~~~~~~~~~~~~~
ရှင်လူ
ငါ့ကို နတ်သုဒ္ဓါနဲ့ လာမမျှားနဲ့
လက္ကတီးကြားက ချွေးထွက်ရုံနဲ့
စုတိစိတ်ကျတဲ့ နတ်ဘဝကိုငါမမက်ဘူး
နတ်ဝီစကီလည်း ငါမမက်ဘူး
ဟောဒီ လူ့ပြည်မှာ
လောကတ္ထစရိယ
ဥာတတ္ထစရိယ
ဗုဒ္ဓတ္ထစရိယတဲ့
ကျင့်တတ်မယ်ဆိုရင်
ပါရမီ ဆယ်ပါး မက
အပြားသုံးဆယ်ပါ ကျင့်လို့ရတယ်...
ငါ့ကို နတ်သမီးတွေနဲ့ လာမညှော်နဲ့
နတ်နိုက်ကလပ် မတက်ရလို့
နတ် စတိတ်ရှိုးမကြည့်ရလို့
နတ်နန္ဒဝန်ဥယျာဉ် မပျော်ရလို့
ငါမသေနိုင်ဘူး..
ငါက ရှင်လူ
လူ့ဘဝ အရှင်လတ်လတ်က
ချွေးလှူမလား ..သွေးလှူမလား
လှူချင်တာ လှူလို့ရတယ်..
မင်းတို့လို လက္ကတီးကြားက
ချွေးကျရုံနဲ့ စုတိမယ့်ကောင်မဟုတ်ဘူး။
ရှင်လူ(ဗုဒ္ဓမြေ)
Mon,20 Jun 2016
poem#observation#shinlhu
No comments:
Post a Comment