အမာရွတ်များ
🍃🍃🚶🍃🍃
ညိုမြသွေး
ပြန်မလာတော့တဲ့နေ့တွေက
ပြက္ခဒိန် အဟောင်းတွေလို ဝါကျင့်ကျင့်
အတိတ်ဆိုတာ
အချစ် အလွမ်း စွန့်စားခန်းဝတ္ထု တပုဒ်လား
ကြွေးစာရင်းတခု မဟုတ်ခဲ့ရင်
အလွမ်းသီချင်းတပုဒ်တော့ ဖြစ်သင့်တယ်မဟုတ်လား
အမှတ်ရတဲ့သူမှမရှိရင်
အမှတ်တရဆိုတာ
အလကားပါပဲလေ
ညိုမြသွေး
poem#observation #shinlhu
No comments:
Post a Comment