Tuesday, December 22, 2020
story
ရှင်လူ့ စီးတော် မြင်း Blue Diamond
🏇🏇🏇🏇🏇🏇🏇🏇🏇
ဒီစီးတော် မြင်းကလေးက ရှင်လူ့ ကိုဝန်ဆောင်မှုပေးခဲ့တာ လေးနှစ်‌ကျော်ခဲ့ ပြီ။
ရှင်လူ Bella မှာ အလုပ်စဝင်တော့ ရှင်လူ့အသက်က ၆၄ ၊အခု ၆၈ နှစ်ထဲရောက်ခဲ့ ပြီ။အဲ့တုန်းကနေ့ စဉ် အလုပ်ဆင်းဖို့ Bella ဂိုဒေါင်ရှိရာ ‌တောင်ဒဂုံစက်မှုဇုံ
(၁ ) ဟားခါးလမ်းကိုသွားဖို့ ရာ အမှတ် (၆) ကားက သစ်ဆိုင်ကွေ့ မှာပဲ မှတ်တိုင်ရှိလေတော့ ဟားခါးလမ်းကိုရောက်ဖို့ အဝေးကြီး လမ်းလျှောက်ရမှာ။ဒီတော့ ဖွေးဖွေးသိမ့် ဦးငယ်ချောင်ထိုးထားတဲ့ Mountain ဘီးလေးကို ဆွဲထုတ် မွမ်းမံပြီး နေ့ စဉ် အလုပ်ဆင်းခဲ့ရတယ်။ ရှင်လူ့ အိမ်ခန်းရှိရာ
တောင်ဥက္ကလာက နေ ပြီး ဘေလီတံတားကို ဖြတ် ‌မြောက်ဒဂုံကို‌ကျော် တောင်ဒဂုံစက်မှုဇုံထိ နေ့ တိုင်းအသွား အ ပြန် ဒီဆေးသားအ ဖြူတွေကွက် ပြီး သံချေးတွေတက်နေတဲ့ သံချေးတဝက် ဆေးတဝက်ဘီးကလေးနဲ့ တွဲလာခဲ့တာ အတော် ကြာခဲ့ ပြီပေါ့။သူ့ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း
အစိတ်ဝန်းကျင်က ရှင်လူ့ မှာ BSA စက်ဘီးအစိမ်းပုပ်လေးတစီး ရှိခဲ့ဖူးပါတယ်။အဲ့ BSA လေးကလည်း ဦးလေးဝမ်းကွဲတယောက်မှာ တစီးပိုနေလို့ ပြန်ရောင်းတာနဲ့ အရစ်ကျ ငွေသွင်း ပြီး ပြန်ဝယ်ထားတာပါ။အဲ့ဘီးလေးနဲ့ ရှင်လူတို့မောင်နှံ(မမ
မကွယ်လွန်ခင်ချိန်ထိ) တောင်ဥက္ကလာတခွင်မက တ ခြား မြို့ နယ်များကိုပါ တဝီဝီပတ်ခဲ့ပါတယ်။နာဂစ်မုန်တိုင်း ပြီးခါစ ကဆို
တောင်ဥက္ကလာကနေ ပြီး ယုဇနဥယျာဉ် မြို့ တော်ထိ သွားလည်ပြီး လက်ဖက်ရည်သောက်ခဲ့ ကြပါတယ်။ နီးနီးလေးထင်လို့
မမကို ကယ်ရီယာပေါ်တင်ပြီးနင်းသွားလိုက်တာ တောင်ဒဂုံ စက်မှုဇုံ(၃)ကိုကျော်တော့ တမျှော်တခေါ် လယ်ကွင်း ပြင်ကြီးတဆုံးမှာ ယုဇနဥယျာဉ်က မှုန်ပျပျ။တချို့ 
ကွန်ကရစ်လမ်းတွေက ပေါက်ပြဲ ပြီး သံချောင်း ကြီးတွေကထိုးထိုးထောင်ထောင်။
အဲ့ဒီနေ့ ကဥက္ကလာ ပြန်ရောက်တော့
လင်မယားနှစ်ယောက်လုံး ဒီကိုဂျင် တလုံးစီပဲသောက်ခဲ့ရတယ်။၂၀၀၉ ဇန္နဝါရီမှာမမကွယ်လွန် ပြီးနောက် ဝန်တဝက်ပေါ့သွားတဲ့ BSA လေးကို သိတ်မကျန်းမာတော့တဲ့ ရှင်လူ ကြီး ဆက်စီးနေပါသေးတယ်။TB ဖြစ်လို့ TBဆေး ၆ လ သောက်ရင်း လုပ်လက်စ အိမ်တွင်းလုပ်ငန်းလေး(ပန်းထိမ် မီးဂေါက်၊ဆီဘူး)ဆက်လုပ်ရင်း
တနေ့  လုပ်ငန်းမိတ်ဖက်(ပါတနာ)ဦးထွန်းရင်တို့အိမ် ကို ကုန်ချောပေး ကုန်ကြမ်းယူအသွား "တနေ့ ကရှင်လူလာတော့ စက်ဘီးနောက်မှာ ရှင်လူ့ မိန်းမပါလာတယ်"လို့ ဦးထွန်းရင်က ဆီး‌ပြောပါတယ်။
"အာ...မဟုတ်တာ"
"ဟုတ်တယ် သမီးငယ်ကြည်ပြာက
ရှင်လူ့မိန်းမပါလာတယ် ‌ပြော ပြီး ညက
အိပ်မက်ပေးလို့ သူ ကြိုက်တဲ့ မုန့်ဟင်းခါး
ချက်ပြီး ဘုရားဆွမ်းတော်ကပ်ထားတာ
ဟိုမှာ ကြည့်"ဆို ပြီးပြလို့ ဘုရားစင် ကြည့်လိုက်တော့ ထမင်းစားပန်းကန်ကြီးနဲ့ကို
