♥ ဘယ်သူပြိုင်လို့ရီပါရနိုင်♥
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မနေ့က ကိုကြီးဦးသန်းထွန်းအလှူကအပြန်
ဦးဘဟန်လမ်းထဲလျှောက်လာရင်း
နှင်းခါးမိုးကိုသတိရတာနဲ့ဖုန်းကောက်
ဆက်လိုက်မိတယ်။သူလည်း သင်္ဃန်း
ကျွန်းစံပြဈေးနားမှာအခန်းငှါးနေတာ
ဆိုတော့။ဒီလိုနဲ့ နှစ်ယောက်သားစံပြ
ဈေးနားက သန်းကြွယ်လက်ဖက်ရည်ဆိုင်
မှာဆုံဖြစ်ကြတယ်၊လက်ဖက်ရည်သောက်
စကားစမြည်ပြောပြီးကြတော့ သူက
``ကျနော့ယောက္ခမဆေးရုံတင်ထားရ
တယ် ၊သွားကြည့်မလို့ အကိုအားရင်လိုက်ခဲ့ပါလား´´ဆိုတော့
``အမေမြလား´´လို့ပြန်မေးလိုက်တာ
သူကခေါင်းညိတ်အတည်ပြုတာနဲ့ လိုက်မယ်ပြန်ပြောလိုက်တယ်။လွန်ခဲ့တဲ့
နှစ်သုံးဆယ်ကျော် နှင်းခါးမိုးနဲ့ မဝင်းနု
အိမ်ထောင်ကျစတုန်းကမဝင်းနုမိဘအိမ်မှာပဲသူတို့အတူပေါင်းနေခဲ့ကြတာ။အဲဒီတုန်းကရှင်လူတို့ အမေမြအိမ်ကို အဝင်အထွက်
မပြတ်ခဲ့ဘူး။စားအိမ် သောက်အိမ်။
၉၀ ခုမေလမတိုင်ခင်လေးမှာရွေးကောက်ပွဲ
ကို ဓာတ်ပုံခိုးရိုက် အသံဖမ်းပြီး လျှို့ ဝှက် သတင်းယူဖို့ကြံတယ်ဆိုပြီးစစ်အစိုးရက
ဝင်းနိုင်ဦး(နောင် RFA သတင်းဋ္ဌာန)
အောင်သူ(မန္တလေးထမင်းဆိုင်..ဂျာမဏီ)
ဝေလင်း(နှင်းခါးမိုး)တို့ကိုဖမ်းပြီးထောင်ချလိုက်တယ်။ သူထောင်ကထွက်လာပြီး
ဟိုလိုလိုဒီလိုလိုနဲ့ပြည်ပထွက်သွားလိုက်တာနောက်ဆုံးနော်ဝေနိုင်ငံဘာဂန်းမြို့
လေးမှာရောက်နေကြောင်းသတင်းရခဲ့တယ်။အဲဒီအချိန်ကစပြီးအမေမြတို့အိမ်မ
ရောက်ခဲ့တာခုဆေးရုံတင်ထားတယ်ကြားမှ
တော့ လိုက်သင့်ပြီလေ။နှစ်ဦးသား ဘတ်စ်ကားနဲ့ အောင်ရတနာဆေးရုံ ရှိရာလာခဲ့ကြတယ်။ဆေးရုံလူနာခန်းထဲ
ရောက်တော့ အမေမြကိုခုတင်ပေါ်မှာ
အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့တွေ့လိုက်ရတယ်။သူ့သမက်ကိုမြင်တော့အမေမြ မျက်ရည်ဝဲတယ်၊နှင်းခါးမိုးလက်ကိုဖမ်းဆွဲ
ွဲပြီး ငိုသံပါနဲ့`` နင်ရန်ကုန်ရောက်နေတာ
တနှစ်ကျော်ပြီကြားနေရတာတခေါက်လေးမလာဘူး´´(အမှန်က ၃ နှစ်ကျော်ပါပြီ)
``ခုလာပြီလေ´´တဲ့။ဒီလိုနဲ့ အမေမြက
ရှင်လူ့ကိုလှမ်းကြည့်ပြီး ``သူကရော
