Wednesday, August 24, 2016

Tue,12 July 2016 ဖွေး​ဖွေး

Tue,12 July 2016
ဖွေး​ဖွေး သိမ့်​နဲ့ ရှင်​လူ ဘယ်​သူက ဆရာကျ..
~~~~~~~~~~~~~~~~~~~~~~~~
ရှင်​လူက ရှင်​လူဆိုတဲ့ နာမည်​ကို ​ရွေးထားတာ
ရှေ့က ဦး​တွေ ကို​တွေ ​မောင်​​တွေ စတဲ့ အသက်​အရွယ်​နဲ့ လိင်​ကိုပြတဲ့ ဝိ​သေသ​တွေမကြိုက်​လို့ အရပ်​ထဲက ​မွေးလာသမျှ
က​လေး​တွေကို ရှင်​လူလို့ပဲ ​ခေါ်တတ်​​အောင်
လေ့ကျင့်​​ပေးခဲ့ပါတယ်​။ ဒါ​ကြောင့်​ ကျား​ပေါက်​တို့ သားသားတို့ ​မောင်​ဝင်းတို့ကအစ ရှင်​လူလို့ပဲ ​ခေါ်ကြပါတယ်​။ စကားမတတ်​ခင်​ မုန်​ရွာ(ခင်​မွန်​)ကို​ပြောင်းသွားတဲ့ ဖိုး​သောကြာက​လေးက​တောင်​ တနှစ်​​ကျော်​ကြာ​အောင်​ခွဲခွာသွားပြီး တ​လောက ပြန်​လာလည်​​တော့
အိမ်​​ရှေ့​ပေါက်​က ​ပြေးဝင်​လာပြီး ရှင်​လူ့ရင်​ခွင်​ထဲအ​ရောက်​ ရှင်​လူ​ရေ..တားတား ကားကြီးစီးလာတာလို့ ​ပြောခဲ့ပါတယ်​..။အခု
ပြသနာ ဖြစ်​​နေတာ​ဖွေး​ဖွေးသိမ့်​ပါ။ သမီး​လေး​ရေ ရှင်​လူလို့​ခေါ်စမ်းဆိုရင်​ ဖိုးဖိုးတဲ့။ ပထမ​တော့ သူအသံမထွက်​တတ်​လို့ ​နေမှာပါထင်​မိတယ်​။ဒီဖိုးဖိုးဆိုတဲ့ မီးနင်းကို သူဘယ်​ကတတ်​လာသလဲ။ဒါနဲ့ ရှင်​လူက ဇွဲမ​လျှော့ပဲ
ထပ်​ခါထပ်​ခါ ​ခေါ်ခိုင်းတယ်​။ သမီ​လေး
ရှင်​လူလို့ ​ခေါ်...ဖိုးဖိုး..။ ဒါဆိုနင့်​ကို လက်​ဖက်​ရည်​ဆိုင်​မ​ခေါ်​တော့ဘူး..ဖိုးဖိုး..။ ​အေး..​ငါ့ကို
ရှင်​လူလို့မ​ခေါ်ရင်​ နင့်​ကို ဘဲကြည့်​မ​ခေါ်​တော့ဘူး...အဖိုးကြီး...။ အာ...ဒုက္ခပါပဲ..​ဖွေး​ဖွေး
နင်​ကငါ့ကို ​ပြောင်​စရာ ​နောက်​စရာများမှတ်​​နေသလား...ဖိုးဖိုး...။ ရှင်​လူ​ဒေါသထွက်​​လေ သူကပြုံးစစနဲ့ ဖိုးဖိုး​ခေါ်​လေ...။ ဒီတိုက်​ပွဲက
ခုထိမပြီးနိုင်​ဘူး ငှက်​​ပျောသီးတို့ မုန့်​တို့နဲ့လာဘ်​​ပေးလို့လည်းမရဘူး...ဖိုးဖိုးကတပြားသားမှ မ​လျှော့ဘူး။
တခါတခါ ရှင်​လူတို့ ငယ်​ငယ်​က တ​ယောက်​နဲ့တ​ယောက်​မခံချင်​​အောင်​စသလို...ဝဲထူမ..ဝဲထူမ..ဝဲထူမ..၊ဝက်​ပုပ်​..ဝက်​ပုပ်​ ..ဝက်​ပုပ်​...စသဖြင့်​ အဆက်​မပြတ်​ ​အော်​ပြီးအနိုင်​ယူသလို ..​ဖွေး​ဖွေးသိမ့်​က ရှင်​လူ့ကို
သ​ရော်​​တော်​​တော်​ အပြုံး​လေးနဲ့ ..ဖိုးဖိုး...ဖိုးဖိုး...ဖိုးဖိုး..တဲ့ အဆက်​မပြတ်​ နှိပ်​ကွပ်​​နေ​တော့တာပဲဗျာ။ ​ဖွေ​ဖွေးသိမ့်​ကို ​ကျော်​နိုင်​ဖို့ အကြံ​ကောင်း​လေးများရှိရင်​ မစကြပါ ​ဘော်​ဒါတို့....
