Wednesday, August 24, 2016

Tue,12 July 2016 ဖွေး​ဖွေး

Tue,12 July 2016
ဖွေး​ဖွေး သိမ့်​နဲ့ ရှင်​လူ ဘယ်​သူက ဆရာကျ..
~~~~~~~~~~~~~~~~~~~~~~~~
ရှင်​လူက ရှင်​လူဆိုတဲ့ နာမည်​ကို ​ရွေးထားတာ
ရှေ့က ဦး​တွေ ကို​တွေ ​မောင်​​တွေ စတဲ့ အသက်​အရွယ်​နဲ့ လိင်​ကိုပြတဲ့ ဝိ​သေသ​တွေမကြိုက်​လို့ အရပ်​ထဲက ​မွေးလာသမျှ
က​လေး​တွေကို ရှင်​လူလို့ပဲ ​ခေါ်တတ်​​အောင်
လေ့ကျင့်​​ပေးခဲ့ပါတယ်​။ ဒါ​ကြောင့်​ ကျား​ပေါက်​တို့ သားသားတို့ ​မောင်​ဝင်းတို့ကအစ ရှင်​လူလို့ပဲ ​ခေါ်ကြပါတယ်​။ စကားမတတ်​ခင်​ မုန်​ရွာ(ခင်​မွန်​)ကို​ပြောင်းသွားတဲ့ ဖိုး​သောကြာက​လေးက​တောင်​ တနှစ်​​ကျော်​ကြာ​အောင်​ခွဲခွာသွားပြီး တ​လောက ပြန်​လာလည်​​တော့
အိမ်​​ရှေ့​ပေါက်​က ​ပြေးဝင်​လာပြီး ရှင်​လူ့ရင်​ခွင်​ထဲအ​ရောက်​ ရှင်​လူ​ရေ..တားတား ကားကြီးစီးလာတာလို့ ​ပြောခဲ့ပါတယ်​..။အခု
ပြသနာ ဖြစ်​​နေတာ​ဖွေး​ဖွေးသိမ့်​ပါ။ သမီး​လေး​ရေ ရှင်​လူလို့​ခေါ်စမ်းဆိုရင်​ ဖိုးဖိုးတဲ့။ ပထမ​တော့ သူအသံမထွက်​တတ်​လို့ ​နေမှာပါထင်​မိတယ်​။ဒီဖိုးဖိုးဆိုတဲ့ မီးနင်းကို သူဘယ်​ကတတ်​လာသလဲ။ဒါနဲ့ ရှင်​လူက ဇွဲမ​လျှော့ပဲ
ထပ်​ခါထပ်​ခါ ​ခေါ်ခိုင်းတယ်​။ သမီ​လေး
ရှင်​လူလို့ ​ခေါ်...ဖိုးဖိုး..။ ဒါဆိုနင့်​ကို လက်​ဖက်​ရည်​ဆိုင်​မ​ခေါ်​တော့ဘူး..ဖိုးဖိုး..။ ​အေး..​ငါ့ကို
ရှင်​လူလို့မ​ခေါ်ရင်​ နင့်​ကို ဘဲကြည့်​မ​ခေါ်​တော့ဘူး...အဖိုးကြီး...။ အာ...ဒုက္ခပါပဲ..​ဖွေး​ဖွေး
နင်​ကငါ့ကို ​ပြောင်​စရာ ​နောက်​စရာများမှတ်​​နေသလား...ဖိုးဖိုး...။ ရှင်​လူ​ဒေါသထွက်​​လေ သူကပြုံးစစနဲ့ ဖိုးဖိုး​ခေါ်​လေ...။ ဒီတိုက်​ပွဲက
ခုထိမပြီးနိုင်​ဘူး ငှက်​​ပျောသီးတို့ မုန့်​တို့နဲ့လာဘ်​​ပေးလို့လည်းမရဘူး...ဖိုးဖိုးကတပြားသားမှ မ​လျှော့ဘူး။
တခါတခါ ရှင်​လူတို့ ငယ်​ငယ်​က တ​ယောက်​နဲ့တ​ယောက်​မခံချင်​​အောင်​စသလို...ဝဲထူမ..ဝဲထူမ..ဝဲထူမ..၊ဝက်​ပုပ်​..ဝက်​ပုပ်​ ..ဝက်​ပုပ်​...စသဖြင့်​ အဆက်​မပြတ်​ ​အော်​ပြီးအနိုင်​ယူသလို ..​ဖွေး​ဖွေးသိမ့်​က ရှင်​လူ့ကို
သ​ရော်​​တော်​​တော်​ အပြုံး​လေးနဲ့ ..ဖိုးဖိုး...ဖိုးဖိုး...ဖိုးဖိုး..တဲ့ အဆက်​မပြတ်​ နှိပ်​ကွပ်​​နေ​တော့တာပဲဗျာ။ ​ဖွေ​ဖွေးသိမ့်​ကို ​ကျော်​နိုင်​ဖို့ အကြံ​ကောင်း​လေးများရှိရင်​ မစကြပါ ​ဘော်​ဒါတို့....
11:30PM
story#observstion#shinlhu

No comments:

Post a Comment