♥ ♪ ♬ ♡ ♥ ♪ ♡
တနေ့ ကမှ
မလေးကပြန်လာတဲ့ မောင်မင်းအောင်က ``ဘဘ´´ဆိုပြီးပုဆိုးတထည်လာကန်တော့ရှာတယ်။
မကြာခင်ကမှခေါင်းရင်းခန်းကိုပြောင်း
လာကြတဲ့သဲသဲတုန်၊မင်းဇော်ခန့်၊
စုပုံချစ်တို့ အဖေပေါ့။ ရှင်လူကခုဆိုညနေအလုပ်သွားတိုင်း
စီးတော်မြင်းကလေးနဲ့ပဲဒုန်းစိုင်းနေရ
တော့ ဒဂုံရွှေပြည်ဈေးက ဘေထုပ်ထည်
အားကစားဘောင်းဘီ သုံးထည် တထည်တထောင်နဲ့ဝယ်ဝတ်နေတာ။
ပုဆိုးဝတ်ဖို့နေရာသိတ်မရှိဘူး။ ဒီလိုပဲ
တန်ဆောင်တိုင်တုန်းက ကိုမောင်နီ မခင်လှမြိုင်တို့ရဲ့ သားကြီး နိုင်မင်းခန့် 
လာကန်တော့ထားတဲ့ပုဆိုးရယ်၊မိလှဝင်းကန်တော့ထားတဲ့ပုဆိုးရယ် ခုပုဆိုးရယ်ပါဆို
မဝတ်ရသေးတာချည်းသုံးထည်။ရဲဆား
လေးဘာလေးနဲ့ လျှောက်လည်ရရင်တော့
လည်း ဝတ်ရတာပလေ။
ခုမနက်မောင်မင်းအောင်ပုဆိုးလာမကန်
တော့ခင်အချိန်လေးမှာပဲ သူ့မိန်းမ သင်းသင်းမိုးဘယ်သူ့ကိုမှန်းမသိပြောပြော
ပြီးရီနေသံကြားလို့ အဲ့အကြောင်းလေး အလုပ်လုပ်ရင်းစိတ်ကူးနဲ့ကဗျာစပ်နေတာ ပြီးနေပြီ။
တုန့်လှည့်မေတ္တာသဘောနဲ့ အမှတ်တရ
ကဗျာလေး တင်ပေးလိုက်ပါတယ်။
သွေးနဲ့ချက်လုပ်ထားတဲ့ဝိုင်အရက်
♥ ♪ ♬ ♡ ♥ ♪ ♬ ♡ ♥ ♪ ♬
မလေးမှာ သုံးနှစ်နေပြီး
ပြန်လာတဲ့ အဲ့ကောင် မင်းအောင်
ညအိပ်ယာဝင်တော့
သုံးနှစ်ရွယ်သမီးငယ်က လက်မခံ
``ဘဘ ယာအိပ်နဲ့..´´တဲ့
ကန့်ကွက်မဲ တမဲ
ထောက်ခံမဲတမဲ
တမဲစီ သရေကျနေတော့
ခိုးချောင်ခိုးဝှက်
ကိုယ့်ခြင်ထောင်ထဲ ကိုယ်ခိုးဝင်ခဲ့ရ
သြော်..ဒီမိုကရေစီ ညတည
story#observation#shinlhu