မျိုးချစ်လွန်မွေးနေ့ နဲ့ 
ချစ်ဧည့်သည်
👻👻👻
ရှင်လူ
"ဒီအချိန် ဧည့်သည် လာလို့မရသေးဘူးလေ" ကျနော့ စကားကို သူက မ ကြားသလို ကျောခိုင်းရင်း တုံဏှိဘာဝေ ဆိတ်ဆိတ်နေ မြဲ။
ကျနော်ကလည်း သူ့ကို ဝတ္တရားအရ ပြောမယ့်သာ ပြောလိုက်မိတာ၊ ရင်ထဲက အထီးကျန် ဝေဒနာက ကင်ဆာ အ မြစ်တွယ်သလို တွယ်စ ပြု နေတာ ကြာ ပြီ။
"လူ့ ယဉ်ကျေးမှုတွေ အထွဋ် အထိပ်ရောက်နေတဲ့ ၂၁ ရာစု ကမ္ဘာ ကြီးမှာ နေထိုင်ရင်း အထီးကျန် ရတယ်လို့ဗျာ" အတိုက်အခံ ပြု မေးခွန်းတခု ကိုယ့်ဘာသာ
ပြန်မေး ကြည့်ရင်း ဆင်ခြေ ဆင်လက်တွေ ရှာ လိုက်တော့ အချက်အလက်တွေက
ပုံနှိပ်နေဆဲ နေ့ စဉ် သတင်းစာတစောင်လို
အချပ်လိုက် အထပ်လိုက် အစောင်လိုက်တွေ တထပ် ပြီးတထပ် တဖျပ်ဖျပ် ထွက်ပေါ်နေရဲ့။
အမှန်တော့ မိမိကိုယ်တိုင်က အုပ်စုဖွဲ့ မနေတတ်တော့ရာက စတင်တယ်လို့ ပြောရမှာပဲ။
မိမိမွေးဖွား ကြီး ပြင်းရာပတ်ဝန်းကျင်က အစု အဖွဲ့ နဲ့ နေ ကြတဲ့ပတ်ဝန်းကျင်။မိမိ ကိုယ်တိုင်လည်း အစုအဖွဲ့ကို အားကိုး၊ အစုအဖွဲ့ကို ချစ်ခင်၊ အစုအဖွဲ့ နဲ့နေရမှ စိတ်လုံ ခြုံတဲ့ အကျင့်တွေ နှစ်အတန် ကြာ ကျင့်သားရနေခဲ့တယ်။
အစု အဖွဲ့ဟာ အားကိုးရတာ မှန်ပါတယ်။ဒါပေမယ့် အစုအဖွဲ့က ကိုယ့်ကို တန်ပြန်အားကိုးလာရင်လည်း ကိုယ့်ဘက်က
ပြန်လည် ပေးဆပ်နိုင်ရပါတယ်။
အပြန်အလှန်အမှီသဟဲ ပြုနေထိုင် ကြတဲ့သဘောပါပဲ။ဒါကို တနည်းအားဖြင့် အမျိုး ဘာသာသာသနာ စသ ဖြင့် ထွေလီကာလီ အစုအဖွဲ့ တွေ၊ အတွေးအခေါ် အယူအဆ အမျိုးမျိုးကိုကျောရိုးမဏ္ဏိုင် ပြုထားတဲ့ ပါတီ အဖွဲ့အစည်းတွေ။
ဒါ တွေကတိရိစ္ဆာန်သာသာ ဂူအောင်းလူသား ဘဝကနေ ပြီး Evolution သဘောအရ တရွေ့ ရွေ့  ပြောင်းလဲတိုးတက်လာတဲ့ လူ့ယဉ်ကျေးမှုရဲ့ ရလာဒ် တွေပါပဲ။
အဲဒီ လူ့ အဖွဲ့အစည်း ကြီးဟာ တိုးတက်ရင်း တိုးတက်ရင်းနဲ့ ခေတ်လွန်သိပ္ပံပညာတွေကို ပိုင်ဆိုင်နေ ကြပေမယ့်အဲဒီနည်းပညာတွေနဲ့ သဟဇာတ ဖြစ်တဲ့လူ့အဖွဲ့အစည်းမျိုးကိုတော့ မတည်ဆောက်နိုင်ကြသေးပါ။ တိုရှင်း လိုရင်း ရှေးစကား တခွန်းနဲ့ ပမာပေးရရင် "မျောက်စတင်းဂန်း ရသလို"ပါ ပဲ။