မုန့် ဟင်းခါး ဆွမ်းကပ်ထားတာ။ အင်း ကိုယ်က သိတ်နေမကောင်းပေမယ့် စက်ဘီးနောက်မှာ အဖော်ပါတယ်ဆိုတော့
နင်းရတာ အရင်ကလို အားပါလာတယ်။
တကယ်တော့ ည ညဆိုယောင်ယမ်းဖက်မိတုန်းလေ။နှစ်ပေါင်း၄၀စာ ဥပါဒါန်တရားတွေ။နောက်ဆုံး ဒီBSAဘီးလေးကိုယ်တိုင် ချူချာလာတယ်။ခဏခဏလည်းမ ပြင်နိုင်၊ ပြန်ရောင်းလိုက်ဖို့ကလည်း သံယောဇဉ်က မ ပြတ်။ စစ်အစိုးရခေတ် အနှစ်၂၀ လုံးလုံး ပါတီ‌ကြေညာချက်စာရွက်စာတမ်းတွေခါးကြားထိုး ပြီး စစ်ထောက်လှမ်းရေးဆိုင်ကယ်တွေနဲ့ အ ပြိုင်ကြဲ၊
ရပ်ကွက် လမ်းကြိုလမ်းကြားမကျန် အတူတွဲခဲ့တဲ့ ရဲဘော်စက်ဘီးလေး။ဆက်လက်ထိမ်းသိမ်းထားဖို့  မတတ်နိုင်ဆဲမှာပဲ
လေ ဖြန်းထားဖူးတဲ့မိတ်ဆွေတယောက်
စက်ဘီးပြန်စီးကျင့်ချင်တယ်ဆိုတာနဲ့ 
"ပြင်သုံးဗျာ"ဆို ပြီးပေးလိုက်တာ တခါတခါ သူ ပြု ပြင်မွမ်းမံထားတဲ့ BSA လေးစီးပြီး လက်ဖက်ရည်ဆိုင်လာတာတွေ့ ရင်
"ငါ့ရဲဘော်လေးက ခုလို ယုယလိုက်တော့လည်း မဆိုးဘူး"ဆို ပြီး ‌ဖြေသိမ့်နိုင်ခဲ့ပါရဲ့။
ခုတော့ ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက
"ရှင်လူ့ Mountain ဘီးလေး ဆေးမသုတ်ဘူးလား"မေးတာနဲ့"ငါ မှ မလုပ်တတ်တာဘဲကွာ"ဆိုတော့ "ကျနော်ဒီနေ့ အားတယ်၊ပေးပိုက်ဆံ၊ဆေးဘူးနှစ်ဘူးလောက်ဝယ်ရမယ်"တဲ့။"ငါ့မှာ ပိုက်ဆံနည်းနေ ပြီ၊ မင်းပဲစိုက်ဝယ်ထားလိုက် ၊လကုန်ငါပေးမယ် ၊အ ပြာနုသုတ် ကွာ"‌ပြောလိုက်တာ မောင်ဝင်း အ ပြင်ထွက်သွား ပြီး
မှုတ်ဆေးနှစ်ဘူးနဲ့ သံဘရပ်ရှတွေ စက်ကော်ပတ်တွေဝယ်လာတယ်။မောင်ဝင်းတယောက် စက်ဘီးကို တစစီ ဖြုတ်ရင်း"
ရှင်လူ့ ဘီးက သံချေးကိုက်နေတော့ တချို့ဟာတွေ ဖြုတ်မရဘူး"တဲ့။
"အေး မရတဲ့နေရာ ဒီတိုင်းထား၊ သတင်းစာပတ်ပြီးသာမှုတ်ကွာ"လို့။
ခွေးခြခုံပေါ် စက်ဘီးဖရိမ် ကြီးခွတင် ပြီးဆေးမှုတ်နေလေရဲ့။ ညနေလည်းစောင်းရော
"ရ ပြီ ရှင်လူ၊ ဆေး‌ခြောက် ပြီဆို ပြီးစက်ဘီးကို ပြန်ဆင်နေတယ်။သူ့ နားကို
ရှင်လူ့ မိတ်ဆွေ အ ငြိမ်းစား လေတပ်ကအရာခံဗိုလ် ကြီးရောက်လာ ပြီး ဝိုင်းဝန်း
ကိုင်တွယ်ပေး၊အ ကြံပေးရင်းနဲ့ပဲ ရှင်လူ့ 
Mountain ဘီးလေး အသက်ပြန်ဝင်လာခဲ့တယ်။အပြာရောင်ဖြစ်သွားတဲ့ စီးတော်မြင်းကလေးကို နာမည်တခုတော့ ပေးဦးမှပါပဲ။သူ့ ကိုခွစီးရင်း သမီးထက်ထက်တို့အွန်လိုင်းဖွင့်ရောင်းနေတဲ့ Blue Lady နာမည်လေးသတိရ ပြီး Blue Angel ပေးရကောင်းမလား တွေးမိသေးတယ်။အာ..မ ဖြစ်သေးပါဘူး။ တော် ကြာ ကယ်ရီယာပေါ်
Angel လေးတွေပါလာမှ ဖြင့်တွေးမိ ပြီး။
အင်း Blue Diamond ...ဆိုရင်။
ဟုတ် ပြီ ဒါမဆိုးဘူး။
ကိုင်း ..ရွာစားရေ၊ မ ကြာ မဆိုင်း ဝဠာတိုင်း ခွင် ဒုန်းစိုင်းလို့သာ နှင်တော့မည်
Blue Diamond ဖေ့သားကြီး ခွာစုံပေါက်လို့သာ ဟီလိုက်ပေရော့ ၊ရွာအပြန်
ခွာသံပေးလိုက်မယ် တိုင်းတုန်ရော့လဟယ်...
