Friday, June 10, 2016

စက္ကန့်​ရထားစီးသူများ ÷÷÷÷÷÷÷÷÷÷÷ ညိုမြ​သွေး ​သေမင်း​တောင်​ကြားကို​ရောက်​တဲ့ခါ မင်းဟာ သီချင်းစာသား​တွေကို​မေ့သွားမယ်​ ကဗျာစပ်​တတ်​တာ​တွေ ​မေ့မယ်​ အတတ်​ပညာ​တွေအားလုံး​မေ့မယ်​ ချစ်​သူမုန်းသူ​တွေကိုလည်း​မေ့မယ်​ တဖြည်းဖြည့်​နဲ့

စက္ကန့်​ရထားစီးသူများ
÷÷÷÷÷÷÷÷÷÷÷
ညိုမြ​သွေး
သေမင်း​တောင်​ကြားကို​ရောက်​တဲ့ခါ
မင်းဟာ သီချင်းစာသား​တွေကို​မေ့သွားမယ်
ကဗျာစပ်​တတ်​တာ​တွေ ​မေ့မယ်
အတတ်​ပညာ​တွေအားလုံး​မေ့မယ်
ချစ်​သူမုန်းသူ​တွေကိုလည်း​မေ့မယ်
တဖြည်းဖြည့်​နဲ့ အမြင်​အာရုံ​တွေ မှုန်​ဝါးလာမယ်
အသံ​တွေက အ​ဝေးကိုထွက်​ခွာလို့
ပန်းရနံ့ဆိုတာ​တောင်​ ဘာမှန်းမသိ​အောင်​ဖြစ်​လာမယ်
တို့ထိမရ ကိုင်​စမ်းမရ လှုပ်​မရ
နောက်​ဆုံး သတိမရတဲ့အထိ..
ခု​နေ စက္ကန့်​ရထားနဲ့ ခရီးသွား ခိုက်​မှာ
သီချင်းဆိုပါ ကဗျာစပ်​ပါ
လုပ်​တတ်​တာ​တွေလုပ်​ပါ
ချစ်​ပါ မုန်းပါ
ရှုခင်း​တွေကိုကြည့်​ပါ
အသံ​တွေကိုနား​ထောင်​ပါ
ပန်းရနံ့ကိုရှူရှိုက်​ပါ..
လောကကြီးကို
တို့ပါ ထိပါ ကိုင်​စမ်းပါ...
သေမင်း​တောင်​ကြားမ​ရောက်​ခင်​။
ညိုမြ​သွေး
12:16 AM
2 Jun 2016
poem#observation#shinlhu

No comments:

Post a Comment