❀ ❀ ❀ ❀ ❀
ညိုမြသွေး
ဒီမနက်ခင်းရဲ့
နှင်းတွေက
အဝေးပြေးလမ်းမကြီးပေါ် လျောဆင်းနေခိုက်...
ကျနော်က အလိုက်တသိ နောက်ဆုတ်ပေးလိုက်ပါတယ်
ပြီးတော့ မောင်းတင်ထားတဲ့ပစ္စတိုတလက်နဲ့ 
နားထင်ကိုထောက်....
အပြီးသတ်မှာ
triggerကိုဆွဲညှစ်လိုက်ပါတယ်
သေမှု သေခင်းမှတ်တမ်းများအရ
ဦးနှောက်ကိုတိုက်ရိုက်ထိမှန်တာလား
နှလုံးသားကိုထွင်းဖောက်သွားတာလား
ကျနော်သိခွင့်မရှိတော့ပါ ဆရာမရယ်။
ညိုမြသွေး
9:55 AM
Mon,6 Feb 2017
poem#observation#shinlhu
No comments:
Post a Comment