ကဗျာခံစားမှု အကြွေးဆပ်ခြင်း
🍃🍃🚶🍃🍃🍃🍃🍃
ညိုမြသွေး
၂၀၂၀ မတ်လ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ရှင်လူ(ညိုမြသွေး)အမည်နဲ့ ကဗျာဆရာ ကိုသန်းထွန်းရဲ့
"ဖိနပ်မပါတဲ့ အချစ်"ကဗျာစာအုပ်ကို "ဖိနပ်မပါတဲ့အချစ်နဲ့ဂျက်ပင်ထိုးခြင်း"ခေါင်းစဥ်နဲ့
ကဗျာခံစားမှု ဆောင်းပါးရေးခဲ့ပါတယ်။စာမူရေးစဥ်တုန်းက
အချိန်အကန့်အသတ်အရကော
မျက်စိတိမ်ကလည်မခွဲရသေးတာကြောင့်ပါ ကဗျာတွေကိုအကုန်ဖတ်ခဲ့ပေမယ့် မျက်စိလျှမ်းခဲ့တာ ဝန်ခံရမှာပါ။ ခုမှ ကဗျာစာအုပ်ကို ကောက်ကိုင်မိတော့ အကြိုက်ဆုံးကဗျာတပုဒ်ကိုသွားတွေ့ပါတယ်။ အမြီးအမောက်မတည့်တဲ့ နတ်ဘုရားတွေ ဆိုးဖစ်တွေနဲ့ ရစ်ပတ်ဖွဲ့နှောင်ထားတဲ့ လူ့အဖွဲ့အစည်း မှာ နေလိုလလိုပညာရှင်တွေဟာ ဘုရားသခင်မသေခင် သေခဲ့ကြရတယ်ဆိုတဲ့ အတွေးက ဟောဒီကမ္ဘာကြီးမှာရင်နာစရာ ထိတ့်လန့်သည်းဖို ကမ္ဘာကြီးဖြစ်ကြောင်း
အတွေးပွားမိပြီး မိမိဝတ္တရား
အကြွေးဆပ်တဲ့အနေနဲ့ ဆရာကိုသန်းထွန်းရဲ့"မယုံကြည်ခြင်းအနုပညာ"ကိုပါ fbမှာတင်ပေးလိုက်ပါတယ်။
ညိုမြသွေး
24 March 2020
မယုံကြည်ခြင်းအနုပညာ
💻👿💻😖💻👿💻😖
ကိုသန်းထွန်း
ဘယ်အတ္ထုပ္ပတ္တိမှ
ကိုယ်တုံးလုံးချွတ်မပြဘူး
သူယုံကြည်ရာ ထိုးထိုးဟပ်တဲ့ ငါးတကောင်
သူ့ပါးစပ်နဲ့ ရှူတဲ့အသက်မှာ
သူ့"အမှတ်ရချက်များ"ဟာ
ဆတ်ဆတ်ခါလို့
"တီကောင်လေးတကောင်မှ ဖြစ်ဖြစ်မြောက်မြောက် မဖန်ဆင်းနိုင်ကြ
နတ်ဘုရားတွေသာ ဘုံးဗောလအော ဖန်ဆင်းကြ"
"ဆိုးဖစ်"တွေနဲ့ နတ်ဘုရားတွေသာ လုံးလားထွေးလားခေတ်ထဲ
ပလေးတိုး တယောက်ပဲ။
"ဒုတိယတန်းစားတွေအတွက် ကိုးကွယ်ယုံကြည်မှုဟာ
လိုအပ်တယ်"တဲ့
ယုံကြည်မှုဟာ အရက်လိုပဲ
မီးတောက်တိုင်း ကောင်းမှတ်ရော့လား
ဘုရားသခင် သေတာကြာပြီ
ပလေတိုးသေတာ ဘုရားသခင်ထက်တောင် စောမှတ်တယ်
ဧသင်ဒီမိုကရေစီနိုင်ငံတော်ကို
စပါတာတွေ ဝင်မစီးခင်ကတည်းက
သူ့ဆရာ ဆိုကရေးတီး
အဆိပ်ခွက်ကို လှမ်းမယူလိုက်ခင်ကတည်းက
"ဟိတ်..မြည်းလိုကောင်
ငါ့စက်ဝိုင်းတွေပေါ်က ဖယ်လိုက်စမ်း"
သင်္ချာကိုမသိ ပညာကိုမသိ
"အာခီမီဒီ"ကိုမသိတဲ့ ရောမစစ်သားတယောက်ရဲ့ဓားချက်မှာ
ပညာရှင်တယောက် ကျဆုံးမသွားခင် တစက္ကန့်အလိုက...။
ကိုသန်းထွန်း
No comments:
Post a Comment