Friday, July 3, 2020

ကဗျာ

အချစ်ကဗျာ
🍃🍃🚶🍃
ညိုမြသွေး

ဖြတ်သွားဖြတ်လာလုပ်မိတိုင်း
သမင်လည်ပြန်ငေးခဲ့ရတဲ့
စာသင်ကျောင်းကလေးကို
ကျနော်က သံယောဇဥ်လို့ ခေါ်ပါတယ်။
ထိုင်ခဲ့ဖူးတဲ့ စားပွဲခုံကလေး
နဲ့ ကြိုးထုံးထားတဲ့ လွယ်အိတ်ကလေး၊ သနပ်ခါးအဖွေးသားနဲ့မိတင်လှကိုရော၊နှပ်ချေးတွဲလောင်းနဲ့ ဂျပုခင်မောင်ကြွယ်၊အတန်းပိုင်ဆရာမ ဒေါ်လှသိန်း 
နဲ့ ကျောင်းတက်ခေါင်းလောင်းထိုးတဲ့ သံချောင်းကြီးပါမကျန်
ကျနော်က သံယောဇဥ်လို့ခေါ်ပါတယ်
နောက်တော့ ကိုယ်လုံးကိုယ်ဖန်
တောင့်တောင့်နဲ့ ခေါင်းမော့ ရင်ကော့လျှောက်တတ်တဲ့မမကို သံယောဇဥ်ခေါ်မိပြန်တယ်။ 
လက်ဖက်ရည်ခွက်ကလေးတွေကိုယ်စီနဲ့ စီးကရက်ဖွာရင်း
ငြင်းကြခုန်ကြ၊ ပုလင်းတလုံးကိုဝိုင်းထိုင်ရင်း သီချင်းတွေဆိုခဲ့ကြတဲ့ နုနုငယ်ငယ်ဘဝတွေကနေ ရင့်ရင့်ထော်ထော်တွေဖြစ်လာကြတဲ့ သံယောဇဥ်တွေလည်း ကျနော့မှာ ရှိခဲ့ပါတယ်။
အဲဒီ..သံယောဇဥ်တွေကို ဗုဒ္ဓက
ဒုက္ခလို့ခေါ်ပြီး တချို့တလေက ဝတ္တရားလို့ ခေါ်ပါတယ်၊
အင်းလေ ဘယ်သူတွေက
သမုဒယခေါ်ခေါ် ဒုက္ခခေါ်ခေါ် 
ဝတ္တရားလို့ခေါ်ခေါ်...
ကျနော်ကတော့
အချစ်လို့ခေါ်ပါတယ်...

