ဒို့ကျေးရွာ
💻👿💻😖
ညိုမြသွေး
နှုတ်ခမ်း ထူထူနဲ့
အူတူတူ ငနဲများ
စွေစောင်းတို့ ကြီးစိုးထားတဲ့ရွာ
အလှူ မသာ
နာရေး ဖြစ်ဖြစ်
သာရေး ဖြစ်ဖြစ်
ဒီလထစ်တွေနဲ့
ရှင်ဖြစ်နေတဲ့ရွာ
ခေတ်ရှေ့ပြေးတယ်ဆိုတဲ့
မြို့ကရောက်လာ ကျောင်းဆရာလေး
ခေါင်းကွဲပြီး ပြန်ပြေးရတဲ့ရွာ
ဒီကြားထဲ
အခန့်မသင့်ရင်
ရွာတော်ရှင် နတ်ကိုင်လို့
ဆရာမနိုင်တဲ့ရွာ
သူ့အရပ်နဲ့
သူ့ဇာတ်ကတော့
ခုချန်ထိ ဟုတ်နေတာပဲ
မောင်ကြီးတို့ရွာ
ရွာသာယာ
ညိုမြသွေး
poem#observation #shinlhu
No comments:
Post a Comment