုချဉ်​တပွဲနဲ့ အ​ခေါက်​အသားတပွဲနဲ့.ဲ ထမင်း ပါမှာလိုက်​တယ်​။ အဘကို​ကြွေးတဲ့အတွက်​ ကျ​နော်​​အောင်​မြင်​မှာပါ တဲ့။ သူ့အ​ပြော​ကြောင့်​ရှင်​လူ လိပ်​ပြာမလုံသလို
ခံစားလိုက် ရတယ်။ အဘီ​ဓမ္မာအရ​တော့ မင်း​စေတနာ​ဇော​တွေက မင်းကိုအကျိုး​ပေးမှာပါကွာ။ငါနဲ့မဆိုင်​ပါဘူး။
အ​ရေးကြီးတာက​တော့ မင်းစိတ်​ကိုဖြူစင်​​အောင်​ထားဖို့ပါပဲ။စီးပွား​ရေး
လုပ်​မယ့်​လူက တခြားလူ​တွေမင်းကိုမြင်​တာနဲ့
ယုံကြည်​စိတ်​ ချစ်​ခင်​တဲ့စိတ်​ဖြစ်​လာဖို့အ​ရေးကြီးတယ်​။မင်းမျက်​နှာကြီးက ညိုမည်းပုပ်​သိုး​နေလို့က​တော့ဘာမှဖြစ်​လာမှာမဟုတ်​ဘူး ။ငရဲတ​ယောက်​ ဘာပဲ​ပြော​ပြော
ခုတ​လော အချိုး​ပြောင်းပုံ​တော့​တွေ့​နေရတယ်​။Grand Royal လက်​​ဆောင်​စပို့ရှပ်​​တွေဘာ​တွေနဲ့ ။အမြဲမှုန်​ကုပ်​​နေတဲ့သူ့မျက်​နှာမှာ အပြုံး​ရေး​ရေးကိုစမြင်​​နေရပြီ။ ဤသို့ဖြင့်​​ပေါ့ဗျာ စားပွဲထိုး​လေးချလာတဲ့ ထမင်းနဲ့ အ​ခေါက်​အသားကင်​ ချိုချဉ်​​ကြော်​​တွေကို မကုန်​ ကုန်​​အောင်​နှစ်​​ယောက်​သား ထိုင်​စားပြီးသကာလ ​ငွေရှင်း​တော့ ၃၉၀၀
ကျသွားတယ်​။အဲဒါကိုငရဲက မရပ်​​သေး ..
ကားဂိတ်​ပြန်​​ရောက်​ရင်​ သဒ္ဒါလမ်းကလက်​ဖက်​ရည်​ဆိုင်​မှာ လက်​ဖက်​ရည်​​သောက်​ရ​အောင်​ တဲ့။ မင်းမလွန်​လွန်းဘူးလားကွာ ဆို​တော့ ၊ ကျ​နော်​ ​သောက်​ချင်​လို့ပါ အဘရာ တဲ့။
အင်း ​ကောသလအတု ရှင်​လူလည်း ဒီအတိုင်းဆို ဗိုက်​ကိုတိုင်းဖို့​ပေကြိုးနဲ့ ​ပေါင်​ချိန်​စက်​အမြန်​ဝယ်​မှ။ဒီ​နေ့​တော့ ​ခြေရင်းခန်းအပျိုကြီးဆီက အစာ​ကြေ​ဆေး​တောင်းစားရ​ပေဦးမယ်​​လေ။
story#observation#shinlhu

No comments:

Post a Comment