Sunday, June 26, 2016
အာရုံ **** တရားထိုင်ရင်း မိုးသီချင်းကိုခံစား.. ငါ့စိတ်တောင်ငါအစိုးမရ အနတ္တပါတကား.. ညိုမြသွေး 12:17am Mon,7 Dec 2015 poem#observstion#shinlhu
****
တရားထိုင်ရင်း
မိုးသီချင်းကိုခံစား..
ငါ့စိတ်တောင်ငါအစိုးမရ
အနတ္တပါတကား..
ညိုမြသွေး
12:17am
Mon,7 Dec 2015
poem#observstion#shinlhu
Thursday, June 23, 2016
ပျံ့လွင့်ခြင်း ~~~~~ ညိုမြသွေး သွပ်မိုးပေါ်က တဖျောက်ဖျောက် မိုးပေါက်မိုးစက် ဒရမ် နားရှိပါလျက် မကြားတချက် ကြားတချက် စိတ်စက်ဟိုဒီပျံ ဘဝဂီတ နားဆင်သ တရားလှဧကန်။
~~~~~
ညိုမြသွေး
သွပ်မိုးပေါ်က
တဖျောက်ဖျောက်
မိုးပေါက်မိုးစက် ဒရမ်
နားရှိပါလျက်
မကြားတချက် ကြားတချက်
စိတ်စက်ဟိုဒီပျံ
ဘဝဂီတ
နားဆင်သ
တရားလှဧကန်။ ။
ညိုမြသွေး
11:39PM
Jun 9,2016
poem#observation#shinlhu
သရက်သီးကြော်ငြာပါခင်ဗျာ ®©|£$£€©®©€£$® အရွယ်မရောက်သေးတဲ့ ခပ်နုနု အချစ်သီးက ဖန်တန်တန်... အင်တာနက်ပေါ်တွေ့လိုက်ရ စိတ်ထဲ
®©|£$£€©®©€£$®
အရွယ်မရောက်သေးတဲ့
ခပ်နုနု အချစ်သီးက ဖန်တန်တန်...
အင်တာနက်ပေါ်တွေ့လိုက်ရ
စိတ်ထဲ သိပ်မဟန်..
သူ့အရွယ် သူ့အလုံးက
အမြင်လှ အသွင်ကြွ
ဗန်းတင်ချိန် ရောက်ကာမှ
ဈေးကွက်မှာ မျက်နှာလန်း
ရောင်းပန်းသာပြန်...
သြော် ..သင်္ခါရဓမ္မ
ဘယ်လိုပင်နိမိတ်ပြပေမယ့်
အရွက်ကြို အရွက်ကြား
တဖြည်းထွားခဲ့ရ...
အလုံးလှ ရနံ့မွှေး
ဘယ်သူမှမသိသေးတဲ့..ရှင်လူတို့ရဲ့ ၆၀ ကျော်
ပင်မှည့်သီးတွေက
ချိုလည်းချို..မြလည်းမြ
လာကြ ဆွတ်ကြ စားသုံးကြပေါ့
နှမမယ်ထွေး မှာချင်သေးရဲ့
ရှူး..တိုးတိုး ..လူမသိစေနဲ့။ ။
ရှင်လူ(ပင်မှည့်ခြံ)
2:36PM
Thu,23 Jun 2016
poem#observation#shinlhu
Wednesday, June 22, 2016
၃၁ ဘုံ လူနေရပ်ကွက်က
~~~~~~~~~~~~~
ရှင်လူ
ငါ့ကို နတ်သုဒ္ဓါနဲ့ လာမမျှားနဲ့
လက္ကတီးကြားက ချွေးထွက်ရုံနဲ့
စုတိစိတ်ကျတဲ့ နတ်ဘဝကိုငါမမက်ဘူး
နတ်ဝီစကီလည်း ငါမမက်ဘူး
ဟောဒီ လူ့ပြည်မှာ
လောကတ္ထစရိယ
ဥာတတ္ထစရိယ
ဗုဒ္ဓတ္ထစရိယတဲ့
ကျင့်တတ်မယ်ဆိုရင်
ပါရမီ ဆယ်ပါး မက
အပြားသုံးဆယ်ပါ ကျင့်လို့ရတယ်...
ငါ့ကို နတ်သမီးတွေနဲ့ လာမညှော်နဲ့
နတ်နိုက်ကလပ် မတက်ရလို့
နတ် စတိတ်ရှိုးမကြည့်ရလို့
နတ်နန္ဒဝန်ဥယျာဉ် မပျော်ရလို့
ငါမသေနိုင်ဘူး..