ခေတ်လွန်သိ ပ္ပံပညာ ပိုင်ဆိုင်ထားတဲ့ လူ့ အဖွဲ့အစည်းအသီးသီးရဲ့ အသိညာဏ်ဟာ မျောက်သာသာ အသိညာဏ်ပဲ ရှိပါသေးတယ်။
ဒီ ခေတ်လွန်သိပ္ပံပညာပိုင်ဆိုင်ထားတဲ့
ကမ္ဘာ ကြီး ဟာ နေ့ စဉ် သင်တုန်းဓားထက်က ပျားရည်လျက်နေရသလိုပါပဲ။
စကားစပ်လို့ ကွယ်လွန်သွားရှာ ပြီ ဖြစ်တဲ့
စာရေးဆရာ တာရာမင်းဝေရဲ့ ဝတ္ထုတပုဒ်ကိုသွားသတိရပါတယ်။ဝ တ္ထုနာမည်မမှတ်မိတော့ပေမယ့် အထဲကစာသားက အသက်ပါ။ ကျောင်းဘော်လုံးအသင်းနှစ်သင်း ပြိုင်ကန် ကြတော့ တဖက်အသင်းက မိမိတို့အသင်းဘက်ဂိုးသွင်းခံရတဲ့အခါ အားလုံးဟာ ဟာခနဲ ဟင်ခနဲ ဖြစ် ပြီး တောက်ခေါက် ကြ ဒေါသ ဖြစ်နေ ကြချိန်မှာ
သူကတော့ လက်ခုပ်တီးပါသတဲ့။ဒါကို
ဘေးလူတွေက မကြေနပ်နိုင်ပဲ "မင်းကဘာလို့ သူများအသင်းဘက်ကအားပေးရတာလဲ"ဆိုတော့"ဟ ဘော်လုံးကန်တယ်ဆိုတာ၊ကိုယ်ကနိုင်ချင်သလို သူများတွေလည်းနိုင်ချင်မှာပဲလေ။ကိုယ်ချင်းစာမှပေါ့။ဒါကြောင့် သူတို့ ဂိုးသွင်းတော့ငါက လက်ခုပ်တီးအားပေးတာ"တဲ့။ဒီလောက်ရိုးရှင်းတဲ့ ကိုယ်ချင်းစာတရား။ ဂ င်္ဂါဝါဠုသဲစု
မက ပွင့်ခဲ့ ကြတဲ့ဘုရားတွေကလည်း
ဣသာ မစ္ဆရိယ မထား ကြဖို့ မေတ္တာ ကရုဏာ မုဒိတာ ပွားကြဖို့ အ ကြိမ်ကြိမ်ဟောခဲ့ ကြ ပြီး၊ အ ခြား အ ခြားသော နတ်တွေ ဘုရားတွေ တမန်တော်တွေကလည်းအာပေါက်မတတ် သွန်သင်ခဲ့ပါလျက်နဲ့
ကိုယ်ချင်းစာ တရားဆိုတဲ့ ဖတ်စာတပိုဒ်တပါဒ လောက်တောင် အလွတ်မရနိုင်သေးတဲ့ လူ့ယဉ်ကျေးမှုဟာ အထက်ပါ စကားပုံအတိုင်း "မျောက်စတင်းဂန်း ရသလို"ပါပဲ။
ဒါ ကြောင့် မိမိရဲ့ မွေးရာပါ ပတ်ဝန်းကျင်၊
အဲ့လို ကမ္ဘာ ကြီးကို နမ်းစရာပါးပြင်ရှာမရပါ။ မျိုးချစ်စိတ် ကို ပွေ့ ဖက်ချင်ပေမယ့်
မျိုးချစ်စိတ်မှာ ဖက်စရာ ကိုယ်လုံးမရှိပါ၊
အနံ့ ဆိုးသော ပါးစပ်များသာ ရှိပါတယ်။
ဟော ဘာသာ သာသနာ တဲ့။အနည်းအငယ်မှအပ ဘုရားသာရှိရင် အမွေ ပြတ်အကြေညာ ခံရမယ့် ဘာသာအနွယ်ဝင် သာ
သနာအနွယ်ဝင်များ။