11:30PM
story#observstion#shinlhu

Friday, August 12, 2016

လဒရှင်​မင်းတရားကြီး၏ အလွမ်းသဝဏ်​လွှာ ✉ ✉

လဒရှင်​မင်းတရားကြီး၏ အလွမ်းသဝဏ်​လွှာ
✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉ ✉
အ​ဖေမတူ အ​မေကွဲ
အိပ်​လည်းအတူ စားလည်းအတူ...
ချစ်​သူရည်းစား ဇနီးမယားလည်းမဟုတ်
ငယ်​စဉ်​ဘဝ ဆုံခဲ့ကြကတည်းက...
တစိတ်​တဝမ်း ခင်​မင်​ကျွမ်းခဲ့ကြ..
အိုကြီးအိုမ ခု​နေကျမှ
ညညအိပ်​ပျက်​ ​ဖေ့ဘွတ်​​ပေါ်တက်​ရင်း
တို့အချင်းချင်း ပက်​ပင်းတိုးကြ
မင်းကငါ့ကို လဒလို့​ခေါ်...
ဟားဟား..​ခေါ်လိုက်​စမ်းပါ ဘဲကြီးရာ..
အဲဒါ မင်းရဲ့ငယ်​နာမည်​....
(^_^) ဘဲကြီး (​ခေါ်) မင်းစိုးသွင်​သို့...
လဒရှင်​လူ
11:22PM
Fri,22 July 2016
poem#observation#shinlhu

ရှင်​လူ အင်​တာဗျူး➳ ➳

ရှင်​လူ အင်​တာဗျူး➳ ➳ ➳ ➳
~~~~~~~~~~
(^_^) လာဗျူးမယ့်​သူမရှိပါသဖြင့်​ ကိုယ့်​ဖာသာပြန်​ဗျူးလိုက်​ပါ​တယ်​ခင်​ဗျ✌ ✌ ✌
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
Q မင်းနိဗ္ဗာန်​ကိုသွားချင်​လား...
A ဟုတ်​ကဲ့...ကျ​နော်​ငယ်​စဉ်​ကတည်းကဆု​တောင်းခဲ့ပါတယ်​...
Q ဒါဆို ငယ်​စဉ်​ကတည်းက နိဗ္ဗာန်​ဘာဆိုတာ
မင်းသိတယ်​​ပေါ့....
A သေခြာ​တော့မသိပါ...အဖွားက​ပြောပါတယ်​..
နိဗ္ဗာန်​မှာ ဘာမှမရှိဘူး တဲ့..ငြိမ်း​အေးတယ်​တဲ့..
Q ခု​ မင်းအသက်​ဘယ်​​လောက်​ရှိပြီလဲ...
၆၃ နှစ်​ပါ...
A ခု​ရော ..နိဗ္ဗာန်​ဆု​တောင်း​သေးလား....
A ဘုရားရှိခိုး သြကာသ ဆိုတိုင်း ဆု​တောင်းပါတယ်​...
Q ဒါဆို နိဗ္ဗာန်​ဘာဆိုတာ မင်းသိပြီ​ပေါ့...
A ကိ​လေသာတို့အကြွင်းမဲ့​ချုပ်​ငြိမ်းရာ...ဒုက္ခအ​ပေါင်းမှ
လွတ်​​မြောက်​ရာ..အသင်္ခတဓာတ်​...
သမုဒယနိ​ရောဓာ ဒုက္ခနိ​ရော​ဓော နိဗ္ဗာန်​ပါပဲတဲ့....
Q ဒါဆို သီချင်း​တွေဘာ​တွေ နား​ထောင်​​သေးလား..
A ဟုတ်​ကဲ့ ...ငယ်​စဉ်​ကတည်းက ဝါသနာပါခဲ့​တော့ တခါတခါ နား​ထောင်​ပါတယ်​..
