Thursday, November 5, 2020

story

ကိုဘချစ် ဗိုလ်အောင်ဒင် နဲ့ မ မြဝင်းတို့
လှေနံနင်းကြပေတော့မည်။
💩👻👺💩👻👺💩👻👺
ရှင်လူ

စောစောက ရှင်လူ တင် ခဲ့တဲ့"မျိုးချစ်လွန်မွေးနေ့ နဲ့ ချစ်ဧည့်သည်"Post မှာ ဒီမိုကရေစီ စံနစ် အသားကျ ပြီး နိုင်ငံသားတွေကိုယ်တိုင် သာတူညီမျှ ထူထောင်ထား ကြတဲ့ပါတီ အချင်းချင်း ‌ရွေးကောက်ပွဲဝင် ပြိုင်ရာမှာ အ ပြန်အလှန် သဘောထား ကြီးကြဖို့ ရေရှည် ကျင့်သုံးရမယ့် ကျင့်ဝတ်များကိုရည်ညွှန်း ခဲ့ပါတယ်။
လက်ရှိ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကတော့ မစခင်ကတည်းက
လူချနေတဲ့ ဘောပွဲလို Fair Play မ ဖြစ်တဲ့ပွဲပါ။
ဘာလို့ Fair Play မ ဖြစ်လဲဆိုတော့။
လက်ရှိ ပါတီ စုံ စံနစ် ဖွဲ့စည်းရာမှာ
နှစ်ပေါင်းများစွာ အဖိနှိပ်ခံထားရတဲ့ ပြည်သူများကတဘက်၊ ပြည်သူကို အစဉ်တစိုက် ဖိနှိပ်လာခဲ့တဲ့ စံနစ်ဟောင်း နောက်ခံပါတီများကတဘက်။ ရှင်းရှင်း ‌ပြောရရင်
ရိုက်နှက် နှိပ်စက်သူများပါတီ နဲ့ တကိုယ်လုံး ကျောက်ပတ်တီး စီးထားတဲ့ပါတီနှစ်ပါတီထဲ ယှဉ် ပြိုင်ရမှာပါ။တိုင်းရင်းသား
လူမျိုးစုများ အပါအဝင်ပေါ့ဗျာ။အဲဒီတော့
ရှင်လူ ကြီးက ဘယ်သူ့ကို ဘယ်အထဲမဲထည့်ပါလို့ ဝင်မစွက်တော့ပါဘူး။
ဝါးရင်းတုတ် ကိုင်ထားသူက ဝါးရင်းတုတ်မဲပုံးထဲထည့် ပြီး၊ ကျောက်ပတ်တီးစီးထားတဲ့လူက ကျောက်ပတ်တီးမဲပုံးထဲ
အသီးသီးထည့် ကြပါလိမ့်မယ်။
ဝါးရင်းတုတ်အင်အားနဲ့ ကျောက်ပတ်တီးအင်အား ပိုများတဲ့ ပါတီက အနိင်ရပါလိမ့်မယ်။ ဆက်လက်ရှုစား‌တော်မူ ကြပါ။

story#observation#shinlhu

No comments:

Post a Comment