Sunday, February 26, 2017

♥ ဘယ်​သူပြိုင်​လို့ရီပါရနိုင်​♥ ✏

♥ ဘယ်​သူပြိုင်​လို့ရီပါရနိုင်​♥
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မ​နေ့က ကိုကြီးဦးသန်းထွန်းအလှူကအပြန်
ဦးဘဟန်​လမ်းထဲ​လျှောက်​လာရင်း
နှင်းခါးမိုးကိုသတိရတာနဲ့ဖုန်း​ကောက်
ဆက်လိုက်​မိတယ်​။သူလည်း သင်္ဃန်း
ကျွန်းစံပြ​ဈေးနားမှာအခန်းငှါး​​နေတာ
ဆို​တော့။ဒီလိုနဲ့ နှစ်​​ယောက်​သားစံပြ
ဈေးနားက သန်းကြွယ်​လက်​ဖက်​ရည်​ဆိုင်
မှာဆုံဖြစ်​ကြတယ်​၊လက်​ဖက်​ရည်​​သောက်
စကားစမြည်​​ပြောပြီးကြ​တော့ သူက
``ကျ​နော့​ယောက္ခမ​ဆေးရုံတင်​ထားရ
တယ် ၊သွားကြည့်​မလို့ အကိုအားရင်​လိုက်​ခဲ့ပါလား´´ဆို​တော့
``အ​မေမြလား´´လို့ပြန်​​မေးလိုက်​တာ
သူက​ခေါင်းညိတ်​အတည်​ပြုတာနဲ့ လိုက်​မယ်​ပြန်​​ပြောလိုက်​တယ်​။လွန်​ခဲ့တဲ့
နှစ်​သုံးဆယ်​​ကျော်​ နှင်းခါးမိုးနဲ့ မဝင်းနု
အိမ်​​ထောင်​ကျစတုန်းကမဝင်းနုမိဘအိမ်​မှာပဲသူတို့အတူ​ပေါင်း​နေခဲ့ကြတာ။အဲဒီတုန်းကရှင်​လူတို့ အ​မေမြအိမ်​ကို အဝင်​အထွက်
မပြတ်​ခဲ့ဘူး။စားအိမ်​ ​သောက်​အိမ်​။
၉၀ ခု​မေလမတိုင်​ခင်​​လေးမှာ​ရွေး​ကောက်​ပွဲ
ကို ဓာတ်​ပုံခိုးရိုက် အသံဖမ်းပြီး လျှို့ ဝှက်​​ သတင်းယူဖို့ကြံတယ်​ဆိုပြီးစစ်​အစိုးရက
ဝင်းနိုင်​ဦး(​နောင်​ RFA သတင်းဋ္ဌာန)
အောင်​သူ(မန္တ​လေးထမင်းဆိုင်​..ဂျာမဏီ)
ဝေလင်း(နှင်းခါးမိုး)တို့ကိုဖမ်းပြီး​ထောင်​ချလိုက်​တယ်။ သူ​ထောင်​ကထွက်​လာပြီး
ဟိုလိုလိုဒီလိုလိုနဲ့ပြည်​ပထွက်​သွားလိုက်​တာ​နောက်​ဆုံး​နော်​​ဝေနိုင်​ငံဘာဂန်းမြို့
လေးမှာ​ရောက်​​နေ​ကြောင်းသတင်းရခဲ့တယ်​။အဲဒီအချိန်​ကစပြီးအ​မေမြတို့အိမ်​မ
ရောက်​ခဲ့တာခု​ဆေးရုံတင်​ထားတယ်​ကြားမှ
တော့ လိုက်​သင့်​ပြီ​လေ။နှစ်​ဦးသား ဘတ်​စ်​ကားနဲ့ ​အောင်​ရတနာ​ဆေးရုံ ရှိရာလာခဲ့ကြတယ်​။ဆေးရုံလူနာခန်းထဲ
ရောက်​​တော့ အ​မေမြကိုခုတင်​​ပေါ်မှာ
အောက်​ဆီဂျင်​ပိုက်​တန်းလန်းနဲ့​တွေ့လိုက်​ရတယ်။သူ့သမက်​ကိုမြင်​​တော့အ​မေမြ မျက်​ရည်​ဝဲတယ်​၊နှင်းခါးမိုးလက်​ကိုဖမ်းဆွဲ