Q ဆို​ရော ဆိုဖြစ်​​သေးလား....
A ပျင်းတဲ့အခါနဲ့​ပျော်​တဲ့အခါ​တွေမှာ ဆိုဖြစ်​ပါတယ်​...
Q ဒါဆို ရုပ်​ရှင်​တို့ စာ​ပေတို့ တခြား​ဖြော်​​ဖြေ​ရေးတို့မှာလည်း အတူတူပဲ​ပေါ့...
A ဟုတ်​ကဲ့ တူတူပါပဲ...
Q အရက်​​တွေဘာ​တွေ​ရော ​သောက်​​သေးလား
A နွေလယ်​​နေတို့ နှင်းခါးမိုးတို့ လိုငယ်​​ပေါင်းကဗျာဆရာ​တွေနဲ့ဆုံရင်​ ​သောက်​ဖြစ်​ပါတယ်
Q မိန်းမကိစ္စ​တွေဘာ​တွေ​ရော...
A ဒါက လိုက်​​တော့မလိုက်​စားပါဘူး..ငယ်​ငယ်​ကတည်းက ထိမ်းသိမ်းလာတာပါ...
အမှန်​ဝန်​ခံရရင်​​တော့ မိန်းမကိစ္စအ​ပေါ် စိတ်​မကုန်​​သေးပါ....
Q ဟုတ်​ပြီ...ဒါဆို ဘာလို့ တသက်​လုံးနိဗ္ဗာန်​ချည်း
ဆု​တောင်း​နေတာလည်း...
A ဟုတ်​ကဲ့ ကိုယ်​တိုင်​မလုပ်​တတ်​လို့ ဆု​တောင်းတာပါ...
Q ဒီလိုပဲ မ​သေမချင်းနိဗ္ဗာန်​ဆု​တောင်း​နေဦးမှာလား...
A ဆု​တောင်းလို့ အလုပ်​မဖြစ်​မှန်း​တော့သိလာပါပြီ....
Q အင်းဒီ​လောက်​သိရင်​မဆိုး​သေးဘူး ..ကြိုးစားအားထုတ်​မှ ရမယ်​ဆိုတာမှတ်​ထား...
A ဟုတ်​ကဲ့ ကျ​နော်​ ဆုထူးပန်​အဘိဓမ္မာသင်​တန်း မှာ တက်​ပြီး ကျင့်​ပုံကျင့်​နည်း​တွေသိ​အောင်​ကြိုးစား​နေပါတယ်​။
Q အေး..အချိန်​ကနည်း​နေပြီ ..အ​သေမဦးခင်
ဥာဏ်​ဦးမှ​တော်​မယ်​...နင့်​သူငယ်​ချင်း​တွေလည်းသတိ​ပေးလိုက်​ဦး...
A ဒါ​တော့ သည်းခံပါ သူတို့က အိပ်​ဇိုးဒတ်​ဆိုလား ဇစ်​အိတ်​ အိပ်​ဇစ်​ဆိုလား...
Q တယ်​​လေ...ဒီရှင်​လူဆိုတဲ့ငနဲဟာ..ကိုယ့်​သူငယ်​ချင်း​တွေကို​တောင်​ ဘာ​ကောင်​မှန်း​သေချာမသိဘူး ငါထကန်​လိုက်​ရ ​တေ​ရော့မယ်​..
