Tuesday, August 28, 2018

Montage °º¤ø,¸¸,ø¤º°`°º¤ø,¸, ခုတ​လော ရှင်​လူကြီးမှာ မွန်​တာ့​ဂျ

Montage
°º¤ø,¸¸,ø¤º°`°º¤ø,¸,
ခုတ​လော ရှင်​လူကြီးမှာ မွန်​တာ့​ဂျ ​တွေများ​နေတယ်​။ မွန်​တာ့ဂျ ဆိုတာ
ရုပ်​ရှင်​တို့ဗွီဒီယိုတို့မှာ တကတ်​ထဲနဲ့ အချိန်​တို့ အာကာသတို့ကို ဆွဲချုံ့ပြလိုက်​သလို ပြကွက်​မျိုးလို့ဆိုရမလားပဲ။ကိုယ်​က ရုပ်​ရှင်
သမားမဟုတ်​​တော့ အ​သေအချာ​တော့
မ​ပြောပြတတ်​ဘူး။ဒါ​ပေမယ့်​ ဒါရိုက်​တာ
မောင်​ဝဏ္ဍတို့ဘာတို့ အဲဒါမျိုး​လေး​တွေရိုက်​တာကြည့်​ဖူးတယ်​။
ပြီး​တော့ TV က Wild Channel ..
Animal Planet မှာလည်း ဒါမျိုး မွန်​တာ့ဂျ
တွေအသုံးများတယ်​။ သစ်​​စေ့​လေးက ချက်​ချင်း အပင်​​ပေါက်​လာပြီး စက္ကန့်​ပိုင်း
အတွင်းမှာ အသီး​တွေ အပွင့်​​တွေ​ဝေဆာလာတာမျိုး။
တဦးနဲ့တဦးခွဲခွာရတဲ့ကာလ​တွေ
ကြာ​ညောင်းလာတာမျိုးကို ​နွေမိုး​ဆောင်း
ရာသီ​ပြောင်းပုံ မျိုး သစ်​ရွက်​​ကြွေတာ မိုးရွာတာ နှင်းကျတာ​တွေကို ဥတုသုံးလီ
ရာသီ​တွေ​ပြောင်း ဘာညာနဲ့ ​နောက်​ခံဘက်​ဂ​ရောင်း​တေး​လေးပံ့ပိုးပြီး
ရုပ်​ရှင်​ရုံထဲက ငါးမိနစ်​ကို ငါးနှစ်​​ဆယ်​နှစ်​ဖြစ်​​အောင်​လုပ်​ပစ်​တာမျိုး။
အင်း​လေ ..ရှင်​လူနိဒါန်းချီ​နေရတာနဲ့ လိုရင်းကမ​ရောက်​နိုင်​ဘူး။ ခုတ​လောစာ​လေးဘာ​လေးပိုဖတ်​ဖြစ်​​နေ
တော့ ဆရာကြီးအထာနဲ့ ​လေရှည်​ချင်​စိတ်​က ခတ်​များများရယ်​။
တခုက ဒီလိုပါ ..ပြီးခဲ့တဲ့ တရက်​နှစ်​ရက်​က
fb ​ပေါ်မှာ နှင်းခါးမိုးတင်​လိုက်​တဲ့ဓာတ်​ပုံ
လေးတပုံ ​တွေ့လိုက်​ပါတယ်​။သူ့အဆိုအရ​တော့ ဒီဓာတ်​ပုံ​လေးကိုသူ့ မိတ်​​ဆွေတ​ယောက်
ဓာတ်​ပုံပြပွဲမှာ​တွေ့လို့ရိုက်​လာ​ပေးတာ​ပြောပါတယ်​။သမိုင်းဝင်​ပုံ​လေးတပုံ​ပေါ့ဗျာ။
ရှစ်​​လေးလုံးအ​ရေး​တော်​ပုံကာလ တုန်းက
ဒေါ်​အောင်​ဆန်းစုကြည်​ရဲ့ ပဋ္ဌမဆုံးလူထုတရားပွဲ ​ရွှေတိဂုံဘုရားအ​နောက်​မုခ်​မှာလုပ်​တဲ့ပုံ
လေးပါ။ အဲ့ပုံထဲမှာ လူထုဟောပြောပွဲစင်မြင့်ကြီးကို ရင်ဘတ်နဲ့ဆီးကာခဲ့တုန်းကတို့ ဘာတို့ ဆိုပြီး စာတန်းထိုးထားတယ်​။ ပုံကို
အ​သေအချာကြည့်​လိုက်​​တော့ လွန်​ခဲ့တဲ့
နှစ်​​ပေါင်း ၃၀ က​နွေလယ်​​နေနဲ့နှင်းခါးမိုး
သူနာပြုဆရာမ​တွေ​နောက်​မှာ။
ရှင်​လူသူတို့ပုံ​တွေကြည့်​ရင်း​တွေးမိတာက
နွေလယ်​​နေ အဲ့ချိန်​ကရုပ်​က ဟိုတုန်းက
ရုပ်​ရှင်​မင်းသားကြီး ဗိုလ်​ဗကိုလိုရုပ်​မျိုးဗျ။
အခု အသက်​ ၆၀ ပြည့်​လို့အလုပ်​ကပင်​စင်​ယူချိန်​မှာ ဗိုလ်​ဗိုက်​ကို ဖြစ်​​နေပြီ။အမရိကားက သူရိုက်​တင်​တဲ့ပုံ​တွေကြည့်​လိုက်​ရင်​ ဗိုက်​အသား​ပေးရိုက်​ချက်​​တွေချည်း။နှင်းခါး
