Today crisis
(ဒီယနေ့ အကြပ်အတည်း)
💻👿💻😖💻👿💻😖
မနေ့ညနေက ရှင်လူကြီး ညနေဘက် အလုပ်သွားဖို့ စက်ဘီးစီးမယ်ကြံတော့ စီးလို့မဖြစ်နိုင်တော့။ လူက ဆီးစပ်တွေနာကျင်နေပြီး လိပ်ခေါင်းကယောင်နေတာ ကွတကြီးဖြစ်နေတယ်။ဒါနဲ့ ကျောပိုးအိတ်ကောက်လွယ်ပြီး ဘတ်စ်ကားနဲ့ပဲလစ်ခဲ့ရတယ်။ ဒီလိပ်ခေါင်းက ခုမှ ဘာလို့ထဖောက်ရသလဲ စဥ်းစားလိုက်မှ အဖြေကပေါ်တယ်။ ပြီးခဲ့တဲ့အပတ်က
One Stop Mart သွားရင်း အရက်ပုလင်းတွေကြည့်မိတော့ Mandalay Rum Export Quality သွားတွေ့တယ်။တလောက fb ပေါ်မှာထင်တာပဲ
ညနေတိုင်းရမ်သုံးပက်သောက်တယ်ဆိုတဲ့ နွေလယ်နေပြော
ခဲ့တာ Mondaly Rum Export Quality ကောင်းတယ်ဆိုပဲ။
ဒါနဲ့ စမ်းကြည့်ဖို့ တပုလင်းသုံးထောင်နဲ့ ဝယ်ခဲ့တယ်။အဲဒါ
အိမ်ရောက်တော့ ပဲခြမ်းကြော်နဲ့ခရမ်းချဥ်သီးသုပ်ပြီး ရမ်နဲ့မြည်းပေါ့။များများမဟုတ်ပါဘူး နှစ်ပက်လောက်ပါ။အဲနေ့က နေ့လယ်စာစားပြီးလှဲလိုက်တာ အိပ်ပျော်သွားတယ်။မွန်းလွဲပိုင်းတရေးနိုးလာတော့
လန်းလန်းဆန်းဆန်း ၊ခေါင်းလည်းကြည်တယ်။အမ်မာ..
အိတ်စပို့ ရမ်မဆိုးဘူးပဲ။ရှင်လူကအရက်နဲ့တည့်ပုံမရဘူး။တခြားအရက်တွေဆို နည်းနည်းသောက်မိတာနဲ့ ခေါင်းကိုက်ကရော။ဘီယာတောင် နှစ်ခွက်ကသုံးခွက်သောက်မိရင် ခေါင်းအုံတတ်တာ။
ဒီလိုနဲ့ မန္တလေးရမ်လေးကို
တနေ့နည်းနည်းစီကစ်လာလိုက်တာ ပုလင်းဖင်ကပ်လည်းရောက်ရော လိပ်ခေါင်းလည်းထွက်လာပါလေရော။တေဇော ဝါယော အားလွန်သွားပြီလေ။အဲဒါ ဒီမနက် အလုပ်ကအိမ်ပြန်ရောက်တော့ ဖွေးဖွေးသိမ့်တို့အခန်းမှာ အိမ်သော့သွားယူရင်း စာရေးနေတဲ့ဖွေးကိုတွေ့လို့"အား..ကျွတ်ကျွတ်..သမီးလေး ရှင်လူလိပ်ခေါင်းအရမ်းနာနေပြီ ၊ဆေးသွေးပေးအုံး"ဆိုတော့ ဖွေးကစာရေးနေရင်း
"နေအုံး သွေးပေးမယ်"ဆိုပြီးသူ့စာကိုဆက်ရေးနေတယ်။
ရှင်လူ့ဆီမှာ အေးချမ်းမေက