Thu,21 July 2016
story#observation#shinlhu

Wednesday, August 10, 2016

❆ Wed ,10

❆ Wed ,10 Aug 2016❆
နာဠာဂီရိ အမည်​ရှိတဲ့ ရှင်​လူကို
(^_^) (^_^) (^_^) (^_^)
ဒီည​နေ ရှင်​လူမူး​နေပြန်​ပြီ။ ဒီတခါ​လျှောက်​မဆဲ​တော့ဘူး။ တရား​ဆွေး​နွေးမယ်​။
ရှင်​လူက ဘဝကို အရှိအတိုင်း​နေတယ်​၊ ဟန်​မ​ဆောင်​တတ်​ဘူး။ ဒီ​တော့ ကိုယ့်​ထက်​အသက်​တဝက်​​ကျော်​ငယ်​တဲ့သူ​တွေနဲ့လည်းအရက်​အတူ​သောက်​ချင်​​သောက်​တယ်​။ အ​ပျော်​အပါးဆိုလည်း ဘရစ်​တနီစပီးယားတို့ အဒဲတို့
လေဒီဂါဂါတို့ ​​ကေတီပယ်​ရီတို့
ဆလီနာဂိုးမက်​စ်​တို့ သီချင်း​တွေ
ပြီး​တော့ မြန်​မာဂန္ဓဝင်​သီချင်း​တွေကြိုက်​တယ်​၊ အဲ ..​နောက်​ပြီး အခွင့်​သင့်​ရင်​လည်း ရည်းစားထားတတ်​​သေး။ အဲဒါကို တချို့ အမိုက်​အမဲ​လေး​တွေက ရှင်လူကြီးဟာ
အသက်​ကကြီး​နေပြီ အချိန်​မစီးဘူး။အဘိဓမ္မာသင်​တန်း​တွေ​​သာတက်
နေတာ စိတ်က​​တော့က​လေးကလားဆိုပြီး နှိပ်​ကွပ်​ချင်​တယ်​။ အင်း ​လောကမှာ မရှိတာထက်​မသိတာကပိုဆိုးတယ်​။ဒီက​လေး​တွေ ဗုဒ္ဓအဘိဓမ္မာကိုသင်​ရ​ကောင်းမှန်းလည်းမသိ။
အသက်​​တွေသာ သုံး​လေးဆယ်​​ရောက်​လာတယ်​။အန္ဓပုထုဇဉ်​ဘဝကမတက်​။ ကလျာဏပုထုဇဉ်​​လောက်​ဖြစ်​​အောင်​​တောင်​ ​လေ့လာမှုကမရှိ။ တကယ်​​တော့ မသိမှုကအပြစ်​ပိုကြီးတယ်​။သန္တတိအမတ်​ကအရက်​မူး​နေရင်းနဲ့ အနာဂါမ်​ဖြစ်သွားတယ်​။
ပဋာစာရီက ရူး​နေရာက တရားရသွားတယ်​။
အင်္ဂုလိမာလက လူ​တွေလိုက်​သတ်​​နေရင်းတရားရတယ်​။လူတ​ယောက်​ရဲ့ အတိတ်​ကံပါရမီကို ဘုရားကလွဲပြီး ဘယ်​သူမှမသိနိုင်​ဘူး။အန္တိမဘဝိကပုဂ္ဂိုလ်​ဟာ ဘာဖြစ်​​နေ​နေ ဒီဘဝ တရားရမှာပဲ။ သက်​ကြီးဝါကြီးဆိုတာ
ယောဂီတဘက်​​လေး ပုခုံးတင်​ ၊မျက်​လွှာ​လေးချ ဘုရားသွား​ကျောင်းတက်​ဥပုသ်​သီလ​ဆောက်​တည်​မှ တရားအားထုတ်​တယ်​ထင်​ကြတာ။ တကယ်​​တော့ ​သောတာပတ္တိမဂ်​ရတဲ့​သောတာပန်​​တောင်​ ​သေက္ခပုဂ္ဂိုလ်​ပဲဖြစ်​တယ်​။ကျင့်​ဆဲပုဂ္ဂိုလ်​​ပေါ့ ၊​သောတာပန်​ဟာ ကိ​လေသာ​တွေထဲက ဒိဋ္ဌိနဲ့ ဝီစိကိစ္ဆာပဲပယ်​နိုင်​​သေးတယ်​၊ ကျန်တဲ့ကိ​လေသာ​တွေမပယ်​နိုင်​​သေးဘူး။အဘိဓမ္မာနည်းအရ ဘာေ​တွကျန်​ပြီး ဘာ​တွေပယ်​တယ်​ဆိုတာ
တခုချင်းတွက်​ပြလို့ရတယ်​၊တွက်​ပြလည်းနင်​တို့နားလည်​မှာမဟုတ်​ဘူး ၊နင်​တို့နားလည်​တာ ကိုရီးယားဒရမ်​မာနဲ့ ကိုပါတို့ အက်​​ဖ​အေတို့​လောက်​ပဲရှိတာ၊ ကမ္ဘာ​ကျော်​ဒရမ်​မာ​ကောင်း​ကောင်း​တွေဆို နင်​တို့ကြည့်​ရ​ကောင်းမှန်းသိတာမဟုတ်​ဘူ၊အနာဂါမ်​​တောင်​မာနကိ​လေသာကျန်​​သေးတယ်​။အရဟတ္တမဂ်​ရမှ ကိ​လေသာ​တွေကိုအကြွင်းမဲ့ပယ်​သတ်​နိုင်​တာ။