ငါက ရှင်လူ
လူ့ဘဝ အရှင်လတ်လတ်က
ချွေးလှူမလား ..သွေးလှူမလား
လှူချင်တာ လှူလို့ရတယ်..
မင်းတို့လို လက္ကတီးကြားက
ချွေးကျရုံနဲ့ စုတိမယ့်ကောင်မဟုတ်ဘူး။
ရှင်လူ(ဗုဒ္ဓမြေ)
Mon,20 Jun 2016
poem#observation#shinlhu
ပါးစပ်ကြီးရဲ့ ရာဇဝင် $£€©®€£$€©® ညိုမြသွေး မျက်နှာက သနားကမား လူချစ်လူခင်
$£€©®€£$€©®
ညိုမြသွေး
မျက်နှာက သနားကမား
လူချစ်လူခင် များခဲ့ပေရဲ့...
ပါးစပ်က ဓားသမား
အထိအရှတွေ များခဲ့...
ဘယ်လိုနက္ခတ်နဲ့များ
သားကိုမွေးဖွားခဲ့ပါသလဲမေမေရေ..
ပွဲစားမဖြစ်ခဲ့ပဲ
ကဗျာဆရာ တော့ ဖြစ်ခဲ့ပါတယ်
ဒါတောင် ရာနှုန်း က နည်းနည်ပေါ့။ ။
ညိုမြသွေး
9:27 PM
Wed,22 Jun 2016
poem#observation#shinlhu
Friday, June 10, 2016
အပြာရောင်ကွက်လပ်များ €€€€€€€€€ ရှင်လူ ညချမ်းလေးကအပြာ.... ဒီည အပူရှိန်နည်းနည်းလျော့သလားလို့... တခါခါတော့လည်း စိတ်ခံစားချက်ကြောင့် အေးမြနေတာမျိုးလည်းဖြစ်နိုင်တာပဲလေ.. အိမ်ရှေ့
€€€€€€€€€
ရှင်လူ
ညချမ်းလေးကအပြာ....
ဒီည အပူရှိန်နည်းနည်းလျော့သလားလို့...
တခါခါတော့လည်း စိတ်ခံစားချက်ကြောင့်
အေးမြနေတာမျိုးလည်းဖြစ်နိုင်တာပဲလေ..
အိမ်ရှေ့ ဈေးတဲခုံတန်းလေးပေါ်မှာ ရှင်လူတယောက်တည်း ထိုင်ရင်းတနေ့တာအမောလေးဖြေနေတုန်း စည်သူအောင်က သူမလေးကဝယ်လာတဲ့ဂစ်တာကြီးဆွဲပြီး ရှင်လူ့အနား ဝင်ထိုင်ကာ ဘကြီးစားပြီးပလား...
အေး ..ပြီးပါပြီကွာ...။ ဘကြီး အလုပ်ကော အဆင်ပြေရဲ့လား..၊ အလုပ်ကတော့ ဒီလိုပါပဲကွာ ..ဒီလက သင်္ကြန်နဲ့ဆိုတော့ လဝက်လောက်တော့ နားလိုက်ရတာပေါ့...
စည်သူအောင်က ပြောပြောဆိုဆို ရှင်လူ့လက်ထဲကို အေးမြနေတဲ့ Andaman ဘီယာတဗူးကမ်းလင့်ရင်း ဘကြီး အမောပြေပေါ့ ..တဲ့၊ ဘေးမှာ လူသူရှင်းနေတာတကြောင်း ဒီကလေးနဲ့လည်းစကားမပြောဖြစ်တာကြာတာကတကြောင်းကြောင့် အေးဆေးပဲ ဘီယာဗူးကိုဖောက်ပြီးတငုံ ငုံလိုက်ပါတယ်..
မင်းရဲ့ အနမ်းတရှိုက်နဲ့ငါ့ရဲ့အနမ်းတရှိုက်နဲ့ ခံစားချက်တူညီ..
ရှိခဲ့တဲ့နောက် မင်းရဲ့အတွေးများထဲ.ငါ့ရဲ့အတွေးများထဲ..အနာဂတ် အသစ်တူညီ...