ဇီဝိတဒါန လှူထားတဲ့လိပ်ခေါင်းဆေးမြစ်ရှိတယ်။ရန်ကင်းမှာသွားယူထားရတာ။အဲဒါ ဆေးမြစ်ရရချင်းကတည်းက ဖွေးအမေငမိုးရိပ်ပေးထားတဲ့ကျောက်ပြင်သေးသေးလေးနဲ့ ဖွေးသွေးပေးဖူးတာကိုး။ခုလည်းဖွေးက သူ့စာရေးပြီးပြီးချင်း ရှင်လူ့အတွက်ဆေးမြစ်သွေးပေးရှာတယ်။ဆေးလူးပြီးကွတကွတနဲ့ထွက်လာတုန်း အပေါ်ထပ်ကရူပါက ရှင်လူ့ကိုတွေ့တော့ သူ့သားအောင်ညာဏ်ဖြိုးကိုရှင်လူ့ရင်ခွင်ထဲထိုးထည့်ရင်း"ရှင်လူ အောင်ညာဏ်ဖြိုး ခနခေါ်ထားအုံး လုပ်စရာရှိလို့"ဆိုပြီးအပေါ်ပြန်တက်သွားတယ်။အဲဒါနဲ့အောင်ညာဏ်ဖြိုးကိုချီပြီးဖွေးတို့အခန်းထဲကပလပ်စတစ်ခုံပေါ်မှာဖင်တစောင်းထိုင်နေရတယ်။အဲဒါအောင်ညာဏ်ဖြိုးဆိုတဲ့ကိုယ်တော်လေးကအငြိမ်မနေဘူး။ဘယ်နေမလဲကြမ်းပေါ်မှာ ဖွေးက ရာဘာနဲ့ထွင်းထားတဲ့မြန်မာပြည်မြေပုံကိုချ။တိုင်းဒေသတွေကို စားသောက်ဆိုင်သုံးဝါးတူနှစ်ချောင်းနဲ့ညှပ်ပြီးနေရာချနေတယ်။"သမီး..အဲ့ဒါမဟုတ်ဘူး၊ရှမ်းပြည်က ဟိုအချွန်အကွေးလေးထဲမှာ"ဆိုတာကို"ဟင်း..လာမပြောနဲ့"ဆိုပြီးရှင်လူ့ကိုငေါက်တယ်။ရှင်လူတို့ဖယ်ဒရယ်ပြည်ထောင်စုလည်းရက်စတောရင့်ကမီးနူးလို ဝါးတူနဲ့အညှပ်ခံနေရတယ်။အဲဒါကိုမြင်တဲ့ ရှင်လူ့အပေါ်ကအဖျက်သမား အောင်ညာဏ်ဖြိုး ကလူးလွန်ရုန်းကန်ရင်းလှိမ့်ချလိုက်တော့"အား..အမလေးသေပါပြီ၊ငါ့လိပ်ခေါင်းတော့"ရှင်လူလည်း အော်ရင်းဟစ်ရင်း အောင်ညာဏ်ဖြိုး ကိုအင်းကျီစကလှမ်းဆွဲထားရတယ်။ဒါတောင် တနှစ်မပြည့်သေးတဲ့ဒီကောင်က
အောင်လအင်ဆန်းလိုမြန်လွန်းသန်လွန်းတော့ သူ့လက်ထဲတနင်းသာရီပါသွားတယ်။အဲဒါဖွေးကအတင်းပြန်လုရင်းတွန်းထုတ်နေလို့ သူတို့ နှစ်ယောက်စစ်ပွဲကြားမှာ လိပ်ခေါင်း..အနာနဲ့ရှင်လူ့ခမျာဖင်ဒရွတ်.ဆွဲရင်းဆွဲရ ကာရဖြန်ဖြေရနဲ့ဒီယနေ့ရင်ဆိုင်ခဲ့ရတဲ့အကြပ်အတည်းဟာ အင်တာနေရှင်နယ်နဲ့တော့ဆိုင်ချင်မှဆိုင်လိမ့်မယ်။ခံစားရတဲ့ ရှင်လူ့ခမျာတော့
ဖင်တခုလုံးပွင့်ထွက်တော့မလားဘဲ..
story#observation#shinlhu
No comments:
Post a Comment