ဘာဖြစ်​လည်း။ရှင်​လူ အဘိဓမ္မာသင်​တန်းတက်​​နေ​ပေမဲ့ ကိ​လေသာမကုန်​​သေးတားအပြစ်​လား။ပရိယတ္တိဆိုတာ သင်​တာပဲ။သင်​​တော့သိတယ်​။နင်​တို့လို ဘူမသိကိုးမသိ လိုက်​​ဝေဖန်​​နေတဲ့လူ​တွေထက်​စာရင်​ ရှင်​လူက အများကြီးပိုသိတယ်​။တစတစစွန့်​ဝန့်​မှလျှင်​ ဘဝ​နောက်​​နှောင်း ​ကောင်းထက်​​ကောင်းမယ်​။အချိန်​ကုန်​ခံ အပင်​ပန်းခံပြီး သင်​တန်း​တွေသွားတက်​တာလည်း စွန်းစားခြင်းတမျိုးပဲ။နင်​တို့ ရှင်​လူ့လို စွန့်​ရဲလား ၊ ဟားဟား
ဘူမသိကိုးမသိနဲ့ နာဠာဂီရိဆင်​ကို ​လေ​သေနတ်​နဲ့ ပစ်​ချင်​​နေကြတယ်​။ နင်​တို့ကိုအစွယ်​နဲ့မထိုးဘူး ။ကြားဘူးလား ဆင်​အီး​ပေါက်​တာ။မယုံမရှိနဲ့ လွင့်​သွားမယ်​...
story#observation#shinlhu

Thursday, August 4, 2016

လက်​စုပ်​ခြင်းအနုပညာ ✌ ✌ ✌

လက်​စုပ်​ခြင်းအနုပညာ
✌ ✌ ✌ ✌ ✌ ✌ ✌ ✌
သင်​ဟာ အစားအစာတခုကိုစား​နေပါသလား၊
ခရင်းမ်​​ပေါင်​မုန့်​ ဖြစ်​​စေ အခြား​သော စားဖွယ်​တခုခုကိုဖြစ်​​စေ စားတဲ့အခါ မှာ သင့်​လက်
ချောင်းများမှာ ​ပေကျံမှုနဲ့ မလွဲမ​သွေ ​တွေ့ကြုံရမှာဖြစ်​ပါတယ်​။ ဥပမာ ထမင်းစားတဲ့အခါမှာလည်း ငါး​သေ​လောက်​ဆီပြန်​ ၊
ပဲကြီးနှပ်​ ၊ ဒါမှမဟုတ်​ဝက်​သားနီချက်​နဲ့ တာလ​ပေါဟင်း၊ငါးပိရည်​ ​ဖျော်​ တညင်းသီး
စသဖြင့်​​ပေါ့​လေ၊ သင့်​ လက်​ငါး​ချောင်းစလုံးနှင့်​ နယ်​ဖတ်​စားပြီးသကာလ ၊ သင့်​လက်​​​ချောင်း​များမှာ ဟင်းအမယ်​မယ်​တို့မှ ချိုချဉ်​ငံစပ်​ ခါးတို့ ရဲ့ ပ​ဒေသာရသအဖြာဖြာတို့
စီးကပ်​​ပေကျံ​နေလိမ့်​မယ်​။ အဲဒီ ​နောက်​ဆုံး အပြီးသတ်​အချိန်​​လေးမှာ စိတ်​ရှည်​လက်​ရှည်​ထားပြီး သင့်​လက်​​ချောင်းက​လေးများကို တ​ချောင်းစီ ​ပြောင်​စင်​​အောင်​စုပ်​ပါ။ ​ဘေးလူမြင်​ရင်​ကဲ့ရဲ့​ကောင်းကဲ့ရဲ့ ခံရနိုင်​​ပေမယ့်​ ထိုသူကိုယ်​တိုင်​ လူမမြင်​ကွယ်​ရာများမှာ လက်​စုပ်​တဲ့အကျင့်​ရှိ​နေနိုင်​တာကိုသတိပြုပါ။
ရှင်​လူ့သူငယ်​ချင်း​တွေထဲကဆိုရင်​ လက်​စုပ်​ကျွမ်းကျင်​ အဆင့်​ ၁ ရှိသူမှာ ကဗျာဆရာ​နွေလယ်​​နေဖြစ်​ပါတယ်​။ ​နွေလယ်​​နေတို့ လက်​စုပ်​ပုံက လွန်​ခဲ့တဲ့ နှစ်​​ပေါင်း သုံးဆယ်​ကပင်​ ထင်​ရှားပါတယ်​။အဲ့တုန်းက လမ်း​ဘေးအရက်​ဆိုင်​က​လေး​တွေမှာ ထိုင်​တိုင်း
လက်​ဖက်​တပွဲဆိုပြီး မှာလိုက်​ရင်​ ဘုရားဆွမ်း​တော်​ကပ်​တဲ့ ပန်းကန်​​လောက်​ ပန်းကန်​အ​သေးစား​လေးနဲ့ တန်ဖိုးနည်းလက်​ဖက်​ဆီစိမ်​တပွဲချ​ပေးပါလိမ့်​မယ်​။ သ​ဘော​ကောင်းတဲ့ အမြည်းဆိုင်​ဆိုရင်​ ပန်းကန်​​ဘေးမှာ ​မြေပဲ​ကြော်​လေး ဆယ်​လုံး ဆယ့်​ငါးလုံး​လောက်​စီထည့်​ထား​ပေးပါလိမ့်​မယ်​။ ထားပါ​တော့ ..
