°º¤ø,¸¸,ø¤º°`°º¤ø,¸,
မနေ့က မွန်တာ့ဂျ ကိုရေးတင်တော့
ရှစ်လေးလုံးကာလ ရွှေတိဂုံစေတီ အနောက်မုခ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့
လူထုတရားပွဲမှာဝန်းရံနေကြတဲ့ နွေလယ်နေနဲ့ နှင်းခါးမိုးတို့ရဲ့သမိုင်းဝင်
ဓာတ်ပုံလေးရယ်၁၉၉၀ခုတောင်ဥက္ကလာပ
မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)ကအရွေးချယ်ခံခဲ့ရတဲ
့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ကြီးသ္ခင်စိုးမြင့်ရဲ့ မြေးတွေ မြစ်တွေပုံရယ်တင်ပြီး status ရေးတင်လိုက်တော့ ချက်ချင်းဆိုသလို
သ္ခင်စိုးမြင့်ရဲ့မြေး ကိုပေါက်စီ(Ye Htut Zaw)ရဲ့ Love react ကဝင်လာတယ်။
ဒုတိယ နှင်းခါးမိုးရဲ့Love react တက်လာပြီးမကြာခင် တတိယလူအဖြစ်
နွေလယ်နေနဲ့နှင်းခါးမိုးပုံလေးကို likeပေးတဲ့ သူကတော့ Thu Rain Ngwe
ဖြစ်ပါတယ် ၊ Profile ပုံက ခေါင်းတုံးကို
နေကာမျက်မှန်အမည်းကြီးတပ်ထားပြီး
ပြုံးနေတဲ့ လူလတ်ပိုင်းအရွယ်တယောက်။
အင်း...သူ့ကြောင့်ပဲ ရှင်လူ ဒီ Montage(2)
ကိုဆက်ရေးဖြစ်သွားပါတယ်။
(╯°□°)--︻╦╤─ - - -
၁၉၉၀ ခု ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲကြီး မစခင်လောက်အချိန်ပဲ
ထင်ပါတယ် ။အဲ့ချိန်က ရွေးကောက်ပွဲသတင်းယူမယ့် ဝင်းနိုင်ဦး
အောင်သူနဲ့ နှင်းခါးမိုးတို့ အဖမ်းမခံရခင်
အချိန်ကလေးပါ။
တညနေ ရှင်လူ့အိမ်ကို နွေလယ်နေ
ကောင်လေးတယောက်နဲ့အတူ ရောက်လာပါတယ်။
``သူ့ကို ခင်ဗျားအိမ်မှာ ခဏ ခေါ်ထားစေချင်တယ်ဗျာ၊ ကျနော့အိမ်ကို
ရ ဝ တ တွေကစောင့်ကြည့်နေကြလို့ပါ´´
သိလိုက်ပါပြီ ကျောင်းသားဝရမ်းပြေးလေးတယောက်ဆိုတာ။ပိန်ပိန်ပါးပါး နွမ်းနယ်ဟန်ပေါက်နေတဲ့
ပေစုတ်စုတ် ကောင်လေးကိုကြည့်ပြီး
နွေလယ်နေကို ရှင်လူဒေါသဖြစ်သွားပါတယ်။ အဲ့ချိန်ကဒါမျိုးပြေးလွှားပုန်းအောင်းနေရတဲ့ ကျောင်းသားတယောက်ကို လက္ခံရတာ
အန္တရာယ်အလွန်ကြီးပါတယ်။တကယ်ဆို
