Thursday, August 4, 2016

လက်​စုပ်​ခြင်းအနုပညာ ✌ ✌ ✌

လက်​စုပ်​ခြင်းအနုပညာ
✌ ✌ ✌ ✌ ✌ ✌ ✌ ✌
သင်​ဟာ အစားအစာတခုကိုစား​နေပါသလား၊
ခရင်းမ်​​ပေါင်​မုန့်​ ဖြစ်​​စေ အခြား​သော စားဖွယ်​တခုခုကိုဖြစ်​​စေ စားတဲ့အခါ မှာ သင့်​လက်
ချောင်းများမှာ ​ပေကျံမှုနဲ့ မလွဲမ​သွေ ​တွေ့ကြုံရမှာဖြစ်​ပါတယ်​။ ဥပမာ ထမင်းစားတဲ့အခါမှာလည်း ငါး​သေ​လောက်​ဆီပြန်​ ၊
ပဲကြီးနှပ်​ ၊ ဒါမှမဟုတ်​ဝက်​သားနီချက်​နဲ့ တာလ​ပေါဟင်း၊ငါးပိရည်​ ​ဖျော်​ တညင်းသီး
စသဖြင့်​​ပေါ့​လေ၊ သင့်​ လက်​ငါး​ချောင်းစလုံးနှင့်​ နယ်​ဖတ်​စားပြီးသကာလ ၊ သင့်​လက်​​​ချောင်း​များမှာ ဟင်းအမယ်​မယ်​တို့မှ ချိုချဉ်​ငံစပ်​ ခါးတို့ ရဲ့ ပ​ဒေသာရသအဖြာဖြာတို့
စီးကပ်​​ပေကျံ​နေလိမ့်​မယ်​။ အဲဒီ ​နောက်​ဆုံး အပြီးသတ်​အချိန်​​လေးမှာ စိတ်​ရှည်​လက်​ရှည်​ထားပြီး သင့်​လက်​​ချောင်းက​လေးများကို တ​ချောင်းစီ ​ပြောင်​စင်​​အောင်​စုပ်​ပါ။ ​ဘေးလူမြင်​ရင်​ကဲ့ရဲ့​ကောင်းကဲ့ရဲ့ ခံရနိုင်​​ပေမယ့်​ ထိုသူကိုယ်​တိုင်​ လူမမြင်​ကွယ်​ရာများမှာ လက်​စုပ်​တဲ့အကျင့်​ရှိ​နေနိုင်​တာကိုသတိပြုပါ။
ရှင်​လူ့သူငယ်​ချင်း​တွေထဲကဆိုရင်​ လက်​စုပ်​ကျွမ်းကျင်​ အဆင့်​ ၁ ရှိသူမှာ ကဗျာဆရာ​နွေလယ်​​နေဖြစ်​ပါတယ်​။ ​နွေလယ်​​နေတို့ လက်​စုပ်​ပုံက လွန်​ခဲ့တဲ့ နှစ်​​ပေါင်း သုံးဆယ်​ကပင်​ ထင်​ရှားပါတယ်​။အဲ့တုန်းက လမ်း​ဘေးအရက်​ဆိုင်​က​လေး​တွေမှာ ထိုင်​တိုင်း
လက်​ဖက်​တပွဲဆိုပြီး မှာလိုက်​ရင်​ ဘုရားဆွမ်း​တော်​ကပ်​တဲ့ ပန်းကန်​​လောက်​ ပန်းကန်​အ​သေးစား​လေးနဲ့ တန်ဖိုးနည်းလက်​ဖက်​ဆီစိမ်​တပွဲချ​ပေးပါလိမ့်​မယ်​။ သ​ဘော​ကောင်းတဲ့ အမြည်းဆိုင်​ဆိုရင်​ ပန်းကန်​​ဘေးမှာ ​မြေပဲ​ကြော်​လေး ဆယ်​လုံး ဆယ့်​ငါးလုံး​လောက်​စီထည့်​ထား​ပေးပါလိမ့်​မယ်​။ ထားပါ​တော့ ..
ကြော်​ငြာဝင်​တာများသွားတယ်​။ အဲဒါမျိုးကို
နွေလယ်​​နေ​ရှေ့​ရောက်​လာလို့က​တော့ ပန်းကန်​​လေးကို စားပွဲပုက​လေး​ပေါ်ကသူ့​ရှေ့နားတည့်​တည့်​​ရောက်​လာ​အောင်​ ချိန်​သားကိုက်​​ရွှေ့ယူပါလိမ့်​မယ်​။ ပြီးရင်​ ​မြေပဲတလုံးတ​လေ ​ကောက်​မြည်းရင်​မြည်းပါလိမ့်​မယ်​၊ အဲ ပြီးရင်​​တော့ လက်​ဖက်​ဆီစိမ်​က​လေးကိုသူ့ရည်းစားလိုတယုတယ လက်​ညိုး​လေးနဲ့ တို့တို့ပြီး သူးပါးစပ်​​ပေါက်​ချွန်​ချွန်​က​လေးနဲ့ ပြွတ်​ခနဲ စုပ်​ပါလိမ့်​မယ်​။ ဒါ​လောက်​ပဲလားတဲ့ .မဟုတ်​​သေးပါ တခါတခါ မှာ လက်​ညှိုးကိုအနား​ပေးပြီး လက်​သန်းက​လေးနဲ့​ပြောင်းတို့ပြီး ရက်းသားက​လေးငယ်​​လေး ဘိုချိုစို့သလို စို့ရှာပါတယ်​။ ရှင်​လူ ဒီအ​ကြောင်း​ရေးပြ​နေတာ ခင်​ဗျားတို့ကို ဖုန်း​ဘီလ်​အကုန်​ခံ၊အချိန်​ကုန်​ခံပြီး အလကား​ရေးပြ​နေတာမဟုတ်​ပါ။ရှင်​လူတို့နိုင်​ငံမှာ ရသစာ​ပေပိတ်​သတ်​အားနည်း​နေတာ လူတိုင်းအသိပါ။ လူ​တွေခမျာ တ​နေ့တ​နေ့ စားဝတ်​​နေ​ရေးဒုက္ခ​တွေနဲ့နပမ်းလုံး​နေရတာတ​ကြောင်း ရန်​သူမျိုးငါးပါး​ဘေးကလည်းမကြာခဏကြုံကြရတာတ​ကြောင်းစတဲ့အ​ကြောင်းများ​ကြောင့်​ ရသစာ​ပေဘက်​ကိုသိတ်​မလှည့်​နိုင်​ကြ​တော့ပါ။ဒါ​ကြောင့်​ရှင်​လူက​စေတနာ​ရှေ့ထားပြီး ရသခံစားမှုများ​ပျောက်​ဆုံးမသွားရ​အောင်​ ဒီ ✌ လက်​စုပ်​ခြင်းအနုပညာ✌ ကိုတင်​ဆက်​​ပေးလိုက်​ရပါတယ်​။
အားလုံး​ဝေမျှခံစားနိုင်​ကြပါ​စေ...
ဗိုလ်​စုပ်​မူးကြီး ရှင်​လူ
6:68PM
Thu,4 Aug 2016
story#observation#shinlhu

No comments:

Post a Comment