တောဘူတာ
🍃🍃🚶🍃🍃
ညိုမြသွေး
မလိုက်ဖဲ နေခဲ့မှာလား
လိုက်မှာလား...
အတိုးအဝှေ့ အတက်အဆင်းတွေနဲ့
မေးသံ အော်သံ နှုတ်ဆက်သံတွေကြား
ဘူတာဟာ တစ္ဆေတကောင်လို
အားလုံးကို စိုက်ကြည့်နေ
ရာစု တဝက်မက
ယောက်ယက်ခတ်နေခဲ့ကြ
ရထားဟာ..
ခုတိုင် မထွက်ရသေး..
ညိုမြသွေး
poem#observation #shinlhu
No comments:
Post a Comment