ဖြစ်နိုင်မဖြစ်နိုင် သူကြိုတင်ညှိနှိုင်းသင့်ပါတယ်။ဒါကြောင့်
့်ရှင်လူဒေါသဖြစ်တာပါ။
``မဖြစ်ဘူးသူငယ်ချင်း ၊ကိုယ့်အိမ်လည်း
ရဝတတွေကစောင့်ကြည့်နေတာပဲ´´ဆိုပြီး
ခပ်တင်းတင်းပြန်ပြောလိုက်တော့ နွေလယ်နေလည်း ``လာ သွားမယ်´´ဆိုပြီး
ကုတ်ချောင်းချောင်းကောင်လေးကိုပြန်ခေါ်သွားပါတယ်။ရှင်လူတို့ပြောဆိုနေတာကို
ရှင်လူ့ဇနီး မမကလည်း အနားကတလျှောက်လုံးကြည့်နေတာပါ။
သူတို့ထွက်သွားပြီး မကြာခင်မှာပဲ
``ကျောင်းသားလေး သနားပါတယ် ၊မျက်နှာငယ်လေးနဲ့၊ တကယ်ဆိုကိုယ့်သားသမီးအရွယ်´´
ရှင်လူ့စကားကိုနားထောင်ရင်း မမက
``ပြန်လိုက်ခေါ်ရင်ကော´´
တချိန်လုံးကြည့်နေတဲ့မမ ပါးစပ်က အသံ
ထွက်လာပါတယ်၊ ဒါနဲ့ရှင်လူက
``ဘာလဲ မက ခေါ်ထားချင်လို့လား´´ဆိုတော့ မမက
``အင်းလေ မောင်ရယ် မထူးပါဘူး၊ကလေးကသနားစရာ´´
ဒီလိုနဲ့ ရှင်လူတို့မောင်နှံ စာဂ ၁၉ လမ်းက
နွေလယ်နေ့အိမ်ထိ လိုက်သွားပြီး ကောင်လေးကို ပြန်ခေါ်လာခဲ့ပါတယ်။
တညသိပ်ပြီး မနက်လင်းတော့ သူ့ကိုအိပ်ရာကနှိုးရတယ်။ဘရိတ်ဖတ်စ
လေးဘာလေးသွားစားဖို့။ နှင်းခါးမိုးတို့ မကြာမကြာပြောနေတဲ့အထဲမှာ အပြေးမယ် မခင်ပုသား ဇော်ထက်ဆိုတာ
ကြားကြားနေရတော့ ဒီကောင်ဇော်ထက်နေမှာပဲဆိုပြီး သူ့ခြေထောက်နှစ်ချောင်းဆွဲလှုပ်ရင်း
``ဟေ့ကောင် ..ဇော်ထက် ထတော့ မိုးလင်းနေပြီ´´။ ရှင်လူနှိုးလိုက်တော့ သူ
ဘာမှမပြောပဲ လူးလဲထလာပါတယ်။
``မင်း အိမ်ထဲခိုနေရင် ဘေးကမသင်္ကာပိုဖြစ်မယ်၊ လာခဲ့ ငါတို့နဲ့လက်ဖက်ရည်ဆိုင်လိုက်ခဲ၊ရော့
အဝတ်တွေလဲလိုက်အုံး။ရှင်လူ့ ရှပ်လက်တိုနဲ့ ပုဆိုးတထည် သူ့ကိုထုတ်ပေးလိုက်ပါတယ်။ဒီလိုနဲ့ ရှင်လူ့အိမ်မှာသူနေတဲ့ရက်တွေအတွင်း
ကုလားထိုင်ပေါ် ဒူးထောင်ထိုင်ကာ ပါးစပ်ကပွစိပွစိ နဲ့ ဝဲတွေ တဗြင်းဗြင်းထိုင်ကုပ်နေတတ်ပါတယ်။
ရှင်လူကတော့ ဒီကောင် ဘာဂါထာတွေများ
ရွတ်နေသလဲပေါ့။ရသေ့ကြီးဦးခန္တီရဲ့ဂါထာဟုတ်မဟုတ်တော့မသိဘူး တနေ့တခြားရပ်ကွက်ထဲက တက္ကသိုလ်ကျောင်းသားတွေ ရှင်လူ့အိမ်ကို