story#observation#shinlhu
Thursday, December 3, 2020
story
ကလောင်ကို ကိုင်စွဲ... တလှမ်းစီသွားခဲ့
ကြပေ
🕛🕧🕐🕜🕑🕝🕒🕞🕓🕟
ညို မြသွေး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကို ပြန်ငေး ကြည့်မိတော့ မိမိကိုယ် မိမိ အံ့ သြတ ကြီး ဖြစ်ရပေါ့။ 
နှစ်ပေါင်း ၅၀ ကျော် ကို ပြန်ငေးနိုင်သူဆိုတာ ရာစုနှစ်တဝက်ကျော်အောင် ကောင်းကောင်း ဖြတ်‌သန်းနိုင်တာမဟုတ်လား။
တကယ်တော့ တချို့ အတိတ်တွေဟာ
စိတ်ကူးယဉ် အိပ်မက် တွေလို ဝိုးတဝါး
ပျောက်ကွယ်သွား တတ် ကြပါတယ်။ အသက်အရွယ်အရ မှတ်ညာဏ်တွေက
ယိုယွင်း ပျက်စီးတတ်တဲ့ ဇရာ ရဲ့ သဘာဝတွေ။ ဒါပေမယ့် မိမိရဲ့ ကျန်းမာရေး
ကိုယ်ခံအားကပဲ ကောင်းလို့လား ကံတရားကို ကျေးဇူးတင်ရမယ်။ မိမိအသက်က အခု ၆၇ နှစ် တင်းတင်း ပြည့်လုဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊
အသက် ၁၆ နှစ်အရွယ် လူငယ်လေးတယောက် ရဲ့ အ‌ကြောင်း ‌ပြော ကြရအောင်။
၁၉၆၉ ခုနှစ်မှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အ‌ကြောင်းတခုနဲ့ မိမိဟာ ဇေယျဝတီ မြို့ ကလေးကိုရောက်ခဲ့ပါတယ်။
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့ နယ် အတွင်းက ဇေယျဝတီ မြို့ လေးဟာ သ ကြားစက် ‌ကြောင့် လူသိများတဲ့ မြို့ လေးတ မြို့ 
ပါ။ အဲ့ဒီ မြို့ လေးကိုမိမိ ရောက် ပြီး မ ကြာခင်မှာပဲ တူရာ တူရာ  မြို့ ခံ ကဗျာ စာပေ သမားတွေနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။
သူတို့ အုပ်စုထဲမှာ အသက် အ ကြီးဆုံးက
လွမ်းနိုင်ဦး(ဇေယျဝတီ)ပါ။အဲ့အချိန်ကသူ့အသက် ၂၀ ကျော်လောက်ရှိပါ ပြီ။သူက မူလတန်းပြကျောင်းဆရာတယောက်ပါ။ပြီးတော့သူကိုယ်တိုင် ဦးဆောင် ပြီး ပန်းခရေ(ကဗျာမိသားစု)ဆိုတဲ့ အဖွဲ့လေးတဖွဲ့ ထူထောင်ထားပါတယ်။သူက အားလုံးထဲမှာဝါအရင့်ဆုံးဖြစ် ပြီး လစဉ်ထုတ် ငွေတာရီ နဲ့ မြဝတီ တို့မှာလည်း ကဗျာနဲ့ ဝတ္ထုတိုတွေ ရေးနေပါ  ပြီ။နောက်ပိုင်း လုပ်သား နဲ့ မြန်မာ့အလင်းသတင်းစာ တွေ
မှာလည်း သ ကြားစက်နဲ့ပါတ်သက်တဲ့
ဆောင်းပါးတွေလည်းရေးခဲ့ပါတယ်။
ကျန် လူငယ်အများစုကတော့ ကလောင်သွေးစ လူငယ်တွေပါ။မောင်ယဉ်ဌေး(ဇေယျဝတီ) မောင်ယဉ်သန့် ၊မောင်ယဉ်ရှိန်
(‌ဇေယျဝတီ)စသူတွေအပါအဝင်ဖြူးသားတွေ ဖြစ် ကြတဲ့ ရွှေ ဖြူးကိုကျည်းတန်၊
ရွှေ ဖြူးမောင်ယဉ်မျိုး၊ ဖြူးအောင်အောင်
စသူတို့ကလည်း ပန်းခရေ(ကဗျာမိသားစု)ထဲမှာ လာပေါင်းခဲ့ ကြပါတယ်။