ညိုမြသွေး

poem#observation#shinlhu
အခ်စ္ကဗ်ာ
🍃🍃🚶🍃
ညိဳျမေသြး

ျဖတ္သြားျဖတ္လာလုပ္မိတိုင္း
သမင္လည္ျပန္ေငးခဲ့ရတဲ့
စာသင္ေက်ာင္းကေလးကို
က်ေနာ္က သံေယာဇဥ္လို႔ ေခၚပါတယ္။
ထိုင္ခဲ့ဖူးတဲ့ စားပြဲခုံကေလး
နဲ႔ ႀကိဳးထုံးထားတဲ့ လြယ္အိတ္ကေလး၊ သနပ္ခါးအေဖြးသားနဲ႔မိတင္လွကိုေရာ၊ႏွပ္ေခ်းတြဲေလာင္းနဲ႔ ဂ်ပုခင္ေမာင္ႂကြယ္၊အတန္းပိုင္ဆရာမ ေဒၚလွသိန္း 
နဲ႔ ေက်ာင္းတက္ေခါင္းေလာင္းထိုးတဲ့ သံေခ်ာင္းႀကီးပါမက်န္
က်ေနာ္က သံေယာဇဥ္လို႔ေခၚပါတယ္
ေနာက္ေတာ့ ကိုယ္လုံးကိုယ္ဖန္
ေတာင့္ေတာင့္နဲ႔ ေခါင္းေမာ့ ရင္ေကာ့ေလွ်ာက္တတ္တဲ့မမကို သံေယာဇဥ္ေခၚမိျပန္တယ္။ 
လက္ဖက္ရည္ခြက္ကေလးေတြကိုယ္စီနဲ႔ စီးကရက္ဖြာရင္း
ျငင္းၾကခုန္ၾက၊ ပုလင္းတလုံးကိုဝိုင္းထိုင္ရင္း သီခ်င္းေတြဆိုခဲ့ၾကတဲ့ ႏုႏုငယ္ငယ္ဘဝေတြကေန ရင့္ရင့္ေထာ္ေထာ္ေတြျဖစ္လာၾကတဲ့ သံေယာဇဥ္ေတြလည္း က်ေနာ့မွာ ႐ွိခဲ့ပါတယ္။
အဲဒီ..သံေယာဇဥ္ေတြကို ဗုဒၶက
ဒုကၡလို႔ေခၚၿပီး တခ်ိဳ႕တေလက ဝတၱရားလို႔ ေခၚပါတယ္၊
အင္းေလ ဘယ္သူေတြက
သမုဒယေခၚေခၚ ဒုကၡေခၚေခၚ 
ဝတၱရားလို႔ေခၚေခၚ...
က်ေနာ္ကေတာ့
အခ်စ္လို႔ေခၚပါတယ္...

ညိဳျမေသြး

poem#observation#shinlhu

ကဗျာ

ငါက တစ္ဆေတကောင်ပါ
🍃🍃🚶🍃🍃🍃🍃🍃
ညိုမြသွေး

ပိတောက်ပန်းခြောက်တွေ
လေနဲ့လွင့်ပါးခဲ့ကြ..
ပိတောက်ပင်ကြီးကတော့
သူ့အမြစ်နဲ့သူ ကြံ့ကြံ့ခံတယ်

အိပ်မက်ဆိုးက
နိုးထသူတွေကို သနား
နိုးထပြီးမှ အိပ်မက်မက်နေသူတွေကို ရွံရှာ

ဆယ်စုနှစ်သုံးလေးခုစာ 
တကတ်ထဲရိုက်ပြခဲ့တဲ့ အပြောင်းအလဲတွေထဲ
မပြောင်းမလဲ ကျန်နေသေးတဲ့ရင်ခုန်သံ အဟောင်းကြီးဟာ
ဝမ်းနည်းရမှာလား
ဝမ်းသာရမှာလား
အထီးကျန်လွန်းရဲ့...

ညိုမြသွေး

poem#observation #shinlhu

ကဗျာ

အောက်တိုဘာ (၁၈) ညဦး
🍃🍃🍃🍃🍃🍃🍃🍃🍃

မုန်တိုင်းနောက်က
ကိုယ်ယောင်ဖျောက် ရင်း
ခိုးချောင်ခိုးဝှက် အေးသက်ညှင်းညှင်း
မင်းဝင်လာတာ♪
ငါသိပါတယ်  မြောက်ပြန်လေ♬ ♬ 

တိမ်စင်နက်ပြာ အာကာပြိုးပြက်
မလင်းတချက် လင်းတချက်နဲ့
စိန်စက်ကြယ်စင် ခရီးနှင်သလို
ငါ့ကိုလှည်းစား မင်းဝင်သွားပေါ့
မလေးရှားပိတောက်ကိုင်း
ဆိုင်းဆိုင်းတွေကြား ပုန်းကစားရင်း
မင်းပျော်နေလား ပိုးစုန်းငယ်...

