Tuesday, August 28, 2018

ူMontage (2) °º¤ø,¸¸,ø¤º°`°º¤ø,¸, မ​နေ့က မွန်​တာ့ဂျ

ူMontage (2)
°º¤ø,¸¸,ø¤º°`°º¤ø,¸,
မ​နေ့က မွန်​တာ့ဂျ ကို​ရေးတင်​​တော့
ရှစ်​​လေးလုံးကာလ ​ရွှေတိဂုံ​စေတီ အ​နောက်​မုခ်​က ​ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့
လူထုတရားပွဲမှာဝန်းရံ​နေကြတဲ့ ​နွေလယ်​​နေနဲ့ နှင်းခါးမိုးတို့ရဲ့သမိုင်းဝင်
ဓာတ်​ပုံ​လေးရယ်​၁၉၉၀ခုတောင်​ဥက္ကလာပ
မြို့နယ်​မဲဆန္ဒနယ်​အမှတ်​(၁)ကအ​ရွေးချယ်​ခံခဲ့ရတဲ
့ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်
ကြီးသ္ခင်​စိုးမြင့်​ရဲ့ ​မြေး​တွေ မြစ်​​တွေပုံရယ်​တင်​ပြီး status ​ရေးတင်​လိုက်​​တော့ ချက်​ချင်းဆိုသလို
သ္ခင်​စိုးမြင့်​ရဲ့​မြေး ကို​ပေါက်​စီ(Ye Htut Zaw)ရဲ့ Love react ကဝင်​လာတယ်။
ဒုတိယ နှင်းခါးမိုးရဲ့Love react တက်​လာပြီးမကြာခင် တတိယလူအဖြစ်
နွေလယ်​​နေနဲ့နှင်းခါးမိုးပုံ​လေးကို like​ပေးတဲ့ သူက​တော့ Thu Rain Ngwe
ဖြစ်​ပါတယ်​ ၊ Profile ပုံက ​ခေါင်းတုံးကို
နေကာမျက်​မှန်​အမည်းကြီးတပ်​ထားပြီး
ပြုံး​နေတဲ့ လူလတ်​ပိုင်းအရွယ်​တ​ယောက်​။
အင်း...သူ့​ကြောင့်​ပဲ ရှင်​လူ ဒီ Montage(2)
ကိုဆက်​​ရေးဖြစ်​သွားပါတယ်​။
(╯°□°)--︻╦╤─ - - -
၁၉၉၀ ခု ​ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ
ရွေး​ကောက်​ပွဲကြီး မစခင်​​လောက်​အချိန်​ပဲ
ထင်​ပါတယ်​ ။အဲ့ချိန်​က ​ရွေး​ကောက်​ပွဲသတင်းယူမယ့်​ ဝင်းနိုင်​ဦး
အောင်​သူနဲ့ နှင်းခါးမိုးတို့ အဖမ်းမခံရခင်
အချိန်​က​လေးပါ။
တည​နေ ရှင်​လူ့အိမ်​ကို ​နွေလယ်​​နေ
ကောင်​​လေးတ​ယောက်​နဲ့အတူ ​ရောက်​လာပါတယ်​။
``သူ့ကို ခင်​ဗျားအိမ်​မှာ ခဏ ​ခေါ်ထား​စေချင်​တယ်​ဗျာ၊ ကျ​နော့အိမ်​ကို
ရ ဝ တ ​တွေက​စောင့်​ကြည့်​​နေကြလို့ပါ´´
သိလိုက်​ပါပြီ ​ကျောင်းသားဝရမ်း​ပြေး​လေးတ​ယောက်​ဆိုတာ။ပိန်​ပိန်​ပါးပါး နွမ်းနယ်​ဟန်​​ပေါက်​​နေတဲ့
ပေစုတ်​စုတ်​ ​ကောင်​​လေးကိုကြည့်​ပြီး
နွေလယ်​​နေကို ရှင်​လူ​ဒေါသဖြစ်​သွားပါတယ်​။ အဲ့ချိန်​ကဒါမျိုး​ပြေးလွှားပုန်း​အောင်း​နေရတဲ့ ​ကျောင်းသားတ​ယောက်​ကို လက္ခံရတာ
အန္တရာယ်​အလွန်​ကြီးပါတယ်​။တကယ်​ဆို
