နင့်အမေလင်နေ့
!!!!!!!!!!!!!!!!!!!!!!!!!!
ဒီနေ့မနက် fbကိုဖွင့်လိုက်တာနဲ့ တပ်မတော်နေ့ ..တော်လှန်ရေးနေ့ အငြင်းပွားတာတွေတွေ့နေရတယ်၊ငြင်းနေကြတာက အဲဒီနေ့ကို မမီခဲ့တဲ့ နောက်မျိုးဆက်တွေ ။အငြင်းပွားအောင်အမွေပေးခဲ့သူတွေကရှေ့မီ
နောက်မီပုဂ္ဂိုလ်တွေ။အတော်ချီးကျုးဖို့ကောင်းတယ်။နိုင်ငံအတွက်အရေးကြီးတဲ့ နေ့လေးတနေ့သတ်မှတ်တာတောင်နောင်လာနောက်သားတွေ သောက်လုပ်မရှုပ် ရှုပ်အောင် လုပ်ထားခဲ့ကြတယ်။
ဒီလိုနဲ့ ရှင်လူလည်း အဲဒီကိစ္စတွေ ခေါင်းထဲကထုတ်ပြီး ခါတိုင်းလို လမ်းလျောက်ထွက်လာခဲ့တယ်။ လမ်းမှာ ဖုန်းဆက်ကြည့်လိုက်တော့ သူ့အိမ်ကထွက်လာတဲ့ အကိုကြီး ဦးမောင်မောင်စိန်နဲ့ တန်းတိုးတယ်။ဒီလိုနဲ့နှစ်ယောက်သား ပါရမီ ဂုံးတံတားပေါ်ရောက်လာကြတယ်။ ဒီနေ့
Maze Walker Team သားတွေ လူမစုံဘူး။အကိုကြီး ဦးမောင်မောင်လည်းပျက်ကွက်နေတယ်။
တံတားအောက်မှာလက်ဖက်ရည်သွားသောက်မယ် ပြီးရင်အိမ်လိုက်ခဲ့ နန်းကြီးသုတ်ကြွေးမယ် ကျနော့သားသမီးတွေက ခေါ်လာခဲ့ဖို့့် မှာထားတယ် တဲ့။ဦးမောင်မောငိစိန်
ကခေါ်တာနဲ့ တံတားအောက်ကဆိုင်မှာလက်ဖက်ရည်တယောက်တခွက်စီသောက်ပြီး ဦးမောင်မောင်စိန်
အိမ် ကိုလိုက်သွားခဲ့တယ် ။အိမ်ရောက်မှသူ့မြေး အငယ်ကောင်
ဖြူလုံး(အောင်ကောင်းမြတ်)မွေးနေ့မှန်းသိရတယ်။ဖြူလုံးတောင် ၁၁ နှစ်ပြည့်သွားပြီ။
ခဏနေတော့ အကြီးကောင် အာနိုးကြီးလာချမှကြည့်လိုက်တော့ ခေါက်ဆွဲသုတ်တွေဖြစ်နေတယ်။ဖြူလုံးတို့အမေလက်ရာက ရှင်လူ့အကြိုက်ပဲ။ ခေါက်ဆွဲသုတ်စားလို့် မှမပြီးသေး ကြာဆံချက်ပန်းကန်ရောက်လာပြန်ရော။ရှင်လူလည်းခေါက်ဆွဲသုတ်အကုန်မှာ ကြာဆံချက်ကိုတဝက်ပြန်လျော့ခိုင်းရတယ်။
ခဏနေတော့ ကော်ဖီတခွက်ရောက်လာပြန်ရော။မနေ့ကfb Time lineပေါ်ရောက်လာတဲ့ ကာတွန်းပိုးဇာရဲ့ ဖိတ်ကြားစာ ကိုသတိရလိုက်မိတယ်။ မနက်ဖြန်
အောင်မြေမှာ
ဆွမ်းကပ်မယ်တဲ့။