ညိုမြသွေး

​poem#observation#shinlhu

ကဗျာ

ဆောင်းခိုငှက်​တ​ကောင်​ရဲ့ဆင်​ဖနီ
♪ ♬ ♪ ♬ ♪ ♬ ♬ ♪ ♪ ♬ ♪
​ဆောင်းရေ♪ ♬
ပြက္ခဒိန်​​ တွေPhoto slide ဆွဲသလို
သက္ကရာဇ်​​တွေလည်းဇရာ​ထောင်းပေါ့ကွယ်
နှင််းတွေက ​ဝေ​​နေတာလား ​ကြွေတာလား
မြက်​ဖျားခိုစီး နှင်းသီးပေါက်​ရဲ့ည​နေဟာ
ဆည်းဆာ​တောက်​​တောက်​အ​ဝေး​ပြေးလမ်းမကြီးပေါ်
အရှိန်​နဲ့ဖြတ်​သန်းနေကြတဲ့ ကား​တွေ​နောက်​က
အချက်​ပြမီး ရဲရဲ​လေး​တွေ လက်​ပြနှုတ်​ဆက်​မှုကို အသိမှတ်​ပြုရင်း
ကုန်းဆင်းကုန်းတက်​နဲ့ အ​ကွေ့အ​ကောက်​​တွေများတဲ့ခရီး
​ဝေးသလား နီးသလားမသိနိုင်​ခဲ့
သီချင်းတွေ ဆက်​ဆိုချင်​ပါ​သေးတယ်​​ဆောင်းရယ်​
သံစဉ်အက်​အက်​ ရင်​ကွဲထွက်​အန်​
ဖိတ်​လျှံ​သွေးစ နှင်းလွလွကြား
ပန်​ချီးကားတချပ်​ အပြီးသတ်​​တော့မလား
ဘဝ​ဖော်​နဲ့ ​ပျော်​ခဲ့တဲ့​ဆောင်း
​ဆောင်း  ဆောင်း ဆောင်း
ဆောင်းအဟောင်းတွေ
​ကြွေခဲ့ပြီလား ​ဝေးပြီလားကွယ်​
ရာသီနုသစ်​ ပြူတင်းလှစ်​ရင်း
နှင်းငွေ့​ဝေ​ဝေ ​မြောက်​ပြန်​​လေမှာ
​မျောပါတဲ့​ဆောင်း
သစ်​​တဲ့ ​ဆောင်းရေ
အ​ကြောင်း မသင့် အခွင့်မသာ
မကြိုပါက ငါ့ကိုပြစ်​တင်​
မငြိုငြင်​ပါနဲ့​တော့
သင်​နဲ့ ငါ ဟာ အခါလွန်သတင်းစာအ​​​ဟောင်းတရွက်ရဲ့
အထီးကျန်​​နေ့​တွေမှာ
တစိမ်းပြင်ပြင် တွေပ ကွယ်​...

ညိုမြ​သွေး
6:18 pm
Thu,19 Oct 2017
poem#observation#shinlhu

ကဗျာ

ဖြတ်လျှောက်ခဲ့တဲ့လမ်းကလေး
.🍃🍃🚶🍃🍃🍃🍃🍃

လူ့အဖြစ်ဟာ
အသေအချာတွက်ချက်ထားတဲ့
ပုစ္ဆာတခုမဟုတ်သလို
တခြားသူထုတ်ထားတဲ့
မေးခွန်းစာရွက်လည်း မဟုတ်ဘူး
ကိုယ်လျှောက်ခဲ့တဲ့ လမ်းကလေးမှာ
ကိုယ်တိုင် စိုက်ထူခဲ့တဲ့
လမ်းပြမြေပုံ ပဲဖြစ်တယ်...

ညိုမြသွေး
poem#observation #shinlhu

ကဗျာ

သေတမ်းစာ
☁☁️🌞☁ 

ငါထင်တာ မှားတယ်
ငါ့ခေါင်းဆောင်တွေ ကျောရိုးမဲ့

ငါထင်တာ မှားတယ်
ငါ့ရဲဘော် တချို့
တိုက်ပွဲကို ငှားရမ်းခဲ့

ငါထင်တာ မှားတယ်
ငါ့မိတ်ဆွေများ 
ဇာတ်ညွှန်းပြောင်းရိုက်ခဲ့

ငါက လုံးဝမှားတယ်
ဇာတ်ရုပ် မှားထွက်ခဲ့

ငါမှန်တာဆိုလို့
ဒီနေ့အထိ
ပညာမဲ့

ညိုမြသွေး

poem#observation #shinlhu