ဖြစ်​နိုင်​မဖြစ်​နိုင်​ သူကြိုတင်​ညှိနှိုင်းသင့်​ပါတယ်​။ဒါ​ကြောင့်
့်​ရှင်​လူ​​ဒေါသဖြစ်​တာပါ။
``မဖြစ်​ဘူးသူငယ်​ချင်း ၊ကိုယ့်​အိမ်​လည်း
ရဝတ​တွေက​စောင့်​ကြည့်​​နေတာပဲ´´ဆိုပြီး
ခပ်​တင်းတင်းပြန်​​ပြောလိုက်​​တော့ ​နွေလယ်​​နေလည်း ``လာ သွားမယ်​´´​ဆိုပြီး
ကုတ်​​ချောင်း​ချောင်း​ကောင်​​လေးကိုပြန်​​ခေါ်သွားပါတယ်​။ရှင်​လူတို့​ပြောဆို​နေတာကို
ရှင်​လူ့ဇနီး မမကလည်း အနားကတ​လျှောက်​လုံးကြည့်​​နေတာပါ။
သူတို့ထွက်​သွားပြီး မကြာခင်​မှာပဲ
``​ကျောင်းသား​လေး သနားပါတယ်​ ၊မျက်​နှာငယ်​​လေးနဲ့၊ တကယ်​ဆိုကိုယ့်​သားသမီးအရွယ်​´´
ရှင်​လူ့စကားကိုနား​ထောင်​ရင်း မမက
``ပြန်​လိုက်​​ခေါ်ရင်​​ကော´´
တချိန်​လုံးကြည့်​​နေတဲ့မမ ပါးစပ်​က အသံ
ထွက်​လာပါတယ်​၊ ဒါနဲ့ရှင်​လူက
``ဘာလဲ မက ​ခေါ်ထားချင်​လို့လား´´ဆို​တော့ မမက
``အင်း​လေ ​မောင်​ရယ်​ မထူးပါဘူး၊က​လေးကသနားစရာ´´
ဒီလိုနဲ့ ရှင်​လူတို့​မောင်​နှံ စာဂ ၁၉ လမ်းက
နွေလယ်​​နေ့အိမ်​ထိ လိုက်​သွားပြီး ​ကောင်​​လေးကို ပြန်​​ခေါ်လာခဲ့ပါတယ်​။
တညသိပ်​ပြီး မနက်​လင်း​တော့ သူ့ကိုအိပ်​ရာကနှိုးရတယ်​။ဘရိတ်​ဖတ်​စ
လေးဘာ​လေးသွားစားဖို့။ နှင်းခါးမိုးတို့ မကြာမကြာ​ပြော​နေတဲ့အထဲမှာ အ​ပြေးမယ်​ မခင်​ပုသား ​ဇော်​ထက်​ဆိုတာ
ကြားကြား​နေရ​တော့ ဒီ​ကောင်​​ဇော်​ထက်​​နေမှာပဲဆိုပြီး သူ့​ခြေ​ထောက်​နှစ်​ချောင်းဆွဲလှုပ်​ရင်း
``​ဟေ့​ကောင်​ ..​ဇော်​ထက်​ ထ​တော့ မိုးလင်း​နေပြီ´´။ ရှင်​လူနှိုးလိုက်​​တော့ သူ
ဘာမှမ​ပြောပဲ လူးလဲထလာပါတယ်​။
``မင်း အိမ်​ထဲခို​နေရင်​ ​ဘေးကမသင်္ကာပိုဖြစ်​မယ်​၊ လာခဲ့ ငါတို့နဲ့လက်​ဖက်​ရည်​ဆိုင်​လိုက်​ခဲ၊​​ရော့
အဝတ်​​တွေလဲလိုက်​အုံး။ရှင်​လူ့ ရှပ်​လက်​တိုနဲ့ ပုဆိုးတထည်​ သူ့ကိုထုတ်​​ပေးလိုက်​ပါတယ်​။ဒီလိုနဲ့ ရှင်​လူ့အိမ်​မှာသူ​နေတဲ့ရက်​​တွေအတွင်း
ကုလားထိုင်​​ပေါ် ဒူး​ထောင်​ထိုင်​ကာ ပါးစပ်​ကပွစိပွစိ နဲ့ ဝဲ​တွေ တဗြင်းဗြင်းထိုင်​ကုပ်​​နေတတ်​ပါတယ်​။
ရှင်​လူက​တော့ ဒီ​ကောင်​ ဘာဂါထာ​တွေများ
ရွတ်​​နေသလဲ​ပေါ့။ရ​သေ့ကြီးဦးခန္တီရဲ့ဂါထာဟုတ်​မဟုတ်​​တော့မသိဘူး တ​နေ့တခြားရပ်​ကွက်​ထဲက တက္ကသိုလ်​​ကျောင်းသား​တွေ ရှင်​လူ့အိမ်​ကို
