ဆုံမှတ်တခု
🎵🍡♥♥
ဒီနေ့ ရှင်လူ့အိမ်ကို တခါမှမဆုံဘူးတဲ့ဧည့်သည်ရောက်လာပါတယ်။လူချင်းမဆုံဘူးခဲ့ပေမယ့်
Facebook ပေါ်မှာ မိတ်ဆွေဖြစ်ခဲ့တာ အနည်းဆုံးသုံးနှစ်မကတော့ဘူးထင်တာပဲ။ ရှင်လူ့fbမိတ်ဆွေတွေထဲက အပြင်
မှာတကယ်ဆုံဖူးတာဆို ရှင်လူကြီးfbစသုံးတဲ့ 2009/2010 ကနေဒီနေ့အထိ သုံးယောက်ထက်မပိုပါဘူး။ဆယ်နှစ်ကြာ
မှ သုံးယောက်ဆိုတော့ ရှင်လူကြီးလူမှုဆက်ဆံရေးများညံ့နေသလားပဲ။အဲ့ဒါ နေ့ခင်း မွန်းတည့် ၁၂ နာရီကတည်းက
ရွှေနဂါး လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး စကားကောင်းနေလိုက်ကြတာ ညနေ ၅ နာရီကျော်အထိပါပဲ။တိုက်တိုက်ဆိုင်ဆိုင်
ရှင်လူတို့နှစ်ယောက်စကားလက်စမဆုံးခင်ကလေးမှာပဲရှင်လူ့ဘေးကခုံမှာလူတယောက်ဝင်ထိုင်လို့ကြည့်လိုက်တော့ နောင်တော်ကြီးဦးငွေစိုးဖြစ်နေတယ်။သူနဲ့တရပ်ကွက်ထဲပေမယ့်မဆုံဖြစ်တာနှစ်ချီကြာခဲ့ပြီ။
၁၉၉၀ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတုန်းက တောင်ဥက္ကလာပမြို့နယ် မဲရုံ အမှတ်၄/၃မှာ ဦးငွေစိုးကမဲရုံမှူး၊ ရှင်လူက NLD လွှတ်တော်ကိုယ်စားလှယ်လောင်းရဲ့ မဲရုံကိုယ်စားလှယ်။
အမှတ်တရ ရီစရာလေးတခုသတိရမိရဲ့။တစည မဲရုံကိုယ်စားလှယ်ကြီးက သူ့မိန်းမမဲလာပေးတဲ့ အခန်းထဲကိုစွတ်ဆိုဝင်လိုက်သွားတယ်။ ဒီတော့ရှင်လူကထပြီး "ဒါဥပဒေနဲ့မညီဘူး၊ကန့်ကွက်ပါတယ်"ဆိုတော့
တစညကိုယ်စားလှယ်ကြီးကခန်းစည်းတွန်းပြီးပြန်ထွက်လာရင်း"ကျနော့မိန်းမမှာမျက်မှန်မပါလို့ ဝင်ပေးတာပါ"တဲ့။
ဒီတော့ ရှင်လူကဘယ်ရမလဲ"မဲရုံမှူးကြီးခင်ဗျာ ဒီကိစ္စကို မှတ်တမ်းတင်ထားဖို့ကျနော်တောင်းဆိုပါတယ်"ဆိုတော့
မဲရုံမှူးကြီးကခေါင်းညိတ်ပြီး
"ဟုတ်ပါတယ်"ဆိုပြီးလက္ခံခဲ့ပါတယ်။အမှန်တော့ တစညကိုယ်စားလှယ်ကြီးကသူ့မိန်းမကိုစိတ်မချပါ၊NLDထဲထည့်တော့မယ်ဆိုတာရိပ်မိနေပုံပဲ။
တကယ်လို့ အဲ့ဒီ နေ့က NLDသာရှုံးခဲ့လို့ကတော့ တစည ကိုယ်စားလှယ်ကြီးကို ရှင်လူအသေအချာ တရားစွဲပြီပဲ။မဲအပြတ်အသတ်နဲ့နိုင်ခဲ့လို့သာဒီကိစ္စကိုမေ့ထားလိုက်တာ။
ဒါပေမယ့် အဲ့ဒီ ၁၉၉၀ ခုရွေးကောက်ပွဲရလာဒ်ကြီးဟာ
ဗိုလ်ချုပ်ကတော်တွေမျက်မှန်မပါတာနဲ့ပဲ အဟောသိကံဖြစ်ခဲ့ရပေါ့။မယုံရင် အဲ့အချိန်ကစလို့ NLD ဝန်းရံသူဖြစ်လာခဲ့တဲ့ဦးငွေစိုးသာမေးကြည့်ပေတော့။
အသက်၈၀ ကျော်ပေမယ့်မာတုန်း သန်တုန်း။
အဲဗျာ.. နိုင်ငံရေးတွေပါကုန်ပြီ...
story#observation#shinlhu
No comments:
Post a Comment