ွဲပြီး ငိုသံပါနဲ့`` နင်​ရန်​ကုန်​​ရောက်​​နေတာ
တနှစ်​​ကျော်​ပြီကြား​နေရတာတ​ခေါက်​​လေးမလာဘူး´´(အမှန်​က ၃ နှစ်​​ကျော်​ပါပြီ)
``ခုလာပြီ​လေ´´တဲ့။ဒီလိုနဲ့ အ​မေမြက
ရှင်​လူ့ကိုလှမ်းကြည့်​ပြီး ``သူက​ရော
ဘယ်​သူလဲ´´တဲ့။ ရှင်​လူဆို​တော့ သူလည်းအတူတူပဲတ​ခေါက်​မှမလာ​တော့ဘူး တဲ့။ ``နင့်​မိန်းမ​ရော´´ဆို​တော့
``ဆုံးသွားတာ ရှစ်​နှစ်​ရှိပြီ´´ပြန်​​ပြောတာ
``သားသမီး​တွေ​ရော´´တဲ့``သားသမီး
တ​ယောက်​မှအဖတ်​မတင်​ဘူး´´​ပြော
တော့ ``ဒါဆိုတ​ယောက်​ထဲ​ပေါ့´´တဲ့။
တဆက်​တည်း``နင်​​နောက်​အိမ်​​ထောင်
ထပ်​မပြုဘူးလား´´တဲ့။``အ​မေမြရယ်
ဒီအသက်​အရွယ်​ဟာ အိမ်​​ထောင်​ပြုရမယ့်
အရွယ်​မဟုတ်​​တော့ဘူး​လေ´´ဆို​တော့
``နင့်​အသက်​ ဘယ်​​လောက်​လဲ´´တဲ့။
``၆၄ဆို​တော့´´``နင့်​ကိုသနားလိုက်​တာ
ဒုက္ခ​ရောက်​မှာ​ပေါ့´´တဲ့။အောက်​ဆီဂျင်​ပိုက်​တန်းလန်းနဲ့လူမမာက​တောင်​သနား
လောက်​တဲ့အ​ခြေအ​နေကသိတ်​မ​ကောင်း​တော့ ရှင်​လူကအေ​ဖြကောင်း​​ကောင်း
တခု​ပြန်​​ပေးရတယ်​။``မပူပါနဲ့ အ​မေမြရယ်
ကျ​နော်​ကအိမ်​​ထောင်​ပြုရမယ့်​အရွယ်​လွန်​ခဲ့​ပေမယ့်​ရည်းစားထားရမယ့်​အရွယ်​မလွန်​​သေးပါဘူးဆို​တော့ အ​မေမြက ရီတယ်​။
``ဟုတ်​တယ်​​လေ အ​မေမြရဲ့ ကျ​နော့်
ရီးစားနဲ့ သူ့က​လေး​တွေမသိ​အောင်​ ခိုးခိုးပြီး
ချိန်း​တွေ့​နေရတာ ဆို​တော့ ``နင်​ ​တော်
တော်​ရီ ရတယ်​´´တဲ့။ဒါ​ပေမယ့်​ ရှင်​လူ့
အဖြစ်​ထက်​ပိုရီရတာက အ​မေမြပါ။သူ့ကို
၈၀​ကျော်​အရွယ်​မို့နှလုံး​ရောဂါရပြီး
အသက်ရှူကြပ်လို့ ​​ဆေးရုံတင်ရတယ်
မှတ်​တာ။ရောဂါဇာစ်​မြစ်​ကဘိုက်​နာတာကစသတဲ့။
ဘိုက်​နာ​တော့ သူများ​ အကြံ​​ပေးလို့
မိဂသီ(အကိုက်​အခဲလိမ်း​ဆေး)နှစ်​​ကော်
မြိုပြီး​ရေ​နွေးနဲ့​သောက်​သတဲ့ ။အဲဒါ
အောင်​ရတနာ ​ဆေးရုံမှာ ​ဆေးဖိုး​ရော
အခန်းခပါနှစ်​ရက်​ကိုသုံးသိန်းကုန်​သွားသတဲ့ဗျာ။တော်​​သေးရဲ့ဒီမနက်​​ဆေးရုံကဆင်းခွင့်​ရလို့........
story#observation#shinlhu

No comments:

Post a Comment