မိမိလည်း ဇေယျဝတီ-မင်းလွင်စိုး အမည်နဲ့ ပန်းခရေ(ကဗျာမိသားစု)ဝင်တယောက် ဖြစ်ခဲ့ပါတယ်။၁၉၆၉ ဆိုတော့
ဦးနေဝင်း မဆလပါတီ ကြီးစိုးနေတဲ့ချိန်ပါ။
စာပေ သမဂ္ဂ၊ကဗျာသမ ဂ္ဂ ဆိုတာတွေလည်း ကြားတောင် မ ကြားရတဲ့ အချိန်ပါ။
ဒီလိုကာလမျိုးမှာ မိမိတို့ပန်းခရေ(ကဗျာမိသားစု) က အဖွဲ့ဝင်ကတ် ပြားတွေဘာတွေနဲ့ ရာဘာတံဆိပ်တုံးထု ပြီး ဥက္ကဌ
လွမ်းနိုင်ဦး လက်မှတ်နဲ့အကျအနပါ။အဲဒီအချိန်က မိမိတို့ ဘာသာပိုက်ဆံစု ပြီး
စာတမျက်နှာ သာပါတဲ့ ပန်းခရေ ကဗျာစုစည်းမှုလေးကိုလည်းမြို့ ထဲကစာပုံနှိပ်စက်မှာအပ်ပြီးထုတ်ဝေခဲ့ ကြပါတယ်။
အဲ့ ဒီအချိန်ကတော့ မိမိတို့ ကလောင်သစ်တွေ လက်တည့်စမ်းပြီးစာတိုက်ကနေကဗျာပို့ခဲ့တဲ့ နေရာတွေကတော့ အချစ်တော်စာစောင်၊သစ်ဆန်းစာစောင်၊တံခွန်နဲ့ 
သင့်ဘဝ၊တိုင်းရင်းမေ ဂျာနယ်စတဲ စာနယ်ဇင်းတွေပေါ့။
စာစောင် တွေမှာ မိမိတို့ကဗျာ၊ဝ တ္ထု
တို‌လေး‌တွေ ပါလာခဲ့ရင် ဝမ်းပန်းတသာဝယ်ဖတ်ခဲ့ ကြ ပြီး စိတ်တွေကတော့ ပဲခူးရိုးမ ကြီးတိုင်ပဲ့တင်ထပ် ခဲ့ ကြပါတယ်။
အဲ့ ဒီအချိန်က အချစ်တော်စာစောင်မှာ ကဗျာ ဝတ္ထုရေး နေ ကြတာ ကျည်းတန် နှစ်ယောက်ရှိပါတယ်။ တယောက်က
ရွှေ ဖြူး ကိုကျည်းတန် ဖြစ် ပြီး တယောက်က မကျည်းတန် လွိုင်ကော် ပါ။
မကျည်းတန် လွိုင်ကော်ကတော့ နောက်ပိုင်း လုံးချင်းလိုင်းမှာ မဟူရာ လွိုင်ကော်
ဖြစ်‌ကြောင်း စာတွေကတဆင့် သိရပါတယ်။
တနေ့ မှာ လုပ်နေကျထုံးစံအတိုင်း ဇေယျဝတီ ဈေးပိုင်း ဘုန်းကြီးကျောင်း ပဝါရနာပွဲ
အတွက် ပြင်ဆင် ကြပါတယ်။မိမိတို့ 
ပန်းခရေ အဖွဲ့ စင်တင်‌ဖြော်ေ ဖြရေးကဏ္ဏတခုပါပါတယ်။အဲတော့ မိမိသတ္တမတန်းတက်နေတဲ့ ဇေယျဝတီ အလက ထဲမှာပဲ ဇာတ်တိုက် ခဲ့ ကြပါတယ်။မိမိက ကဗျာလွတ်အက ကရမှာပါ။တခါမှမကဘူးတော့
စာသင်ခုံတွေ ခေါက် ပြီး တိုးဗေတိုးဗေ
လုပ်သူက လုပ်ပေမယ့် သိတ်အဆင်မ‌ပြေ လှပါဘူး။အဲ့ချိန်မှာ ရွှေ ဖြူးကိုကျည်းတန်က "ဒီလို ဒီလို မုန့်လေပွေ ဖုတ်သလို ဘယ်ပြန်ညာ ပြန် လက်ကိုလုပ်ရတယ်ဗျ"တဲ့။
ဒီလိုနဲ့ မြို့ ခံ ပရိတ်သတ်အလယ်မှာ စင်ပေါ်လည်း ရောက်ခဲ့ပေါ့ ဗျာ။
မှတ်မှတ်ရရ အဲ့ဒီ ၁၉၆၉ ခု က အချစ်တော် စာစောင်မှာ မိမိရဲ့ကဗျာ လေးတပုဒ်
စတင်ပါခဲ့ပါတယ်။
ရှေးမူနဲ့  ခေတ်မူ
------------
ရှေးအခါ မျိုးသမီးများ
ကေသာထား ကြသည်မှာ
‌ခြေဖျားထိပါ
နက်‌ပြောင် ကေသာ 
လိုရာကိုထုံး
သူ့ ကေသာသူ ကြည့် မြူး၍
ကြည်နူးမဆုံး။
ခုခေတ်ခါ မျိုးသမီး များ 
ကေသာထား ကြသည်မှာ
တ‌တောင့်တထွာ
နီ‌ကြောင်ကေသာ
ဂုတ်မှာ ဖြန့်ထား
သူ့ ကေသာပုံ အမှား‌ကြောင့်