ဒီနေ့တော့ဒုက္ခပဲ။ရန်ကင်းမြို့နယ်ထဲက
သိက္ခာထပ် ရဟန်းခံရှင်ပြုဖိတ်စာကလည်း၃ရက်လောက်ကတည်းကကြိုရောက်နေတယ်။
ကဲ မထူးတော့ပါဘူး နေပူတာအကြောင်းပြပြီးပိုးဇာတို့လှူတဲ့
တောင်ဥက္ကလာ အောင်မြေရတနာ ပရိယတ္တိစာသင်တိုက်ကိုပဲ ရွေးလိုက်တော့တယ်။ အင်း..ပြောရရင်အရှည်ကြီးဖြစ်တော့မယ် ။ ရှင်လူတို့ ဝက်သားတွေ ပုစွန်ထုပ်ဆီပြန်တွေနဲ့
အဝတီးပြီး အအေးက ဒိန်ချဉ်ဘူး။
ဤသို့ဖြင့် အိမ်ပြန်လာ... အလုပ်မလုပ်နိင်တော့ပဲ ဗိုက်လေးပြီး ဝင်အိပ်လိုက်တာ ညနေ ၅ နာရီမှာ အဘအိပ်
ိနေတာလားလို့ မေးသံကြားပြီး မျက်စိဖွင့်ကြည့်လိုက်တော့ ငရဲ(ရဲလင်းကျော်)ဖြစ်နေတယ်။ အဘ လက်ဖက်ရည်ဆိုင် သွားရအောင် တဲ့ ။ ကဲ
နှစ်ယောက်သားစက်ဘီးတစီးစီနဲ့ ၅ ရပ်ကွက်
စစ်ကိုင်းလမ်းထိပ်လက်ဖက်ရည်ဆိုင်ရောက်တော့ ပဲပြုတ်နံပြားတပွဲနဲ့ လက်ဖက်ရည်တခွက်မှာလိုက်တယ်။ဒီည
ထမင်းမစားတော့ဘူး။ ဒီလိုနဲ့ ဒီနေ့ ဖွေးဖွေးသိမ့် နဲ့ကစားဖို့တောင်အချိန်သိပ်မရခဲ့ဘူး။ည၉နာရီထိုးကာနီးမှာ အလုပ်ကပြန်လာကြတဲ့ ဖွေးဖွေးသိမ့် အဖေမောင်ဝင်းနဲ့ ဦးလေး
သက်နိုင်တို့်.က အမှိုက်ထွက်သွန်ရင်း
ရှင်လူ့ကို let's go တဲ့။ ဒီလိုနဲ့ သူတို့နောက်လိုက်ခဲ့ပြီး ရွှေနဂါးမှာ လီမွန်တီးတခွက်သောက်မိပြန်ရော။အိမ်ပြန်ရောက်တော့ ဗိုက်ထဲက ခပ်ရစ်ရစ်ရယ်။ဒါကြောင့်ဖွေးဖွေးသိမ့်ဖွားလေးဆီက အစာကြေလေနိုင်ဆေးတောင်းသောက်ရပြန်ရော။
အဲဒါကပြဿနာမဟုတ်ဘူး။အစာကြေဆေးသောက်လို့ရတယ်။ခင်ဗျားတို့ တပ်မတော်နေ့
တော်လှန်ရေးနေ့ ငြင်းနေကြတာ ကျုပ်အစာမကြေဘူး ။ဟို ရဲမိုးဆိုတဲ့ပုဂ္ဂိုလ်ကလည်း စစ်သားအိုကြီးတွေကို တောမေးတောင်မေးနဲ့
သက်သေလိုက်ထူနေတယ်။အလကား
အလုပ်လိုက်မရှုပ်နေကြနဲ့ နင့်အမေလင်နေ့ဆိုလည်းပြီးတာပဲ။စိတ်တော့မရှိနဲ့ ရှင်လူ့အဖေက ဖက်ဆစ်တော်လှန်ရေးသမားတပ်မတော်သားတယောက်ဖြစ်ခဲ့လို့...
story#observation #shinlhu
No comments:
Post a Comment