ဘယ်သူလဲ´´တဲ့။ ရှင်လူဆိုတော့ သူလည်းအတူတူပဲတခေါက်မှမလာတော့ဘူး တဲ့။ ``နင့်မိန်းမရော´´ဆိုတော့
``ဆုံးသွားတာ ရှစ်နှစ်ရှိပြီ´´ပြန်ပြောတာ
``သားသမီးတွေရော´´တဲ့``သားသမီး
တယောက်မှအဖတ်မတင်ဘူး´´ပြော
တော့ ``ဒါဆိုတယောက်ထဲပေါ့´´တဲ့။
တဆက်တည်း``နင်နောက်အိမ်ထောင်
ထပ်မပြုဘူးလား´´တဲ့။``အမေမြရယ်
ဒီအသက်အရွယ်ဟာ အိမ်ထောင်ပြုရမယ့်
အရွယ်မဟုတ်တော့ဘူးလေ´´ဆိုတော့
``နင့်အသက် ဘယ်လောက်လဲ´´တဲ့။
``၆၄ဆိုတော့´´``နင့်ကိုသနားလိုက်တာ
ဒုက္ခရောက်မှာပေါ့´´တဲ့။အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့လူမမာကတောင်သနား
လောက်တဲ့အခြေအနေကသိတ်မကောင်းတော့ ရှင်လူကအဖြေကောင်းကောင်း
တခုပြန်ပေးရတယ်။``မပူပါနဲ့ အမေမြရယ်
ကျနော်ကအိမ်ထောင်ပြုရမယ့်အရွယ်လွန်ခဲ့ပေမယ့်ရည်းစားထားရမယ့်အရွယ်မလွန်သေးပါဘူးဆိုတော့ အမေမြက ရီတယ်။
``ဟုတ်တယ်လေ အမေမြရဲ့ ကျနော့်
ရီးစားနဲ့ သူ့ကလေးတွေမသိအောင် ခိုးခိုးပြီး
ချိန်းတွေ့နေရတာ ဆိုတော့ ``နင် တော်
တော်ရီ ရတယ်´´တဲ့။ဒါပေမယ့် ရှင်လူ့
အဖြစ်ထက်ပိုရီရတာက အမေမြပါ။သူ့ကို
၈၀ကျော်အရွယ်မို့နှလုံးရောဂါရပြီး
အသက်ရှူကြပ်လို့ ဆေးရုံတင်ရတယ်
မှတ်တာ။ရောဂါဇာစ်မြစ်ကဘိုက်နာတာကစသတဲ့။
ဘိုက်နာတော့ သူများ အကြံပေးလို့
မိဂသီ(အကိုက်အခဲလိမ်းဆေး)နှစ်ကော်
မြိုပြီးရေနွေးနဲ့သောက်သတဲ့ ။အဲဒါ
အောင်ရတနာ ဆေးရုံမှာ ဆေးဖိုးရော
အခန်းခပါနှစ်ရက်ကိုသုံးသိန်းကုန်သွားသတဲ့ဗျာ။တော်သေးရဲ့ဒီမနက်ဆေးရုံကဆင်းခွင့်ရလို့........
story#observation#shinlhu
Sunday, February 26, 2017
Thursday, February 23, 2017
♥ အဆိပ်♥ NMT အမှတ်မထင် ခလုတ်တိုက်မိရာက အဆိပ်တွေတကိုယ်လုံးပြန့်နှံ့ တဆတ်ဆတ်တုန်ရင်ကယောင်ကတမ်း
♥ အဆိပ်♥
NMT
အမှတ်မထင်
ခလုတ်တိုက်မိရာက
အဆိပ်တွေတကိုယ်လုံးပြန့်နှံ့
တဆတ်ဆတ်တုန်ရင်
်ကယောင်ကတမ်း တွေအော်ဟစ်
ချစ်တယ်
သိတ်ချစ်တယ်
ဗဟိဒ္ဓရာသီဧည့်သည်
နွေတေးရှင် ငှက်ဥသြလေးနဲ့အတူ
အတွင်ပူ နှလုံးသား ထဲက
အလွမ်းသင့်ပင့်သက်ရှိုက်သံတို့စုံဖက်
လွမ်းတယ်...
လွမ်းတယ်...
အရမ်းလွမ်းနေပါတယ် ဆရာမရယ်....