က ပြားနဲ့ညား။
ဇေယျဝတီ-မင်းလွင်စိုး
စာစောင်မှာ ကဗျာပါ ပြီးမိမိမှာေ မြာက် ကြွ ကြွ ဖြစ်နေပါ ပြီ။ဘဝမှာ ပထမဆုံးကိုယ့်ကလောင်နာမည်လေးနဲ့ပါတဲ့ကဗျာလေ။ဒါပေမယ့် သိတ် ကြာ ကြာမပျော်လိုက်ရပါဘူး၊ နောက်တပတ် အချစ်တော်မှာ 
ကိုယ့် ပန်းခရေ (ကဗျာမိသားစု)ထဲက
မောင်ယဉ်ရှိန်(ဇေယျဝတီ)ရဲ့ "ယဉ်ကျေး
မှု သစ် သို့" ကဗျာပါလာပါတယ်။
ယဉ်ကျေးမှုသစ် သို့
---------------
ဘောင်းဘီဝတ်ဆင် 
သူ့ အသွင်ကို
မယဉ်ကျေး ဟုမဆိုသင့်။
ဆံတိုထားတိုင်း
ပုံတွေခိုင်း၍
ရိုင်းစိုင်းသည်ဟု မဆိုသင့်။
တိုးတက်စံနစ်
ယနေ့ ခေတ်တွင်
ညာဏ်သစ် ဖြာဝေ
အ‌ခြေနေအရ
ပြုကျင့်ရမည်
ဘောင်းဘီ ဝတ်သင့်ဝတ်ရမည်
ဆံတိုထားသင့်ထားရမည်။
မောင်ယဉ်ရှိန်(ဇေယျတီ)
သူ့ကဗျာဖတ်  ပြီးမိမိမှာထူပူသွားပေါ့။
ဒါ ငါ့ကိုဆော်တာပဲ။ တ ခြားလူမဟုတ်ပဲ
အချင်းချင်း ဆော်ရမလား ဆို ပြီး တွေးလေ ဒေါသ ဖြစ်လေ၊ညဘက် အိပ်လို့တောင်မပျော်။ဘယ်သူ့ ကိုမှ ဘာမှတော့ ရင်မဖွင့်ပါဘူး။သူ့ကဗျာကို ညပေါင်းများစွာ ပြန်ဖတ်တာ ခုတိုင် နှစ်ပေါင်းငါးဆယ်ကျော်တာတောင် အလွတ်ရဆဲ။သူ့ကဗျာဖတ်လိုက်တွေးလိုက် လုပ်လာတာ ဒီနေ့ ထိပဲ။ မျက်စိထဲမှာ ဘောင်းဘီ ရှည်နဲ့ ဓါတ်တိုင်တက်နေတဲ့ လုပ်သား ကြီးတွေ၊
စက်ရုံထဲမှာ၊ ဘတ်စ်ကားပေါ်မှာ ပင်နယံတွေ ကြား အန္တရာယ်တွေ ကြားက ဆံတို
မိန်းကလေးတွေ။ တိတိပပ တွေးလိုက်မိတာကတော့ ကဗျာရေးရေးစာရေးရေး
မိမိရောက်နေတဲ့ ထောင့်တခုထဲက ကြည့်
ပြီး ရေးနေတာ အမှန်နဲ့ မနီးစပ်နိုင်ဘူး
ဆိုတာ နဲ့ အရိုးစွဲပါလာတဲ့ အတွေးအခေါ်အယူအဆဟောင်းတွေဟာ စိတ်မချရဘူးဆိုတာပါပဲ။‌မောင်ယဉ်ရှိန့် ကဗျာကို
ဒီနေ့ ထိ လေးစားနေမိပါတယ်။
၁၉၇၂ မှာ အမှတ်၁ စက်မှုတွင်းထွက်ကုန် ကြမ်းကော်ပိုရေးရှင်း ၊သ တ္တုတူးဖော်ရေး(၄) မှာမိမိဝင်လုပ်တော့ ရုံးချုပ်မှာ
အရာရှိငယ်တယောက်အ ဖြစ် မောင်ယဉ်ရှိန်ကို ပြန်တွေ့ ခဲ့ပါတယ်။
(--------)
ချစ်သူက ဟိုတနယ်
ကိုယ့်မယ်က တဌာန
ဇာတ်ဆရာ ကံတရားက 
ခွဲထားသည်ပ။
တမ်းတကာ ကိုယ့်မှာဆွေး
နေရေးဖြင့် ဘယ်မရွှင်
ကိုယ့် ဖြစ်အင် ‌မြေမှာလူး
ရူးရပေါ့ခင်
လမင်းနဲ့ ကြယ်တာရာ
တိမ်လွှာနဲ့ လေမင်းသား
ချစ်သူထံတမန် လွှတ်မယ်
လွမ်းဆွတ်ပံများ
ရွှေကျီးလေး ညို ပြာ ပြာ
‌ဖြေပါကွဲ့ မနှေး
ကိုယ့်ချစ်သူ ဘယ်ခါမှ
ကိုယ့် ဌာနေ ရောက်လိမ့်သောရယ်လို့
သာယာဘွယ် ခွန်းချို နှောကာ
‌ပြောပါတော့ လေး။
မောင်ယဉ်ဌေး(ဇေယျဝတီ)
