Wednesday, May 16, 2018

ရှင်​လူ့ကိုသိလား ပိတ်​သတ်​ကြီး (^_^) (^_^)

ရှင်​လူ့ကိုသိလား ပိတ်​သတ်​ကြီး
(^_^) (^_^) (^_^) (^_^)(^_^) (^_^)
ဖွေးနဲ့ရှင်​လူ ဓမ္မသိပ္ပံ​ကျောင်း မင်္ဂလာပွဲခင်းထဲ​ရောက်​လာ​တော့ သတို့သားကို​ပေါက်​ရဲ့အ​မေ
ဒေါ်သစ်​သစ်​မြင့်​ကိုယ်​တိုင်​ ​နေရာချ​ပေးတဲ့စားပွဲမှာ
ဝင်​ထိုင်​လိုက်​ကြတယ်​။ ထိုင်​ပြီးမှ ကိုယ့်​အရင်​​ရောက်​​နေသူကိုကြည့်​လိုက်
တော့ လူပျိုကြီး ကိုမြတ်​ (စာ​ရေးဆရာ
အယ်​ဒီတာမင်းမြတ်​စံဖြစ်​​နေတယ်​)။
နှစ်​​ယောက်​သားမဆုံဖြစ်​တာကြာပြီမို့ စကားစမြည်​​ပြောရင်း
တဖက်​ကလည်း ​ဖွေးကို ​ထောပတ်​ထမင်းနဲ့
ကြက်​သားဖဲ့ပြီးခွန့်​ရ​သေးတယ်​။
တော်​​သေးရဲ့ ​ဖွေးက ဒီအစားအစာ​တွေ
မကြိုက်​လို့​ရေခဲမုန့်​ဖက်​လှည့်​သွားလေ​တော့
သူ့ကို ``သမီး​လေး မဖိတ်​​အောင်​စား´´ဆိုပြီး
ကိုမြတ်​နဲ့​အေး​အေး​ဆေး​ဆေးဆက်​​ပြောကြ​ပေါ့။မကြာပါဘူးဝိုင်းထဲကို​မောင်​​အေး​ကျော်​လည်း ထပ်​​ရောက်​လာတယ်​။ ကိုယ်​ကသာ
ခေါ်​နေကျမို့ ​မောင်​​အေး​ကျော်​လို့​ပြောတာ
သူ့ခမျာ​တော့ ထိပ်​​ပြောင်​စပြု​နေပြီ။
၈ ​လေးလုံး အ​ရေး​တော်​ပုံကာလက မင်းညီ
မင်းသား​လေး​တွေ ခု​တော့ အ​ဖေခန်းက
ဝင်​သရုပ်​​ဆောင်​​နေကြရပြီ။ဒီအထဲ ထိပ်​​ပြောင်​တာကလွဲလို့ ကိုမြတ်​နဲ့ ​မောင်​​အေး​ကျော်​တို့က​တော့ မပါဝင်​ကြ။
သူတို့က​တော့ ဦး​လေးဘကြီးခန်းက​ပေါ့။
မောင်​​အေး​ကျော်​ကလည်းရှင်​လူ့ကိုမြင်
တော့ ဝိုင်းထဲကမျက်​နှာစိမ်း​တွေကို ဟိုလူ့သိလား ဒီလူ့သိလားနဲ့ ​နိုင်​ငံ​ရေး​ဆွေမျိုးစပ်​​ပေး​နေတယ်​။အမှန်
တော့ အဲ့ချိန်​က ​ကျောင်းသား​ခေါင်း​ဆောင်
အောင်​ဒင်​ တို့ ​ရွှေဘုန်းလူတို့ နဲ့ပတ်​သက်​ရာ
ပတ်​သက်​​ကြောင်း ဗကသ၊အကသ​တွေက
တောင်​ဥက္ကလာနဲ့ သင်္ဃန်းကျွန်းတဝိုက်​တင်​မနည်းလှ။
မောင်​​အေး​ကျော်​ခုလို ​ဆွေမျိုးစပ်​​နေတာမြင်​ပြီးရှင်​လူ့စိတ်​ထဲက
ပြုံးချင်​လာတယ်​။ ၈ ​လေးလုံးကာလတုန်းက
သူ့ကို​ထောက်​လှမ်း​ရေးကဖမ်းပြီးစစ်​​ကြော
ရေးလုပ်​​တော့ ​မေးသတဲ့``​အောင်​မြင့်​ဆိုတဲ့
လူသိသလား​´´​ပေါ့( ရှင်​လူ့နာမည်​ရင်း)။
ဒီ​တော့ ​မောင်​​အေး​ကျော်​က ``မသိဘူး´´
ပေါ့။ ရှင်​လူ့ကိုကာကွယ်​လိုဟန်​ရှိပါတယ်​။
ဘယ်​လို​မေး​မေး မသိဘူးချည်းလုပ်​​နေ​တော့
ထောက်​လှမ်း​ရေး​တွေက``​အေး မင်းဒီလူ့ကိုမှမသိဘူးဆိုရင်​ ထိုင်​ထ တရာ
လုပ်​´´ဆိုပြီးခိုင်းလို့ လုပ်​ခဲ့ရသတဲ့။
``ဒီက ပိတ်​သတ်​ကြီး​ကော ရှင်​လူ့ကိုသိကြသလား´´
story#observation#shinlhu
Sent from my ALCATEL ONE TOUCH POP C9

No comments:

Post a Comment