စည်သူအောင်က ဂစ်တာကြိုးလေးများကိုတို့ထိပွတ်သပ်ရင်း လေးဖြူရဲ့ခရီးများအဆုံးထိလျှောက် ကို ခပ်တ
င်းတင်းလေးသီဆိုနေပါတယ်။ ဒီကလေးက
ခုတော့ ၂၇ အရွယ် တောင်ဖြစ်နေပြီပေါ့။မလေးမှာ အလုပ်သွားလုပ်ပြီးပြန်လာတာနှစ်ခေါက်တောင်ရှိသွားပြီ။ နောက်တခေါက်ထပ်ထွက်ဖို့ပြင်နေဆဲ..။စည်သူအောင်ငယ်စဉ်က ရှင်လူ့အခန်းမှာ မကြာမကြာလာဆော့နေတတ်တယ်။ရှင်လူတို့ လင်မယားကလည်းသားသမီးမရှိလေတော့ သူတို့ကိုပဲချီပိုးယုယခဲ့တာလေ။တခါတခါဆို
စည်သူအောင်တယောက်ကစားရင်းက အိမ်ရှေ့ဘုရားစင်အောက်မှာ မှောက်ရက်ကလေးအိပ်ပျော်သွားတတ်တယ်။ဒီအခါ ရှင်လူကချီပိုးပြီးသူ့အခန်းကိုပြန်ပို့ပေးရတယ်။စည်သူအောင်ကရှင်လူတို့ အိမ်ရှင် အဒေါ်ကြီးရဲ့မြေးတော်ပါတယ်..။သူ့ဖခင်က သူငယ်စဉ်ကလေးဘဝကပင် ကွယ်လွန်သွားခဲ့ပါပြီ။စည်သူအောင့်အောက်မှာ ညီငယ်နှစ်ယောက်ရှိပြီး သူတို့ဖခင်စစ်သားလေးဟာ
မာနယ်ပလော မဲသဝေါမှာ မိုင်းထိ ခြေဖြတ်ခဲ့ရပြီး နောက်ပိုင်းအရက်ကြောင့်ပဲ သူ့မိသားစုကိုထားခဲ့ရပါတော့တယ်။ ခုတော့
လွန်ခဲ့တဲ့ ၇ နှစ် ကဇနီးသည်ကွယ်လွန်ပြီး
တယောက်တည်း ကျန်ခဲ့တဲ့ ရှင်လူနဲ့စည်သူအောင်တို့လို ပဋ္ဌာန်းဆက်ကလေးများဟာ
ဒီလိုညချမ်းလေးမျိုးကို ခုလိုပဲ ဂစ်တာလေးတီး
သီချင်းညည်းရင်း စီးကရက်မီးညှိလိုက် ..ဘီယာတကြိုက်မော့လိုက်နဲ့...
တကယ်တော့ လူ့ဘဝဆိုတာ ငယ်စဉ်ကကျောင်းမှာသင်ခဲ့ရတဲ့ ကွက်လပ်ဖြည့်သင်ခန်းစာမျိုးပါပဲလေ....
ရှင်လူ
story#observation#shinlhu
ဟာသဇာတ်လမ်း *^*^*^*^*^* ညိုမြသွေး ဓာတ်ကြိုးပေါ်ကခိုတွေ အပူအပင်ကင်းလွန်းတယ် မနက်ခင်းဟာ ဘူးညွန့်တညွန့်လို
*^*^*^*^*^*
ညိုမြသွေး
ဓာတ်ကြိုးပေါ်ကခိုတွေ အပူအပင်ကင်းလွန်းတယ်
မနက်ခင်းဟာ ဘူးညွန့်တညွန့်လို တွယ်စရာရှာဆဲ
ဒီလူကြီးက
အိုကြီးအိုမရောက်ခါမှ ကဗျာဆန်နေလိုက်ပုံများ။
ညိုမြသွေး
23 May 2016
poem#observation#shinlhu
စက္ကန့်ရထားစီးသူများ ÷÷÷÷÷÷÷÷÷÷÷ ညိုမြသွေး သေမင်းတောင်ကြားကိုရောက်တဲ့ခါ မင်းဟာ သီချင်းစာသားတွေကိုမေ့သွားမယ် ကဗျာစပ်တတ်တာတွေ မေ့မယ် အတတ်ပညာတွေအားလုံးမေ့မယ် ချစ်သူမုန်းသူတွေကိုလည်းမေ့မယ် တဖြည်းဖြည့်နဲ့
÷÷÷÷÷÷÷÷÷÷÷
ညိုမြသွေး
သေမင်းတောင်ကြားကိုရောက်တဲ့ခါ
မင်းဟာ သီချင်းစာသားတွေကိုမေ့သွားမယ်
ကဗျာစပ်တတ်တာတွေ မေ့မယ်
အတတ်ပညာတွေအားလုံးမေ့မယ်
ချစ်သူမုန်းသူတွေကိုလည်းမေ့မယ်
တဖြည်းဖြည့်နဲ့ အမြင်အာရုံတွေ မှုန်ဝါးလာမယ်
အသံတွေက အဝေးကိုထွက်ခွာလို့
ပန်းရနံ့ဆိုတာတောင် ဘာမှန်းမသိအောင်ဖြစ်လာမယ်
တို့ထိမရ ကိုင်စမ်းမရ လှုပ်မရ
နောက်ဆုံး သတိမရတဲ့အထိ..
