Friday, January 26, 2018

ဆင်​​ခြေ ဆင်​လက်​ ဆက်​နားရွက်​မဟုတ်​ ♥

ဆင်​​ခြေ ဆင်​လက်​ ဆက်​နားရွက်​မဟုတ်
♥ ♡ ❀ ♪ ♥ ♡ ❀ ♪ ♥ ♡ ❀ ♪ ♥
ရှင်​လူကြီး fb​ပေါ်မှာ ​နေ့စဉ်​လိုလို
ဖွေး​ဖွေးသိမ့်​အ​ကြောင်း​တွေ ​ရေးတင်​ရာမှာ
၁ အချက်​ က သဘာ​ဝဓမ္မတာဖြစ်​ပါတယ်​။
ရှင်​လူငယ်​စဉ်​ကလည်းရှင်လူ့ ဖွား​အေကြီးကလူစုံရင်​ ``ငါ့​မြေးရှင်​လူ ​လေးဘက်​သွားအရွယ်​တုန်းက မုံရွာမှာ
ေ​တာင်​ကမူ​​လေးပေါ်ကို ​လေးဘက်​တွားတက်​တယ်​´´
``ဟဲ့ ငါ့​မြေး မတက်​နဲ့ နင့်​ကိုထိ​ကရုန်း​တွေစူးလိမ့်​မယ်​ ဆိုတာ​တောင် မရဘူး​။ အတင်းမရရ​အောင်​တက်​တယ်​​။သူ့ဒူးတခုလုံး ​သွေး​တွေစို့လို့´´ ။ ဖွား​အေကြီးက ရှင်​လူ့တ​စောက်​ကန်း သတ္တိကို အဲ့လိုဂုဏ်​ယူပြီး​ပြော​လေ့ရှိပါတယ်​။
ဒါက ဖိုးဖွား​တွေရဲ့ အာရမ္မဏသ​ဘောပါ။
ကိုယ့်​ရဲ့ ​နောက်​ဆုံးအချိန်​မှာ မိတ်​​ဆွေသစ်​က​လေး​တွေကိုကြည့်​ပြီး
မုဓိတာပွားတာပါ။
၂ အချက်​က ငယ်​စဉ်​က မြန်​မာစကား​ပြေမှာ
သင်​ခဲ့ရတဲ့ အတိုင်း စာ​ရေးတယ်​ဆိုတာ
သာမာန်​ဖ​ယောင်းတိုင်​​လေးအ​ကြောင်းကိုပဲ​ရေး​ရေး..
ရေးတတ်​ရင်​ရသ​မြောက်​ပါတယ်​။ ဖတ်​လို့​ကောင်းပါတယ်​။
၃ အချက်​က ဒီ​ခေတ်​​လောက်​ complication ​တွေများ​နေတဲ့ ​ခေတ်​ကြီးထဲမှာ စိတ်​အကြပ်​အတည်းက
နား​နေလွတ်​​မြောက်​ဖို့ရာက ဖြူ​ဖွေးသန့်​စင်​တဲ့ က​လေးငယ်​များကို အာရုံထားခြင်းဟာ အ​ကောင်းဆုံးကုသိုလ်​ဖြစ်​သလို လူအိုကြီး​တွေရဲ့သမိုင်း​ပေးတာဝန်​လည်း
ဖြစ်​ပါတယ်။
၎ အချက်​က ​လောကမှာ လူဖြစ်​လာကြတာ
ချင်းအတူတူတိဟိတ်ဒွိဟိတ်​ သုဂတိအဟိတ်
ပုဂ္ဂိုလ်​​တွေအ​ကြောင်းကိုလည်း​လေ့လာနိုင်​ပါတယ်။
``အကိုရော အတူတူပဲ ဆွဲမိဆွဲရာလေး လက်ထဲဆုပ်ပြီး ဒီထဲက မထွက်တော့ဘူး
ဘူး´´လို့​ဝေဖန်​သတိ​ပေးလာတဲ့ ညီကဗျာဆရာ နှင်းခါးမိုးကို သိ​စေချင်​ပါတယ်​။ ဆင်​​ခြေမဟုတ်
ယုံကြည်​ချက်​ဆိုတာလည်း​ပြောပြချင်​ပါတယ်​။
story#observation #shinlhu

No comments:

Post a Comment