အချစ်တော်စာစောင်မှာပါခဲ့ တဲ့ မောင်ယဉ်ဌေးရဲ့ ကဗျာလေးပါ။တပုဒ်လုံး ခုထိ အလွတ်ရနေပေမယ့် ခေါင်းစဉ် တော့ စဉ်းစားမရတော့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာ
ခဲ့ ကြ ပြီးနောက် တခေါက်တလေ ဇေယျဝတီကို ပြန်ရောက်တဲ့အခါ မိမိနဲ့ ပဝါရနာပွဲစင်ပေါ်တက်ကခဲ့တဲ့ ကိုသိန်းဌေး(မောင်
ယဉ်ဌေး)တယောက် ဇာတ်ပိုးဝင်ပြီး ဇာတ်ပွဲနောက် လျှောက်လိုက်၊ဇာတ်မင်းသမီးနဲ့ညား ။သူကတော့ မင်းသားလား ၊ဇာတ်ဆရာလား ၊ရှိကောရှိသေးလား၊မသိ‌တော့။
‌နောက်ပိုင်း ရန်ကုန်မှာ ဖြတ်ခနဲ ဖြတ်ခနဲ ခဏတ ဖြုတ် မျက်နှာချင်းဆိုင်မိရုံ
ရှိခဲ့တဲ့ ရွှေ ဖြူးကိုကျည်းတန်ကတော့
ပြည်သူ့ ဆက်ဆံရေးတပ်မှာအရာခံဗိုလ်ဖြစ်နေချိန်သာနောက်ဆုံးသိရ ပြီး ချစ် ကြည်မောင်(ဖြူး)အမည်နဲ့  အစိုးရ သတင်းစာတွေမှာ ဆောင်းပါးတွေ ရေးနေတာ
တွေ့ ရတတ်သလို တခါတခါ လည်း မြဝတီ က ထုတ်လွှင့် တဲ့ ဇာတ်တွေမှာလည်း
သူ့ နာမည်တွေ တွေ့ မိသလိုလိုပါ။
၁၉၈၀ ဝန်းကျင် နှစ်များမှာတော့ နောင်တော် စာရေးဆရာ မောင်ရွှေစွန်နဲ့ တွဲမိ ပြီး ဇာတ်စင်တကာ၊ကလပ်တကာနဲ့  ရန်ကုန် စာပေ အနုပညာအသိုင်းအဝိုင်း
မှာ အချိန်အတိုင်းအတာတခုထိ ကျင်လည်ခဲ့ပါသေးတယ်။အဲဒီအခါ ဖြူး အောင်အောင်ကို ဗိုဝမ်း အမည်နဲ့ မ ကြာမ ကြာ
ပြန်တွေ့ ရပါတယ်။သူက ဇာတ်သဘင်ရုပ်ရှင်‌ဆောင်းပါးတွေရေးနေခဲ့ပါတယ်။
ဟိုတချိန်ကတော့ ဖြူးမြို့ ဈေးထဲမှာ
 ဖြူးအောင်အောင် စာပေဆို ပြီး စာအုပ်ဆိုင်ဖွင့် ခဲ့သူပါ။ နောက်တယောက် ရွှေ ဖြူး
မောင်ယဉ်မျိုးကတော့ မိမိအမှတ်မမှားဘူးဆိုရင် မဟာဗန္ဓုလလမ်းနဲ့ ၃၉ လမ်းထောင့်မှာ ယဉ်မျိုးစာပေ ဆို ပြီး စာပေလုပ်ငန်းလုပ်နေပါတယ်။တခါတခါ မောင်ရွှေစွန်နဲ့အတူ သူ့ ဆီဝင်တဲ့အခါ မောင်ဝဏ္ဏ တို့ လည်းဝင်ထွက်နေတာတွေ့ ရတယ်။ခုနောက်ပိုင်း အတန် ကြာအဆက်ပြတ်နေခဲ့ ပြီး အခု မြို့ ထဲ ၃၉ လမ်းထဲမှာရှိတဲ့ ယဉ်မျိုးစာပေတိုက်ရောက်တဲ့အခါ တွေ့ တဲ့ကောင်လေးတွေမေး ကြည့်တော့ ရွှေ ဖြူးမောင်ယဉ် မျိုးကိုသူတို့မသိ ကြပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အ‌ကြောင်းကိစ္စတခုနဲ့ ဇေယျဝတီကိုရောက်တော့ သတင်းသိရရချင်း မြို့ လယ်ကနေ ပြီး လမ်းကြားလေးကို ဖြတ် ပဲခူးရိုးမကိုနောက်ခံ ပြုထားတဲ့ သုဿန်လေး ဘက်ထွက်လာခဲ့ပါတယ်။သုဿန်ဇရပ်လေးရဲ့ ဘေး ကွင်းစပ်မှာ အုတ်ဂူ ဖြူ ဖြူတလုံး၊ ဂူပေါ်က
ကဗ္မည်းစာတမ်းက ၊လွမ်းနိုင်ဦး(ဇေယျဝတီ၊အသက်(-)နှစ်၊အောက်က ခုနှစ်သက္က
ရာဇ်များ။အသက်နဲ့ သက္ကရာဇ်များ မမှတ်မိတော့ ပေမယ့် မှတ်မှတ်ရရ ၅၀