ခုနေ စက္ကန့်ရထားနဲ့ ခရီးသွား ခိုက်မှာ
သီချင်းဆိုပါ ကဗျာစပ်ပါ
လုပ်တတ်တာတွေလုပ်ပါ
ချစ်ပါ မုန်းပါ
ရှုခင်းတွေကိုကြည့်ပါ
အသံတွေကိုနားထောင်ပါ
ပန်းရနံ့ကိုရှူရှိုက်ပါ..
လောကကြီးကို
တို့ပါ ထိပါ ကိုင်စမ်းပါ...
သေမင်းတောင်ကြားမရောက်ခင်။
ညိုမြသွေး
12:16 AM
2 Jun 2016
poem#observation#shinlhu
နှစ်ပေါင်း ၄၀ ရေးခဲ့တဲ့ကဗျာ ______________________ ဘာမှမရှိတာတွေရှိနေပြီး အိပ်မပျော်
______________________
ဘာမှမရှိတာတွေရှိနေပြီး
အိပ်မပျော် ညတွေကိုနှစ်ခြိုက်အိပ်မောကျစေလျက်
ခံတပ်တွေ လဝန်းတွေ စိမ့်စမ်းရေတံခွန်တွေနဲ့
ယုံကြည်စိတ်ချ အပ်နှံခြင်းတွေ ရှိတဲ့ နေရာ..
အဲ့ဒီနေရာ ..ခုတော့
သားပြန်လာခဲ့ချင်ပြီ အမေ...
ညိုမြသွေး
ဒီကဗျာလေးကို နှစ်ပေါင်း ၂၀ က ရှင်လူ
ရေးခဲ့မိတယ်၊ ညသန်းခေါင်ကျော် ၂ နာရီလောက် မှာတရေးနိုးပြီး ခေါင်းထဲ အလိုလို
ပေါ်လာခဲ့တာ ၊ မေ့သွားမှာစိုးလို့ Twenty years before အင်္ဂလိပ် သီချင်းစာအုပ်နောက်ကျောမှာ ကောက်ခြစ်ပြီး ပြန်မေ့သွားခဲ့တယ်၊ အဲဒါ တနေ့မှာ နှင်းခါးမိုး
ရောက်လာပြီး စာအုပ်ကောက်လှန်တော့ ကဗျာကိုတွေ့ပြီး ``အကို ဒီကဗျာလေးကောင်းသားပဲ ၊အချောကူးလိုက်လေ .´´
ဆိုတာနဲ့ ကူးပေးလိုက်တယ် ၊ အဲဒါ မကြာခင်
ရွှေဝတ်မှုံမဂ္ဂဇင်းမှာပါလာခဲ့တယ် ၊စာအုပ်ကတော့ ခြစာမိသွားပြီ ၊ ခုနှစ်သက္ကရာဇ်လည်းမမှတ်မိတော့ ၊ခုအသက် ၆၃ နှစ်ထဲက ကဗျာခေါင်းစဉ်ပါ နှစ်ပေါင်း ၄၀ ကိုနှုတ်လိုက်တော့
နှစ်ပေါင်း ၂၀ ကျော်ပေါ့၊ အမေ့ကို ကဗျာနဲ့ပဲ လွမ်းတတ်တဲ့ကောင်ဆိုတော့  သားဆိုးတယောက်ပေါ့နော်...
story#observation #shinlhu
Wednesday, June 8, 2016
သဿတတောင်ထိပ် ^^^^^^^^^^^ အဝေးကိုငေး အဝေးကိုတွေးလို့ အဲဒီအဝေးကငါရောက်ဖို့မသေချာ။ ညိုမြသွေး 20May 2016 poem#observation#shinlhu
^^^^^^^^^^^
အဝေးကိုငေး
အဝေးကိုတွေးလို့
အဲဒီအဝေးကငါရောက်ဖို့မသေချာ။
ညိုမြသွေး
20May 2016
poem#observation#shinlhu