ကြော်​ငြာဝင်​တာများသွားတယ်​။ အဲဒါမျိုးကို
နွေလယ်​​နေ​ရှေ့​ရောက်​လာလို့က​တော့ ပန်းကန်​​လေးကို စားပွဲပုက​လေး​ပေါ်ကသူ့​ရှေ့နားတည့်​တည့်​​ရောက်​လာ​အောင်​ ချိန်​သားကိုက်​​ရွှေ့ယူပါလိမ့်​မယ်​။ ပြီးရင်​ ​မြေပဲတလုံးတ​လေ ​ကောက်​မြည်းရင်​မြည်းပါလိမ့်​မယ်​၊ အဲ ပြီးရင်​​တော့ လက်​ဖက်​ဆီစိမ်​က​လေးကိုသူ့ရည်းစားလိုတယုတယ လက်​ညိုး​လေးနဲ့ တို့တို့ပြီး သူးပါးစပ်​​ပေါက်​ချွန်​ချွန်​က​လေးနဲ့ ပြွတ်​ခနဲ စုပ်​ပါလိမ့်​မယ်​။ ဒါ​လောက်​ပဲလားတဲ့ .မဟုတ်​​သေးပါ တခါတခါ မှာ လက်​ညှိုးကိုအနား​ပေးပြီး လက်​သန်းက​လေးနဲ့​ပြောင်းတို့ပြီး ရက်းသားက​လေးငယ်​​လေး ဘိုချိုစို့သလို စို့ရှာပါတယ်​။ ရှင်​လူ ဒီအ​ကြောင်း​ရေးပြ​နေတာ ခင်​ဗျားတို့ကို ဖုန်း​ဘီလ်​အကုန်​ခံ၊အချိန်​ကုန်​ခံပြီး အလကား​ရေးပြ​နေတာမဟုတ်​ပါ။ရှင်​လူတို့နိုင်​ငံမှာ ရသစာ​ပေပိတ်​သတ်​အားနည်း​နေတာ လူတိုင်းအသိပါ။ လူ​တွေခမျာ တ​နေ့တ​နေ့ စားဝတ်​​နေ​ရေးဒုက္ခ​တွေနဲ့နပမ်းလုံး​နေရတာတ​ကြောင်း ရန်​သူမျိုးငါးပါး​ဘေးကလည်းမကြာခဏကြုံကြရတာတ​ကြောင်းစတဲ့အ​ကြောင်းများ​ကြောင့်​ ရသစာ​ပေဘက်​ကိုသိတ်​မလှည့်​နိုင်​ကြ​တော့ပါ။ဒါ​ကြောင့်​ရှင်​လူက​စေတနာ​ရှေ့ထားပြီး ရသခံစားမှုများ​ပျောက်​ဆုံးမသွားရ​အောင်​ ဒီ ✌ လက်​စုပ်​ခြင်းအနုပညာ✌ ကိုတင်​ဆက်​​ပေးလိုက်​ရပါတယ်​။
အားလုံး​ဝေမျှခံစားနိုင်​ကြပါ​စေ...
ဗိုလ်​စုပ်​မူးကြီး ရှင်​လူ
6:68PM
Thu,4 Aug 2016
story#observation#shinlhu