တနေ့ က ညီ ကဗျာဆရာ တယောက်က
ဖုန်းဆက်တယ်။"အကို ကြီး ကိုလှကိုတယောက် မြောက်ဥက္ကလာ ဆေးရုံမှာ သူ့နှလုံး ရောဂါအတွက် ပုံမှန်သွား ပြတာ
ကိုဗစ် Positive တွေ့ လို ဆို ပြီး ဆေးရုံတင်လိုက်တယ်၊ နီးစပ်ရာတွေ သတင်းပေးလိုက်ပါအုံး"တဲ့။
လှကို ဆိုတဲ့နာမည် ရှင်လူစသိတာ ခုနောက်ပိုင်း မှပါ။ ဟိုး မဆလခေတ် ၁၉၈၀
မတိုင်ခင် တောင်ဥက္ကလာမှာ စာပေလုပ်သားအဖွဲ့ စတင်ဖွဲ့စည်းစဉ်က စာပေ
လုပ်သားရုံးမှာ သူ့အကို ကိုအုန်းမြင့်
(အုန်းမြင့်ဦး) က အတွင်းရေးမှူး မြင့်ဝင်းနီနဲ့ ပတ်သက်ပြီး ရုံးထိုင်ဝိုင်းကူနေချိန်မှာ
တခါတခါ သူ့ကိုလည်းတွေ့ ရတတ်ပါတယ်။အဲ့တုန်းက သူ့ ကို ဆန်နီလို့ပဲသိခဲ့ရပါတယ်။၈ လေးလုံးကာလကျတော့ ကေတုမာလာကွေ့  ကွမ်းယာဆိုင် တံခါးတွေနဲ့
ဓါတ်တိုင်တွေမှာ ကြေ ညာချက်စာရွက်တွေ ကော်သုတ် ပြီး တ ဗြန်းဗြန်းရိုက်ကပ်နေတာ တွေ့ နေရ ပြန်တယ်။ဒီလိုနဲ့  နောက်ပိုင်းအချိန်အတန် ကြာမှာ တောင်ဥက္ကလာ
NLD မြို့နယ် အလုပ်အမှုဆောင်ထဲပါနေသလိုလို ကြားရ ပြန်တယ်။
၁၉၉၀ ရွေးကောက်ပွဲ မှာ NLD ပါတီ
အနိုင်ရ ပြီး စစ်အစိုးရရဲ့ အနှိပ်စက်ခံနေရတဲ့ အနှစ်နှစ်ဆယ် နောက်ပိုင်းကာလတွေမှာတော့ ၉၀ ခု တောင်ဥက္ကလာ လွှတ်တော်ကိုယ်စားလှယ်၊NLD ဗဟို အလုပ်အမှုဆောင်၊ရန်ကုန်တိုင်း ဥက္ကဌ သ္ခင်စိုးမြင့်
အိမ်မှာ သူနဲ့ ပြန်ဆုံရပါတယ်။အဲဒီ အချိန်က သတင်းမီဒီယာဆိုတာ ပြည်တွင်းမှာစစ်အစိုးရသတင်းမီဒီယာတွေပဲ ရှိတဲ့ကာလပါ။ဒါကို ခုခံနေရတဲ့ သတင်းလွှာကတော့
NLD ဗဟို ကထုတ်တဲ့ ကြေ ငြာချက်များပဲ ဖြစ်ပါတယ်။ဘယ်လောက်ထုတ်သလဲ ဆိုရင် တခါတခါ တနေ့ ထဲ နှစ်စောင် သုံးစောင် ထွက်ပါတယ်။ဥ က္ကဌ ဦးအောင်ရွှေကိုယ်တိုင် ထုတ်တာပါ။ထောက်လှမ်းရေးေ တွ တကောက်ကောက်လိုက်နေတဲ့ ကြားက ရှင်လူ ကြီးတို့ စာရွက်လိပ် ခါး ကြားထိုး ပြီး BSA စက်ဘီးလေးနဲ့ သတင်းစာပို့သမားလို ရပ်ကွက်တကာ ပတ်ရပါတယ်။တခါတခါ တောင်ဥက္လလာတွင်းသာမက။ရန်ကင်း ၊မရမ်းကုန်း မြို့ နယ်တွေအထိ ခြေဆန့်ရပါတယ်။နောက်ပိုင်း နှစ်များရဲ့ နေ့ တနေ့ မှာ သ္ခင်စိုးမြင့်က
"ဦးအောင်ရွှေ ကြေ ညာချက်တွေ ဆက်မလုပ်တော့ဘူး၊ အန်ကယ့်ကိုတာဝန်လွှဲလိုက် ပြီ၊ ကိုအောင် မြင့် ကူအုံး ဆိုတာနဲ့
NLD ကြေညာချက်အတော်များများ မှာ
ရှင်လူ ကြီး Ghost writer လုပ်ခဲ့ရပါတယ်။အဲ့အချိန် အတွေ့ အ ကြုံများအရ ပြည်ထောင်စုနေ့  ကြေညာချက် ဘာညာဆို
Federal(ဖက်ဒရယ်)ဆိုတဲ့ စကားလုံးကို
လုံးဝသုံးလို့မရခဲ့ပါဘူး။ ရှင်လူ ကြီးရေးချင်ပေမယ့် အန်ကယ်ဦးစိုးမြင့်က"မလုပ်နဲ့ ကိုအောင် မြင့် ၊ဒု က္ခရောက်သွားမယ်၊စစ်မှန်သော ပြည်ထောင်စု လောက်ပဲလုပ်"လို့