အဲဒီ အုပ်စု စိတ်၊ အစုအဖွဲ့ စိတ် မိမိမှာမရှိတော့ အထီးကျန်ပါတယ်။လက်ချိုးရေတွက်ရလောက်သော မိတ်ဆွေရင်း အနည်းငယ်ရှိပါတယ်။ အဲဒီမိတ်ဆွေများဟာ သူတို့ နှုတ်က ထုတ်ဖော်မပြော ကြတဲ့တိုင် မိမိလိုပဲ လွတ်လပ်မှု ၊တရားမျှတ မှုနဲ့ ငြိမ်းချမ်းမှုကို မြတ်နိုး ကြပါတယ်။ ငါ့မိသားစု၊ငါ့အမျိုး ငါ့ ဘာသာ ငါ့ပါတီ ဆိုတဲ့အစွဲတွေထက် ဓမ္မနဲ့ အဓမ္မ နှစ်ဘက်ယှဉ်လာရင်
ဓမ္မ ဘက်က ရပ်တည်ရဲ ကြသူတွေ ဖြစ်ပါတယ်။
မိမိ အတွေးတွေက မြောက်ပြန်လေထဲလွင့်မျောရင်း ဆောင်းအိမ်မက် မက်သလို
ယောက်ယက်ခတ်နေဆဲမှာ ဘာစည်းကမ်းချက်ကိုမှ ဂရုမစိုက်၊ လောကဓမ္မ၊ ဥတုရာသီရဲ့ သဘာဝ ကိုပဲ လက္ခံ လိုက်နာတတ်တယ်ဆိုတဲ့ ဧည့်သည် ကြီးဟာ မှန်တံခါး ကြီးပေါ်မှာ ငြိမ်သက်စွာ ထိုင်နေပါတယ်။ မိမိက သူ့အနီး ကပ် ပြီး ဓါတ်ပုံရိုက်တာတောင် ဖုန်းကင်မရာတွေကို ခေတ်လွန်အသုံးအဆောင်မှန်းမသိတဲ့ သူက
ဂရုမစိုက်ပါဘူး။မနေ့  ကတည်းကအနောက်ခန်းထဲက ဘေစင်နားမှာ မိမိကို သူလာနှုတ်ဆက်ပါတယ်။အကြောင်းမသိသူ ဆိုရင်ဇက်ပိုးကို တယောက်ယောက်က လှမ်းပုတ်လိုက် သလိုမျိုး။တကယ်တော့ သူ့ရဲ့သန်မာတဲ့ နောက်ခြေထောက်ရှည် ကြီးတွေနဲ့ မိမိဇက်ပိုးကိုထောက်ခုန်သွားတာပါ။သူ့ကိုအကောင်အထည်မ မြင်လိုက်ရပေမယ့်သူရောက်နေ ပြီဆိုတာသိလိုက်တော့ မိမိဝမ်းသာသွားပါတယ်။ တကယ်တော့ နိုဝင်္ဘာ ၂၉ ရက်ဟာ မိမိရဲ့ ၆၇ နှစ်မြောက်မွေးနေ့ ပါ။နှစ်စဉ် ဒီလ ဒီအချိန်ရောက်တိုင်း ဒီ မိတ်ဆွေ ကြီးတွေက မိမိထံအလည်လာလေ့ရှိပါတယ်။ဒီလို ပိုးနှံကောင်စိမ်းစိမ်း ကြီးတွေ Mask မတပ်ဘဲအိမ်ထဲဝင်လာရင် စိတ်မဆိုးပါနဲ့ မိတ်ဆွေ၊
သူတို့ဟာ လူလုပ် Coronavirs အကြောင်းမသိပါ၊ သူတို့ရဲ့ဗီဇသဘာဝထဲမှာ စိမ့် ဝင်နေတဲ့ ဟေမန္တ ဥတုနဲ့ မြောက်ပြန်လေကိုသာ လိုက်နာတတ်ပါတယ်။
ရှင်လူ
9;00 PM
3 Nov 2020
(နိုဝင်္ဘာ ၂၉ ရက်နေ့  ၊မိမိရဲ့ ၆၇ နှစ်မြောက် မွေးနေ့ မှာ တင်ဖို့ ရေးထားတာပါ။
ခု တင်သင့် ပြီထင်လို့ မွေးနေ့ အ ကြို တင်လိုက်ပါတယ်)။
story#observation#shinlhu
No comments:
Post a Comment