Friday, January 5, 2018

ခေတ်​ပြိုင်​ထဲမှာ လူတိုင်းပါ ♥ ♡

ခေတ်​ပြိုင်​ထဲမှာ လူတိုင်းပါ
♥ ♡ ♬ ♪ ♥ ♡ ♬ ✆ ♥
ပြီးခဲ့တဲ့ ရက်​သတ္တပတ်​ တပတ်​လုံး ရှင်​လူကြီးမနက်​ခင်းအလုပ်​ကပြန်​တိုင်း
တောင်​ဒဂုံ ၂၆ ရပ်​ကွက်​ထဲက တဲဆိုင်​က​လေးမှာ အုန်းနို့​ခေါက်​ဆွဲဝင်​စား​​နေကျ။ဘူသီး​ကြော်
ရွရွ​လေးနဲ့ဆို​တော့ စား​ကောင်းတာ ​ကြောင့်
နေ့တိုင်းစားဖြစ်​တယ်​။ဘူးသီး​ကြော်​က
ရွှေခြည်​နဲ့​ကြော်ထား​​ပုံရတယ်​။
အဲဒါ ဒီမနက်​ အိပ်​ယာထ​တော့ ရှင်​လူ့မျက်​စိ​တွေ ကြည့်​မ​ကောင်း
မျက်​​ချေး​တွေနဲ့ ​ဝေဝါး​နေတယ်​။
ဒါနဲ့ အိမ်​ပြန်​​ရောက်​​ရောက်​ချင်း အထုပ်​​တွေဘာ​တွေသိမ်းပြီး သက်​လွင်​​ဆေးဆိုင်​ဘက်​ထွက်​လာ​တော့
စော​နေ​သေးလို့ ​ဆေးဆိုင်​ကမဖွင်​​သေး။ရှင်​လူ​ဆေးဆိုင်​နား
ယောင်​​တောင်​​တောင်​ဖြစ်​​နေတုန်း ​ရှောင်ကွန်​နရီဆံပင်​ပုံနဲ့ ဂျိမ်းစ်​ကိုဘန်းဆံပင်​ပုံနဲ့လူနှစ်​​ယောက်​က
ရှင်​လူ့ကိုပြုံးနှုတ်​ဆက်​လာလို့ အ​သေအချာ
ကြည့်​လိုက်​​တော့ ​ရှောင်​ကွန်​နရီပုံနဲ့လူက
ကိုစိုးနိုင်​ဖြစ်​​နေတယ်​ ။
တကယ့်​ Contemporary Art (​ခေတ်​ပြိုင်
ပန်းချီဆရာကြီး)ပန်းချီစိုးနိုင်​။
ကိုစိုးနိုင်​က သူ့​ဘေးကလူကို လက်​ညွှန်ုပြီး
``ဒါ..ကျ​နော့်​သူငယ်​ချင်း ​မော်​သန်း၊
ငယ်​သူငယ်​ချင်း​တွေ´´
သူ့မိတ်​ဆက်​​ပေးလို့ ကို​မော်​သန်းကို ​ခေါင်းညိတ်​အသိအမှတ်​ပြုလိုက်​​တော့
``လက်​ဖက်​ရည်​ဆိုင်​ထိုင်​ရ​အောင်​၊ဒီနားမှာ
ဘယ်​ဆိုင်​​ကောင်းလဲ´´ကိုစိုးနိုင်​အဆိုပြုတာနဲ့ နန္ဒဝန်​​ဈေး​ရှေ့က ​ရွှေ​ကောင်းကြွယ်
လက်​ဖက်​ရည်​ဆိုင်​ဖက်​​လျှောက်​ခဲ့ကြတယ်​။
တွေ့တုန်းကြုံတုန်း လတ်​တ​လော ပြီးဆုံးသွားတဲ့ သူ့ရဲ့``ကြပ်​ခိုး´´ပန်းချီပြပွဲအ​တွေ့အကြုံ​တွေကို ကိုစိုးနိုင်​က ပြန်​ရှင်းပြ​နေတယ်​။
အင်း..သူနဲ့​တွေ့ကာမှ တ​နေ့က အင်​တာနက်​ထဲ ကြည့်​လိုက်​ရတဲ့ ပန်းချီပုံ​တွေသတိရ​နေမိတယ်​။ခု သူ့ပြပွဲက
ကား​ ​တွေက မုန့်​ကြပ်​တိုက်​လို လားဘာလား​တော့ကိုယ်​လည်းမသိ။အင်​တာနက်​ထဲက ပန်းချီဆရာက​တော့ ပန်းချီ
ဆေး​ရောင်​စုံ​တွေကိုခွက်​တခုထဲ​ရောစပ်​လိုက်​ပြီး ကင်းဗတ်​စ​ပေါ်​လောင်းချလိုက်​တာ။
မြင်​ရတာ​တော့ အလွယ်​​လေးပဲ။ဒါ​ပေမယ့်
အဲ့လို လူတိုင်းလုပ်​လို့ရရင်​ ကမ္ဘာ​ပေါ်မှာ
လူတိုင်းပန်းချီဆရာဖြစ်​ကုန်​မှာ​ပေါ့။ခုဆို
တချို့ ကဗျာအယူအဆ​တွေအရဆို လူတိုင်း
ကဗျာဆရာဖြစ်​နိုင်​သတဲ့။ သူများ​ရေးထားတဲ့သတင်း​တွေကို​တောင်
အပိုဒ်​လိုက်​​တွေ​ရွေးထုတ်​ပြီးကဗျာဖွဲ့​နေကြတာ။ခု​ခေတ်​လူ​တွေအရမ်း​တော်​ကြပါတယ်​။ရှင်​လူတို့ ငယ်​ငယ်​ကလို ခပ်​ထူထူ ခပ်​အအ
တွေမဟုတ်​ကြ။ဘုန်းကြီးက သစ္စာ​လေးပါး​ဟောရင်​ ၄ ထိပ်​စီး၊ဘုရားဂုဏ်​​တော်​​ဟောရင်​ ၉ အလယ်​ထိုင်​ ၊ မဂ္ဂင်​ရှစ်​ပါး​ဟောရင်​ ၈​နောက်
ပိတ်​။ကဲ...​တော်​လိုက်​ကြတာ။ပဋ္ဌာန်းဆိုရင်
တောင်​ ၂၄ တကွက်​ထဲ ..ဒဲ့ကစ် တဲ့​။
အင်း Contemporary ဆိုတာ
Contemporary art is the art of today, produced in the late 20th century or in the 21st century. Contemporary artists work in a globally influenced, culturally diverse, and technologically advancing world. Wikipedia
ခေတ်​ပြိုင်​တဲ့၊ မျက်​​မှောက်​​ခေတ်​ တဲ့
ရှင်​လူတို့နဲ့ တ​ခေတ်​ထဲအတူ​နေခဲ့ကြတဲ့
အနုပညာ ​တွေ​ပေါ့ ။
story#observation #shinlhu

No comments:

Post a Comment