တားခဲ့ပါတယ်။ မှတ်မှတ်ရရ NLD ခေါင်းဆောင်ပိုင်းAuto Biography စာအုပ်ထုတ်မယ် ဆိုတော့ သ္ခင်စိုးမြင့်ဘေးကပြော ပြတဲ့ သူ့ဇာတ်ကြောင်းကို ရှင်လူရေးခဲ့ရတယ်။နောက် အင်္ဂပူမှာNLD ဆိုင်းဘုတ်ကို
ဖြုတ် ပြီး ချောင်းထဲ ပစ်ချခံရတာ တံငါပိုက်ထဲက ပြန်ရတဲ့အကြောင်း၊ဓနုတ်ဘုရားမှာ စစ်တပ်က ရွာသားတွေ ခေါ်ခိုင်းတုန်း
ညောင်ကိုင်းပိလို့ ရွာသားတွေ သေကြေ
ဒဏ်ရာရတဲ့အကြောင်း၊ ထောက်လှမ်းရေး
၂၆ က တပ်ကြပ်မောင်တိုးဆိုသူက တောင်ဥက္ကလာထဲက NLD အဖွဲ့ဝင်တွေကို
ဖိအားပေး ခြိမ်းခြောက်ပြီး နှုတ်ထွက်ခိုင်းနေတဲ့ အကြောင်း စတာတွေပါပဲ။အဲဒါ တွေကို ရှင်လူကရေး သ္ခင်စိုးမြင့်က Edit လုပ်၊
အပေါ်က ပြောခဲ့တဲ့ ဆန်နီ ခေါ် လှကိုခေါ်
Kyimaw Htunzin က လက်နှိပ်စက်ရိုက်ရပါတယ်။အဲဒါေ တွ နောက်နေ့  ကြေညာချက်ထုတ်၊BBC VOA RFA စတဲ့
ပြည်ပသတင်းဌာနတွေက ဖေါ် ပြခဲ့ပါတယ်။ ခုနောက်ပိုင်းငါးနှစ်လောက်ရှိမလားပဲ။
လှကိုတယောက် လေ ဖြန်းပြီး သေမလို
ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် သူကအပေအတေ။ မြောက်ဥက္ကလာ ဆေးရုံ နှလုံးကုသဆောင် မှာဆို ဆရာဝန်ဆရာမတွေ သူ့ ကိုမသိသူ မရှိ။ ဘိုပီ နှလုံးခွဲရတုန်းကတောင်
သူကပဲ ဟိုလိုလုပ် ဒီလိုလုပ် ညွှန်ကြားနေသေးတယ်။မတွေ့ တာ ကြာလို့ သေ ပြီ
ထင်မိတိုင်း ၄ ရပ်ကွက်လမ်းတွေပေါ်မှာ
မန်ဒါလီစတိုင်နဲ့ စောင်းငန်းစောင်းငန်းခဏခဏဆုံရ။ဟိုတုန်းကတော့။ဝမ်းစာအတွက် အိမ်တွေလိုက်ပြီးအင်္ဂလိပ်စာသင်ပေးနေတယ်ထင်တာပဲ။နိုင်ငံရေးပွဲတွေမှာ
ဖြစ်ဖြစ် အလုပ်သမားဆန္ဒ ပြပွဲတွေမှာ ဖြစ်ဖြစ် နံပတ်ဒုတ်တွေနဲ့ နီးနီးမှာ ဖုန်းကင်မရာကိုင် ပြီး ယက်ကန်ယက်ကန်နဲ့ ဗွီဒီယိုတွေလိုက်ရိုက်၊Kyimaw Htunzin accနဲ့
လိုင်းပေါ်တင်။တချက်မှ အ ငြိမ်မနေ။
ဘယ်အပ်စိုက်ရာက နည်းပေးလိုက်တယ်မသိ၊ သူ့ ရောဂါ သူကိုယ်တိုင် အပ်စိုက်ကုလိုက်သေး။မနှစ်ကတော့ ရှင်လူတို့
မနက်လမ်းလျှောက်အဖွဲ့  Maze Walker Team ရှိရာ ပါရမီဂုံးတံတား
မနက်ခင်းတွေဆီ သူရောက်လာခဲ့တယ်။
လေ့ကျင်းခန်းအတူလုပ် ကြ၊ လက်ဖက်ရည်ဆိုင်အတူထိုင်ကြနဲ့ သူလည်း Maze Walker တယောက် ဖြစ်လာခဲ့တယ်။
အဲဒါ Positive ဖြစ် ပြီး သူဆေးရုံတက်ရကြောင်း သတင်းကြားလို့ FB ပေါ်မှာ
ကဗျာဆရာ နီသျှန်နဲ့တွေ့ ခိုက် သတင်းပေးလိုက်တာ နီသျှန်က လှကို သတင်းကိုဓပုံတွေနဲ့တကွ ပြန်ပို့ပေးတယ်။
သကောင့်သားက ဧရာဝတီစင်တာမှာ ဇိမ်ကျနေတယ်။ဒါပဲကောင်းပါတယ်လေ။
အိမ်မှာနေလည်း သားမယားမရှိ ၅၀ ကျော် လူပျို ကြီး။
(နိုင်ငံရေးတွေပါ ကုန်တာ ခွင့် လွှတ်ပါ၊
ရေးတဲ့ ရှင်လူလည်း ၆၇ နှစ် ပြည့်တော့မှာဆိုတော့ သေရင်ပါသွားမယ့် အကြောင်းလေးတွေ နောက်လူတွေအတွက် လိုရ မယ်ရ ပေါ့)
story#observation#shinlhu
No comments:
Post a Comment