တ​ယောက်​ပြီးတ​ယောက်​ တဖွဲဖွဲ​ရောက်​လာကြတယ်​။တချို့လည်းသု့ကိုတခွန်းစနှစ်​ခွန်းစ ​ပြောသူက​ပြောကြတယ်​။တချို့လည်းဘာမှမ​ပြောပဲ သူ့ကို ခတ်​လှမ်းလှမ်းကထိုင်​ကြည့်​ပြီးပြန်​သွားကြတယ်​။ရှင်​လူ့စိတ်​ထဲ ဒီ​ကောင်​ ဘာလဲ ..​ပေါ့။ အဲဒါနဲ့ ​နွေလယ်​​နေ့ ဆီသွားပြီး
တိုးတိုးတိတ်​တိတ်​ကြိတ်​​မေးမှ ​ကျောင်းသား​ခေါင်း​ဆောင်​ သူရိန်​ တဲ့။
တကယ့်​​ကောင်​ သူ့ကို ​ဇော်​ထက်​လို့​ခေါ်တာ မှိန်း​နေတယ်​။
သူရိန်​ဆိုတာ ဗကသ ပြန်​ကြား​ရေးက။
ရှစ်​​လေးလုံးကာလအတွင်း​ရောက်​လာတဲ့ အ​မေရိကန်​​အောက်​လွှတ်​​တော်​အမတ်
စတီဖင်​ဆိုလာ့စ်​နဲ့ ​တွေ့ခဲ့ကြတဲ့ ​နေနွယ်​ မြင့်​ဆန်း သူရိန်​ ဆိုပြီး ဗိုလ်​ချုပ်​​စော​မောင်​မိန့်​ခွန်းထဲကိုးကားခဲ့ရတဲ့
သူရိန်​ပါပဲ။ဒါ​ပေမယ့်​ရှင်​လူ့အိမ်​​ရောက်​ချိန်​က​တော့ဗိုလ်​ချုပ်​​စော​မောင်​မိန့်​ခွန်းမ​ပြောရ​သေး။အဲ့ချိန်​က သူတို့အဖွဲ့​တွေ ​တော်​လှန်​​ရေး လုပ်​ဖို့ အိန္ဒိယနိုင်​ငံ မီဇိုဒန်
ဘက်​​ရောက်​ပြီးအဆင်​မ​ပြေလို့ ပြန်​​ရောက်​စထင်​တာပဲ။သူရှိ​နေတဲ့ရက်​ပိုင်းမှာပဲ သတင်းစာမျက်​နှာဖုံးသတင်းထဲမှာ နိုင်​ငံ​ရေးသမားဗကပလက်​ဝဲယူဂျီ​တွေကိုဖမ်းတဲ့
သတင်းပါလာတယ်​။
ဒါနဲ့ရှင်​လူက ``​နောက်​တခါ သတင်းစာမှာပါမယ့်​လူ​တွေက မင်းတို့ပဲ´´
လို့​ပြောခဲ့တာ ​နောင်​သူနဲ့​တွေ့​တော့
``ဦး​လေးက ကျ​နော်​တို့သတင်းစာထဲပါမှာ
ဘယ်​လိုသိသလဲ´´တဲ့။အဲ​တော့သတင်းစာထဲ​ရော ဗိုလ်​ချုပ်​​စော​မောင်​ မိန့်​ခွန်းထဲ​ရော
နေနွယ်​ မြင့်​ဆန်း သူရိန်​ ပါပြီ​လေ။
``ဟ..မဆလ အစဉ်​အလာက သူတို့ရန်သူဟာ လက်​ဝဲ လက်​ယာ အဖျက်​သမား​တွေပဲ။ လက်​ဝဲသတင်းထည့်​ပြီးရင်​ လက်ယာသတင်းထည့်​ရုံ​ပေါ့ကွ´´ဆို​တော့
သူအံ့သြ​နေတယ်​။
သူ ရှင်​လူ့ အသိုက်​က​ရွှေ့သွားရတာလည်း
ဆန်းတယ်​။
တည​နေ မှာ ရှင်​လူ့ အိမ်​ကို ​ကျောင်းသား
ဝရမ်း​ပြေးတ​ယောက်​ ​ရောက်​လာပြန်​​ရော။
သူက​တော့ ​တောင်​ဥက္ကလာ မှာတရပ်​ကွက်​ထဲသားလည်းဖြစ်​ခဲ့ ကဗျာအုပ်​စုလည်းတစုထဲဖြစ်​ခဲ့တဲ့ ​ရွှေဘုန်းလူ(တာရာမင်း​ဝေ)။ အင်း ရှင်​လူကြီးတို့ အမှုတွဲရလို့က​တော့ အနည်းဆုံး ၇ နှစ်​။ ဘာလို့လည်းဆို​တော့