ညိုမြသွေး
5:39AM
Fri,24 Feb 2017
poem#observation#shinlhu
NMT
အမှတ်မထင်
ခလုတ်တိုက်မိရာက
အဆိပ်တွေတကိုယ်လုံးပြန့်နှံ့
တဆတ်ဆတ်တုန်ရင်
်ကယောင်ကတမ်း တွေအော်ဟစ်
ချစ်တယ်
သိတ်ချစ်တယ်
ဗဟိဒ္ဓရာသီဧည့်သည်
နွေတေးရှင် ငှက်ဥသြလေးနဲ့အတူ
အတွင်ပူ နှလုံးသား ထဲက
အလွမ်းသင့်ပင့်သက်ရှိုက်သံတို့စုံဖက်
လွမ်းတယ်...
လွမ်းတယ်...
အရမ်းလွမ်းနေပါတယ် ဆရာမရယ်....
ညိုမြသွေး
5:39AM
Fri,24 Feb 2017
poem#observation#shinlhu
Tuesday, February 14, 2017
ဟင်းလင်းညနေ ✆✆✆✆✆✆✆ ညိုမြသွေး ဘာလုပ်ရမှန်းမသိတော့ရေဒီယိုခလုတ်ကိုဖွင့်မိ ဧဝရက်တောင်ထိပ်ကို တက်ချင်နေတာပါ ပစိဖိတ်သမုဒ္ဒရာထဲရွက်လွှင့်သွားချင်တာပါ ကမ္ဘာပတ်လမ်းထဲအကြိမ်ကြိမ်ပတ်ချင်တာပါ မကာအိုသွားပြီး ဖဲရိုက်ချင်တာပါ ဒလဘက်ကမ်းကူးပြီး
ဟင်းလင်းညနေ
✆✆✆✆✆✆✆
ညိုမြသွေး
ဘာလုပ်ရမှန်းမသိတော့ရေဒီယိုခလုတ်ကိုဖွင့်မိ
ဧဝရက်တောင်ထိပ်ကို တက်ချင်နေတာပါ
ပစိဖိတ်သမုဒ္ဒရာထဲရွက်လွှင့်သွားချင်တာပါ
ကမ္ဘာပတ်လမ်းထဲအကြိမ်ကြိမ်ပတ်ချင်တာပါ
မကာအိုသွားပြီး ဖဲရိုက်ချင်တာပါ
ဒလဘက်ကမ်းကူးပြီး အရက်သောက်ချင်
တာပါ
ရေဒီယိုခလုတ်ကို ပိတ်ပြီး ပြန်ဖွင့်မိတာပါ..
ညိုမြသွေး
5:10 PM
Wed,14 Dec 2016
poem#observation#shinlhu
✆✆✆✆✆✆✆
ညိုမြသွေး
ဘာလုပ်ရမှန်းမသိတော့ရေဒီယိုခလုတ်ကိုဖွင့်မိ
ဧဝရက်တောင်ထိပ်ကို တက်ချင်နေတာပါ
ပစိဖိတ်သမုဒ္ဒရာထဲရွက်လွှင့်သွားချင်တာပါ
ကမ္ဘာပတ်လမ်းထဲအကြိမ်ကြိမ်ပတ်ချင်တာပါ
မကာအိုသွားပြီး ဖဲရိုက်ချင်တာပါ
ဒလဘက်ကမ်းကူးပြီး အရက်သောက်ချင်
တာပါ
ရေဒီယိုခလုတ်ကို ပိတ်ပြီး ပြန်ဖွင့်မိတာပါ..
ညိုမြသွေး
5:10 PM
Wed,14 Dec 2016
poem#observation#shinlhu
Saturday, February 11, 2017
လွမ်းသူ့ပန်းခွေလေးရေ ❀ ❀ ❀
လွမ်းသူ့ပန်းခွေလေးရေ
❀ ❀ ❀ ❀ ❀
ညိုမြသွေး
❀ ❀ ❀ ❀ ❀
ညိုမြသွေး
ဒီမနက်ခင်းရဲ့
နှင်းတွေက
အဝေးပြေးလမ်းမကြီးပေါ် လျောဆင်းနေခိုက်...
ကျနော်က အလိုက်တသိ နောက်ဆုတ်ပေးလိုက်ပါတယ်
ပြီးတော့ မောင်းတင်ထားတဲ့ပစ္စတိုတလက်နဲ့ 
နားထင်ကိုထောက်....