ကျော်မှာကွယ်လွန်ပါတယ်။နောင်တော်
ကြီးလွမ်းနိုင်ဦးဆီကအ ပြန်မှာတော့
လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀ ကျော်က ညနေခင်းတွေမှာ ဇေယျဝတီ မြို့  ပြင်ကို လမ်းလျှောက်ထွက်‌နေကျ လူငယ်ကဗျာဆရာ
တသိုက် တွံတေးသိန်းတန်သီချင်းတွေအော်ဆိုလေ့ရှိတဲ့အတိုင်း အသီးတရာ
အညှာတခု သီချင်းကို စိတ်ထဲကဆိုလာမိပါတယ်။တွံတေးသိန်းတန်ပုံအမောက်ထောင်ထောင်နဲ့ ယက်ကန်ယက်ကန်လမ်းလျှောက်လေ့ရှိသူ  ကိုသန်းစိန်ခေါ် လွမ်းနိုင်ဦး(ဇေယျဝတီ)တယောက် မြင်းပျံဆေးပေါ့လိပ်ကလေးပါးစပ်မှာခဲရင်း လက်ခုပ်တီးပေးနေလေမလား။
ညို မြသွေး
ရုပ်ရှင်တေးကဗျာ
ရသစုံမဂ္ဂဇင်း
၂၀၂၀၊ ဒီဇင်ဘာ။
story#observation#shinlhu
Wednesday, December 2, 2020
story
ရှင်လူ ကြီးရဲ့ (၆၇)နှစ်‌မြောက်သာမညဖလ Birthday
👻💩👺👻💩👺👻💩👻💩
ဒီနေ့ က ရှင်လူ ကြီးရဲ့ အသက် ၆၇ နှစ်‌မြောက် ‌မွေးနေ့ အခါ သမယပါ။
တနှစ် ပြီးတနှစ် မွေးနေ့ ရောက်တိုင်း အမှတ်တရ စာတွေ ရေးတင်လေ့ရှိတဲ့ ရှင်လူ ကြီး ဟာ ဒီနှစ်တော့ ဘာမှရေးချင်စိတ်လည်း မရှိတော့။ ဘာလို့လည်းဆိုတော့ မွေးနေ့  တနှစ်တိုးလာတိုင်း ရေဝေးသုဿန် ဘက် တလှမ်းပိုနီးလာတာ သတိထားမိသွားတာကိုး။ ဘယ်လိုလုပ် Happy Birthday ဖြစ်ပါတော့မလဲ။ Un Happy 
Birthday ချည်းပဲ စိတ်မှာပေါ်နေတော့တာပဲ။ ဒီလိုနဲ့ အမှတ်မထင် ပြက္ခဒိန်ကို
ကြည့်လိုက်တော့ November 29 ရက်နေ့ ဟာ တိုက်တိုက်ဆိုင်ဆိုင် Sunday
ဖြစ်နေတာမို့ တနင်္ဂနွေသား ရှင်လူ့ အဖို့
မွေးနေ့ မွေးရက် တထပ်ထဲ ကျနေပါရော။
ဒါ့ အ ပြင် တန်ဆောင်မုန်း လ ပြည့်နေ့ လည်း ဖြစ်နေ ပြန်တော့ "ဟ ...တယ်ဟုတ်ပါလား"..ပေါ့လေ။ စိတ်ထဲ က ရေဝေး‌ကြောက်စိတ် နည်းနည်း ‌ပြေသွားတယ်။
ဒီ ကြားထဲ တန်ဆောင်မုန်း လ ပြည့်နေ့ ဟာ သမညဖလ အခါတော်နေ့ လို့ဆိုထားပြန်တော့ ရှင်လူ ကြီး ခေါင်းစားသွားတယ်။
သီတင်းကျွတ်လ ပြ ည့်နေ့ က(အဘိဓမ္မာ
အခါတော်နေ့ ) နယုန် လ ပြည့်နေ့ က
(မဟာသမယနေ့ ) စတာတွေ ရှင်လူသိပေမယ့် ဒီ သာမညဖလနေ့ အ‌ကြောင်းတော့ ရှင်လူ ဘာမှမသိ။ ဒါ‌ကြောင့် Facebook ထဲရိုက်ရှာလိုက်တာ သီတဂူဆရာတော်ကြီး ဟောထားတဲ့ Vedio ကိုတွေ့ တာနဲ့ ဖွင့် ပြီးနာ ကြည့်လိုက်မှ သဘောပေါက်သွားတယ်။