တယောက်ပြီးတယောက် တဖွဲဖွဲရောက်လာကြတယ်။တချို့လည်းသု့ကိုတခွန်းစနှစ်ခွန်းစ ပြောသူကပြောကြတယ်။တချို့လည်းဘာမှမပြောပဲ သူ့ကို ခတ်လှမ်းလှမ်းကထိုင်ကြည့်ပြီးပြန်သွားကြတယ်။ရှင်လူ့စိတ်ထဲ ဒီကောင် ဘာလဲ ..ပေါ့။ အဲဒါနဲ့ နွေလယ်နေ့ ဆီသွားပြီး
တိုးတိုးတိတ်တိတ်ကြိတ်မေးမှ ကျောင်းသားခေါင်းဆောင် သူရိန် တဲ့။
တကယ့်ကောင် သူ့ကို ဇော်ထက်လို့ခေါ်တာ မှိန်းနေတယ်။
သူရိန်ဆိုတာ ဗကသ ပြန်ကြားရေးက။
ရှစ်လေးလုံးကာလအတွင်းရောက်လာတဲ့ အမေရိကန်အောက်လွှတ်တော်အမတ်
စတီဖင်ဆိုလာ့စ်နဲ့ တွေ့ခဲ့ကြတဲ့ နေနွယ် မြင့်ဆန်း သူရိန် ဆိုပြီး ဗိုလ်ချုပ်စောမောင်မိန့်ခွန်းထဲကိုးကားခဲ့ရတဲ့
သူရိန်ပါပဲ။ဒါပေမယ့်ရှင်လူ့အိမ်ရောက်ချိန်ကတော့ဗိုလ်ချုပ်စောမောင်မိန့်ခွန်းမပြောရသေး။အဲ့ချိန်က သူတို့အဖွဲ့တွေ တော်လှန်ရေး လုပ်ဖို့ အိန္ဒိယနိုင်ငံ မီဇိုဒန်
ဘက်ရောက်ပြီးအဆင်မပြေလို့ ပြန်ရောက်စထင်တာပဲ။သူရှိနေတဲ့ရက်ပိုင်းမှာပဲ သတင်းစာမျက်နှာဖုံးသတင်းထဲမှာ နိုင်ငံရေးသမားဗကပလက်ဝဲယူဂျီတွေကိုဖမ်းတဲ့
သတင်းပါလာတယ်။
ဒါနဲ့ရှင်လူက ``နောက်တခါ သတင်းစာမှာပါမယ့်လူတွေက မင်းတို့ပဲ´´
လို့ပြောခဲ့တာ နောင်သူနဲ့တွေ့တော့
``ဦးလေးက ကျနော်တို့သတင်းစာထဲပါမှာ
ဘယ်လိုသိသလဲ´´တဲ့။အဲတော့သတင်းစာထဲရော ဗိုလ်ချုပ်စောမောင် မိန့်ခွန်းထဲရော
နေနွယ် မြင့်ဆန်း သူရိန် ပါပြီလေ။
``ဟ..မဆလ အစဉ်အလာက သူတို့ရန်သူဟာ လက်ဝဲ လက်ယာ အဖျက်သမားတွေပဲ။ လက်ဝဲသတင်းထည့်ပြီးရင် လက်ယာသတင်းထည့်ရုံပေါ့ကွ´´ဆိုတော့
သူအံ့သြနေတယ်။
သူ ရှင်လူ့ အသိုက်ကရွှေ့သွားရတာလည်း
ဆန်းတယ်။
တညနေ မှာ ရှင်လူ့ အိမ်ကို ကျောင်းသား
ဝရမ်းပြေးတယောက် ရောက်လာပြန်ရော။
သူကတော့ တောင်ဥက္ကလာ မှာတရပ်ကွက်ထဲသားလည်းဖြစ်ခဲ့ ကဗျာအုပ်စုလည်းတစုထဲဖြစ်ခဲ့တဲ့ ရွှေဘုန်းလူ(တာရာမင်းဝေ)။ အင်း ရှင်လူကြီးတို့ အမှုတွဲရလို့ကတော့ အနည်းဆုံး ၇ နှစ်။ ဘာလို့လည်းဆိုတော့