သူတို့ထဲက ​နေနွယ်​ကိုလက္ခံထားမိလို့
ကဗျာဆရာ လှသန်းနဲ့ ပန်းချီ ​မောင်​နိုးတို့
ညီအကို အင်းစိန်​​တောရပါသွားခဲ့တာ။
ညအိပ်​ကြ​တော့ ရှင်​လူ့မှာတလုံးထဲအပိုရှိတဲ့ စစ်​ခြင်​​ထောင်
အစုတ်​ကြီးထဲမှာ ​ကျောင်းသား​ခေါင်း​ဆောင်​ သူရိန်​နဲ့ ​ရွှေဘုန်းလူ အတူအိပ်​ကြရတယ်သူတို့ချင်း
လူချင်း မရင်းနှီးကြ​တော့ တ​ယောက်​နဲ့တ​ယောက်​စကားလည်းသိတ်​မ​ပြော ခပ်​ရှိန်​ရှိန်​နဲ့ပဲ မနက်​ခင်း​ရောက်​ခဲ့ကြတယ်​။နောက်​​နေ့မှာ​တော့ ရှင်​လူကြီးစဉ်းစားရ​တော့တယ်​။
လမ်းလူကြီး ဦးသန်းထွန်း​ရော လမ်းထိပ်​က
ရပ်​မိရပ်​ဖ ဦး​ကျော်​ဦးတို့က​ရော ထရန်​စ္စတာ ​ရေဒီယိုတလုံးစီနဲ့ VOA,BBC
တပ်​ဖွဲ့​တွေ၊ ကိစ္စသိတ်​မရှိ ။ဒါ​ပေမယ့်
လမ်းထဲမှာက ခွချက်​​သမား​တွေ အင်​​ဖော်​မာ​တွေက​တော့ အခွင့်​အ​ရေး​ခြောင်း​နေတာ။ဒီအတိုင်း မဖြစ်​​တော့။
``ကဲ..ခု​နေ အဖမ်းခံရရင်​ ငါတို့ရှုံးမယ်​။
အပြုံလိုက်​ကြီးဆို သူတို့မြတ်​သွားမှာ၊
ဒီ​တော့ အရင်​​ရောက်​​နေတဲ့သူ လစ်​မှဖြစ်​မယ်​´´​ပြော​တော့ သူရိန်​ သူ့အဆက်​အသွယ်​ နဲ့ ​ရွှေ့သွားခဲ့တယ်​။
နှစ်​​ပေါင်းများစွာအဆက်​အသွယ်​ပြတ်​ခဲ့တဲ့​နောက်​ပိုင်း နှင်းခါးမိုးနော်​​ဝေကပြန်​​ရောက်​လာ​တော့
သုရိန်​တ​ယောက်​ ​နော်​​ဝေနိုင်​ငံ ​အော်​စလိုမှာ ဖဒိုမန်းရှာရုံး Stuff ကရင်​မ​လေးနဲ့အိမ်​​ထောင်​ကျပြီး သားသမီး​တွေပွားစည်း​နေ​ကြောင်းသိရတယ်​။ဟိုတစ ဒီတစ သတင်း​တွေကပဲ
သူရိန်​တို့အိန္ဒိယကအပြန်​ခရီး ​တောင်​တန်း​တွေ​ပေါ်က ထမင်းနပ်​​တွေ
အ​ကြောင်း။ထိုင်းမြန်​မာနယ်​စပ်​ ABSDF
က သူရိန်​တို့ ဖြတ်​သန်းမှု​တွေအ​ကြောင်း
မှန်​ကူကွက်​​တွေ ဆက်​စပ်​မိလာတယ်​။
တ​နေ့ကပဲ မြန်​မာပြည်​ပြန်​လာပြီး ဗကသ
ရဲ​ဘော်​​ ကိုကိုကြီး(လက်​ရှိ ပြည်​သူ့ပါတီ)
နဲ့ ​တွေ့ဆုံတဲ့ သတင်း​တွေလည်း fb ​ပေါ်မှာ
တွေ့​နေရတယ်​။
အင်း..အ​ကြောင်းတိုက်​ဆိုင်​ရင်​​တော့
နောက်​ထပ်​ Montage ​တွေ ဆက်​​ရေးဖြစ်​အုံးမလားမသိနိုင်​...

ဓာတ်​ပုံ facebook
story#observation#shinlhu
Sent from my ALCATEL ONE TOUCH POP C9

No comments:

Post a Comment