ဇာတ်လမ်းအကျဉ်းကတော့မာဂဓတိုင်း ရာဇ ဂြိုလ် ပြည့်ရှင် ဘုရင်အဇာတသတ်ဟာ ဖခင် ဗိမ္မိသာရမင်းကိုသတ်မိတဲ့ကံ‌ကြောင့် မအိပ်နိုင်မစားနိုင် စိတ္တဇဝေဒနာစွဲကပ်နေတာမို့ ဆေးဆရာ ဇီဝကကိုခုလို တန်ဆောင်မုန်းလ ပြည့်ညနေမှာ ဘယ်ဆရာ ဘယ်ရဟန်းထံ စိတ် ကြည်လင်ရွှင်လန်းအောင်ချဉ်းကပ်တရားနာရရင်ကောင်းမလဲလို့ မေးခဲ့တယ်။ ဒီတော့  ဇီဝကက သူကျောင်းဆောက်လှူဒါန်းထားရာ သရက်ဥယျာဉ်မှာသီတင်းသုံးတော်မူနေတဲ့
မြတ်စွာဘုရားရှင်ထံညွှန်းခဲ့တယ်။ဒါနဲ့ အဇာတသတ်ဟာ ဘုရားရှင်ထံ ရောက်လာခဲ့တယ်။ ဘုရားနားရောက်တော့ ထောင်နဲ့ချီတဲ့ ရဟန်းတွေဟာအိေ န္ဒြသိက္ခာအ ပြည့်နဲ့စည်းကမ်းကျနသေဝပ်စွာရှိနေတာ အဇာတသတ် မြင်တော့ အံ့ သြသွားတယ်။ဒီအချိန်မှာပဲ အဇာတသတ်ကို ဘုရားက အဘယ် အ‌ကြောင်းကိစ္စနဲ့ ကြွလာပါသလဲ မင်း ကြီး လို့မေးတော့ အဇာတသတ်က ဖခင်သတ်မိလို့ စိတ်တွေ ပူပန်ဆင်းရဲနေတာကို ‌ပြောမထွက်ရဲဘဲ "အရှင်ဘုရား၊ ရဟန်းတွေဟာ ဘာ‌ကြောင့်ဒီလောက်တည်ကြည် ငြိမ်သက်နေပါသလဲ(ပူပင် ‌ကြောင့် ကြကင်းနေ ကြပါသလဲ) ပေါ့။ဘုရားကသိတယ်။ဒါေ ကြာင့် ဘုရားရှင်က အပူသည်အဇာတသတ်ကို အပူ ငြိမ်း‌ကြောင်းတရားဟောရာမှာ သူ့မေးခွန်းအတိုင်းပဲ ရဟန်းတွေကို အ‌ခြေ ပြု ပြီး ရဟန်းဝတ်ခြင်းရဲ့ အကျိုးတရား သာမညဖလ ကိုဟောတော်မူတယ်။သာမည ဖလဆိုတာကတော့
တ ခြားမဟုတ်ပါဘူး သီလ သမာဓိ ပညာ
ကို ကျင့်ဆောင်ပြီး ရတဲ့ ချမ်းသာ ခြင်းအကျိုးတရားတွေပါပဲ။ သီလကျင့်တဲ့သူဟာ
အ ပြစ်ကင်းတဲ့ အကျိုးကျေးဇူးကိုရမယ်။
လောကမှာ အ ပြစ်ကင်းတဲ့ချမ်းသာမှုကို
အနဝဇ္ဇသုခခ်ါတယ်။ သမာဓိ(သမထ)ကို
ကျင့်တဲ့သူဟာ အာရုံနောက်စရာတွေကကင်း ပြီးတည် ကြည်ငြိမ်သက်တဲ့ချမ်းသာ
ဝိဝေကသုခကိုရမယ်။နောက်ဆုံး ပညာဆိုတဲ့ကျင့်စဉ်ကို ကျင့်တဲ့ပုဂ်္ဂိုလ်ဟာ အမှန်တရားကိုသိတဲ့ ချမ်းသာ ဝိမုတ္တိသုခကိုရမယ်။ တကယ်တော့ သာမညဖလ ဆိုတာ
သီလ သမာဓိ ပညာ သုံးပါးရဲ့ အကျိုးကျေးဇူးတွေ အ‌ကြောင်းပါပဲ။ရှင်လူတို့ နေ့ တိုင်းဘုရားရှိခိုး ပြီး တိုင်တည်နေတဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် လမ်းပြ‌မြေပုံ Road Map ကလည်း အားလုံး အကျဉ်းခြုံးလိုက်ရင် ဒီ သီလ သမာဓိ နဲ့ပညာ ပါပဲ။
၆၇ နှစ်‌မြောက်မွေးနေ့ ကို အ‌ကြောင်းပြုပီး ဖုန်းပွတ်တရားနာမိလိုက်တော့ နဂိုရ်က
ရေဝေးနဲ့နီးလို့ ပူပန်ဆင်းရဲနေတဲ့ စိတ္တဇဟာ အဇာတသတ်နည်းတူ သရဏဂုံ တည်မိသွားတဲ့အတွက် အကျိုးတော့ မယုတ်ပါဘူးလေ။ နည်းနည်းတော့ အ‌ကြောက်‌ပြေသွားတာပဲ။ ဒါနဲ့ ရှင်လူ့ သူငယ်ချင်းတွေ ပါ သာမညဖလ တရားနာနိုင်ကြရအောင် ဒီစာကို ခြင်အကိုက်ခံ ပြီး ရေးလိုက်ပါရဲ့။
နည်းနည်းတော့ Happy တဲ့ Birthy  ဖြစ်သွားတာပေါ့ဗျာ။
story#observation#shinlhu