သူတို့ထဲက နေနွယ်ကိုလက္ခံထားမိလို့
ကဗျာဆရာ လှသန်းနဲ့ ပန်းချီ မောင်နိုးတို့
ညီအကို အင်းစိန်တောရပါသွားခဲ့တာ။
ညအိပ်ကြတော့ ရှင်လူ့မှာတလုံးထဲအပိုရှိတဲ့ စစ်ခြင်ထောင်
အစုတ်ကြီးထဲမှာ ကျောင်းသားခေါင်းဆောင် သူရိန်နဲ့ ရွှေဘုန်းလူ အတူအိပ်ကြရတယ်သူတို့ချင်း
လူချင်း မရင်းနှီးကြတော့ တယောက်နဲ့တယောက်စကားလည်းသိတ်မပြော ခပ်ရှိန်ရှိန်နဲ့ပဲ မနက်ခင်းရောက်ခဲ့ကြတယ်။နောက်နေ့မှာတော့ ရှင်လူကြီးစဉ်းစားရတော့တယ်။
လမ်းလူကြီး ဦးသန်းထွန်းရော လမ်းထိပ်က
ရပ်မိရပ်ဖ ဦးကျော်ဦးတို့ကရော ထရန်စ္စတာ ရေဒီယိုတလုံးစီနဲ့ VOA,BBC
တပ်ဖွဲ့တွေ၊ ကိစ္စသိတ်မရှိ ။ဒါပေမယ့်
လမ်းထဲမှာက ခွချက်သမားတွေ အင်ဖော်မာတွေကတော့ အခွင့်အရေးခြောင်းနေတာ။ဒီအတိုင်း မဖြစ်တော့။
``ကဲ..ခုနေ အဖမ်းခံရရင် ငါတို့ရှုံးမယ်။
အပြုံလိုက်ကြီးဆို သူတို့မြတ်သွားမှာ၊
ဒီတော့ အရင်ရောက်နေတဲ့သူ လစ်မှဖြစ်မယ်´´ပြောတော့ သူရိန် သူ့အဆက်အသွယ် နဲ့ ရွှေ့သွားခဲ့တယ်။
နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်ခဲ့တဲ့နောက်ပိုင်း နှင်းခါးမိုးနော်ဝေကပြန်ရောက်လာတော့
သုရိန်တယောက် နော်ဝေနိုင်ငံ အော်စလိုမှာ ဖဒိုမန်းရှာရုံး Stuff ကရင်မလေးနဲ့အိမ်ထောင်ကျပြီး သားသမီးတွေပွားစည်းနေကြောင်းသိရတယ်။ဟိုတစ ဒီတစ သတင်းတွေကပဲ
သူရိန်တို့အိန္ဒိယကအပြန်ခရီး တောင်တန်းတွေပေါ်က ထမင်းနပ်တွေ
အကြောင်း။ထိုင်းမြန်မာနယ်စပ် ABSDF
က သူရိန်တို့ ဖြတ်သန်းမှုတွေအကြောင်း
မှန်ကူကွက်တွေ ဆက်စပ်မိလာတယ်။
တနေ့ကပဲ မြန်မာပြည်ပြန်လာပြီး ဗကသ
ရဲဘော် ကိုကိုကြီး(လက်ရှိ ပြည်သူ့ပါတီ)
နဲ့ တွေ့ဆုံတဲ့ သတင်းတွေလည်း fb ပေါ်မှာ
တွေ့နေရတယ်။
အင်း..အကြောင်းတိုက်ဆိုင်ရင်တော့
နောက်ထပ် Montage တွေ ဆက်ရေးဖြစ်အုံးမလားမသိနိုင်...
ဓာတ်ပုံ facebook
story#observation#shinlhu
Sent from my ALCATEL ONE TOUCH POP C9