အပြီးသတ်မှာ
triggerကိုဆွဲညှစ်လိုက်ပါတယ်
သေမှု သေခင်းမှတ်တမ်းများအရ
ဦးနှောက်ကိုတိုက်ရိုက်ထိမှန်တာလား
နှလုံးသားကိုထွင်းဖောက်သွားတာလား
ကျနော်သိခွင့်မရှိတော့ပါ ဆရာမရယ်။
ညိုမြသွေး
9:55 AM
Mon,6 Feb 2017
poem#observation#shinlhu
Tuesday, February 7, 2017
♥ စကားလုံးတွေကတခုချင်း အပြိုပြိုအလဲလဲ ဒီလိုအတွေ့အကြုံမျိုးက
♥ စကားလုံးတွေကတခုချင်း အပြိုပြိုအလဲလဲ
ဒီလိုအတွေ့အကြုံမျိုးက နှုတ်တိုက်သင်ယူထားတဲ့ကြက်တူရွေးလေးသိဖို့မလို...
ရှင်လူ
poem#observation #shinlhu
ဒီလိုအတွေ့အကြုံမျိုးက နှုတ်တိုက်သင်ယူထားတဲ့ကြက်တူရွေးလေးသိဖို့မလို...
ရှင်လူ
poem#observation #shinlhu
မျက်နှာအတုပေါ်ကအမှန်တရား ♥ ♥ ♥
မျက်နှာအတုပေါ်ကအမှန်တရား
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ညိုမြသွေး
ကျနော်က ချာလီချက်ပလင်မဟုတ်ပါဘူးဆရာမရယ်
ဒါပေမယ့် လူတွေက ကျနော်ဘာလုပ်လုပ် ရီစရာလို့ပဲ
ထင်နေကြတယ်...
ကျနော်ဟာ
မျက်နှာကို မိတ်ကပ်တွေနဲ့ပုံဖျက်ခံထားရတဲ့
ဂျိုကာလေးပါ၊
ကျနော့နှုတ်ခမ်းတွေက မဲ့နေပေမယ့်
မိတ်ကပ်က ပါးစပ်ကြီးအစွမ်းကုန်ဖြဲပြီး
တဟဲဟဲ အသံထွက်ရီနေခဲ့ပါတယ်..
ကျနော် မတော်တဆ ချော်လဲလို့
အသဲထဲဆတ်ဆတ်ခါ နာကျင်သွားရင်
တောင်...
အဲဒါ
လူတကာအတွက်
ဟက်ဟက်ပက်ပက် အူနှိပ်ရယ်မောစရာ
ဟာသတကွက်ဖြစ်နေပြန်တယ်
ဂျိုကာလေး မျက်ရည်ကျနေပါပြီ
ဆရာမရေ
အားလုံးဝိုင်းပြီး
လက်ခုပ်တီးပေးလိုက်ကြပါ..
ညိုမြသွေး
9;59AM
Sat,4 Feb 2017
poem#observation #shinlhu
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
ညိုမြသွေး
ကျနော်က ချာလီချက်ပလင်မဟုတ်ပါဘူးဆရာမရယ်
ဒါပေမယ့် လူတွေက ကျနော်ဘာလုပ်လုပ် ရီစရာလို့ပဲ
ထင်နေကြတယ်...
ကျနော်ဟာ
မျက်နှာကို မိတ်ကပ်တွေနဲ့ပုံဖျက်ခံထားရတဲ့
ဂျိုကာလေးပါ၊
ကျနော့နှုတ်ခမ်းတွေက မဲ့နေပေမယ့်
မိတ်ကပ်က ပါးစပ်ကြီးအစွမ်းကုန်ဖြဲပြီး
တဟဲဟဲ အသံထွက်ရီနေခဲ့ပါတယ်..
ကျနော် မတော်တဆ ချော်လဲလို့
အသဲထဲဆတ်ဆတ်ခါ နာကျင်သွားရင်
တောင်...
အဲဒါ
လူတကာအတွက်
ဟက်ဟက်ပက်ပက် အူနှိပ်ရယ်မောစရာ
ဟာသတကွက်ဖြစ်နေပြန်တယ်
ဂျိုကာလေး မျက်ရည်ကျနေပါပြီ
ဆရာမရေ
အားလုံးဝိုင်းပြီး
လက်ခုပ်တီးပေးလိုက်ကြပါ..
ညိုမြသွေး
9;59AM
Sat,4 Feb 2017
poem#observation #shinlhu
Subscribe to:
Posts (Atom)