မိုးကျ​တော့လည်း အဲ့တုန်းက အသက်​က​လေး၂၀​လောက်​ဆို​တော့ ရုပ်​က​လေးသနားကမားနဲ့ ရန်​​အောင်​ငယ်​ငယ်​ကအတိုင်း။ ခု​တော့လည်း ၅၀ ​ကျော်​လာ​တော့ ဟိုတုန်းက မင်းသားကြီး ဦး​ကျောက်​လုံးတို့နဲ့​ခေတ်​ပြိုင်​ ဦးသိမ်း​မောင်​ကြီးနဲ့ တ​ထေရာထဲဖြစ်​လာတယ်​။ရှင်​လူ့မျက်​စိထဲ​တော့ သူတို့နှစ်​​ယောက်​ မွန်​တာ့ခ်ျ​က
နတ်​​ရေကန်​ထဲချလိုက်​တာ ဘွားခနဲ
အိုပယ်​ဖွတ်​ချက်​ကြီး​တွေဖြစ်​ကုန်​သလိုပဲ။
အာ့လာ​တောင်​ သူတို့က ရှင်​ပြုတုန်း
ရွှေထီး​ဆောင်းခဲ့တာကြွားချင်​​သေးတယ်​။
နောက်​ မွန်​တာ့ခ်ျ​ တခုက​တော့ အကျဉ်းရုံး
လိုက်​ပါ​တော့မယ်​။ဒီ​နေ့ မွန်းလွဲပိုင်းမှာ ရှင်​လူကြီး ​ဖွေး​ဖွေးသိ​မ့် အ​ဖေ ​မောင်​ဝင်းနဲ့ ​ရွှေနဂါးလက်ဖက်​ရည်​ဆိုင်​ထွက်​ထိုင်​​တော့
ကွယ်​လွန်​သူ သ္ခင်​စိုးမြင့်​၊ NLD ဗဟို​အလုပ်​အမှု​ဆောင်​​နဲ့ ရန်​ကုန်​တိုင်း
ဥက္ကဋ္ဌ။၁၉၉၀​ပါတီစုံအ​ထွေ​ထွေ
ွ​ရွေး​ကောက်​ပွဲကြီးမှာတောင်​ဥက္ကလာပမြို့နယ်​မဲဆန္နနယ်​အမှတ်​( ၁) က အ​ရွေးချယ်​ခံရတဲ့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ကြီးရဲ့ ​မြေး(နာမည်​​မေ့နေလို့​)က တဖက်​စားပွဲမှာ
သားငယ်​​လေးကိုရင်​ခွင်​ပိုက်​ပြီး သူ့​မောင်
ကို​ပေါက်​ရယ်​​နောက်​သူ့အမျိုးသားပါမယ်​ထင်​တယ်။သူတို့ကိုလှမ်းနှုတ်​ဆက်​လိုက်​ပြီး ရှင်​လူဓာတ်​ပုံရိုက်​မယ်​လုပ်​​တော့ ​ဖွေးအ​ဖေက``ရှင်​လူကလည်း လက်​ဖက်​ရည်​ဆိုင်​ထဲ ဓာတ်​ပုံရိုက်​မ​နေပါနဲ့´´တဲ့ ။``ရပါတယ်​ကွာ
ဒီက​လေး​တွေငါ့မျက်​စိ​ရှေ့တင်​ကြီးလာကြတာ၊ အဲဒီက​လေးအ​မေက ၁၉၉၀ ခုက ​တောင်​ဥက္ကလာပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ သ္ခင်​စိုးမြင့်​ရဲ့သမီးလတ်​ မချိုက​မွေးတဲ့တဦးတည်း​သောသမီးပဲ။ ၉၃ ခု​နောက်​ပိုင်းငါနဲ့သူတို့အဖိုး ကိစ္စရှိလို့ ရန်​ကင်း စာတိုက်​က ဦးဟံသာမြင့်​ NLD(စာ​ရေးဆရာသိန်း​ဖေမြင့်​သား)အိမ်​နဲ့
သူ့ရဲ​ဘော်​ ဦးမြင့်​စိုးတို့အိမ်​ဖက်​သွားတဲ့အခါတိုင်း
အပြန်မှာသ္ခင်​စိုးမြင့်​က​ ပိုက်​လုံးကြီးအ​နောက်​ဖက်​လက်​ဖက်​ရည်​ဆိုင်​က​နေပြီးသူ့​မြေး​ကျောင်းအသွားကို
စောင့်​​လေ့ရှိတယ်​။အဲ့က​လေးအ​မေက
အဲ့ချိန်​က ​ကျောင်းစိမ်းဂါဝန်​​လေးနဲ့ မူကြို
အရွယ်​​လေး ။ ``​ကျောင်းမသွားခင်​ ပါပါကြီးကို အာဘွား​ပေးသွားပါအုံး´´ဆိုရင်
မတ်​တတ်​ကသူ့အဖိုးကို ကုန်းပြီးနမ်း​နေတဲ့ပုံက​လေး ငါ့မျက်​စိထဲခုထိမြင်​တုန်း´´
အဲ့ချိန်​ကဆို ရှင်​လူ့အသက်​က ၃၅နှစ်​​ကျော်
ရုံ​လေးဆို​တော့ စိုင်းစိုင်းတို့​ချောတယ်​ဆိုတာကွာ ပျင်း​တောင်​ပျင်း​သေး။ ခုလက်​ရှိက​တော့
အများသိတဲ့အတိုင်း ...ဟုဟု...
story#observation #shinlhu
Sent from my ALCATEL ONE TOUCH POP C9

No comments:

Post a Comment