ရှင်လူ ကြီးရဲ့ (၆၇)နှစ်မြောက်သာမညဖလ Birthday
👻💩👺👻💩👺👻💩👻💩
ဒီနေ့ က ရှင်လူ ကြီးရဲ့ အသက် ၆၇ နှစ်မြောက် မွေးနေ့ အခါ သမယပါ။
တနှစ် ပြီးတနှစ် မွေးနေ့ ရောက်တိုင်း အမှတ်တရ စာတွေ ရေးတင်လေ့ရှိတဲ့ ရှင်လူ ကြီး ဟာ ဒီနှစ်တော့ ဘာမှရေးချင်စိတ်လည်း မရှိတော့။ ဘာလို့လည်းဆိုတော့ မွေးနေ့  တနှစ်တိုးလာတိုင်း ရေဝေးသုဿန် ဘက် တလှမ်းပိုနီးလာတာ သတိထားမိသွားတာကိုး။ ဘယ်လိုလုပ် Happy Birthday ဖြစ်ပါတော့မလဲ။ Un Happy
Birthday ချည်းပဲ စိတ်မှာပေါ်နေတော့တာပဲ။ ဒီလိုနဲ့ အမှတ်မထင် ပြက္ခဒိန်ကို
ကြည့်လိုက်တော့ November 29 ရက်နေ့ ဟာ တိုက်တိုက်ဆိုင်ဆိုင် Sunday
ဖြစ်နေတာမို့ တနင်္ဂနွေသား ရှင်လူ့ အဖို့
မွေးနေ့ မွေးရက် တထပ်ထဲ ကျနေပါရော။
ဒါ့ အ ပြင် တန်ဆောင်မုန်း လ ပြည့်နေ့ လည်း ဖြစ်နေ ပြန်တော့ "ဟ ...တယ်ဟုတ်ပါလား"..ပေါ့လေ။ စိတ်ထဲ က ရေဝေးကြောက်စိတ် နည်းနည်း ပြေသွားတယ်။
ဒီ ကြားထဲ တန်ဆောင်မုန်း လ ပြည့်နေ့ ဟာ သမညဖလ အခါတော်နေ့ လို့ဆိုထားပြန်တော့ ရှင်လူ ကြီး ခေါင်းစားသွားတယ်။
သီတင်းကျွတ်လ ပြ ည့်နေ့ က(အဘိဓမ္မာ
အခါတော်နေ့ ) နယုန် လ ပြည့်နေ့ က
(မဟာသမယနေ့ ) စတာတွေ ရှင်လူသိပေမယ့် ဒီ သာမညဖလနေ့ အကြောင်းတော့ ရှင်လူ ဘာမှမသိ။ ဒါကြောင့် Facebook ထဲရိုက်ရှာလိုက်တာ သီတဂူဆရာတော်ကြီး ဟောထားတဲ့ Vedio ကိုတွေ့ တာနဲ့ ဖွင့် ပြီးနာ ကြည့်လိုက်မှ သဘောပေါက်သွားတယ်။
ဇာတ်လမ်းအကျဉ်းကတော့မာဂဓတိုင်း ရာဇ ဂြိုလ် ပြည့်ရှင် ဘုရင်အဇာတသတ်ဟာ ဖခင် ဗိမ္မိသာရမင်းကိုသတ်မိတဲ့ကံကြောင့် မအိပ်နိုင်မစားနိုင် စိတ္တဇဝေဒနာစွဲကပ်နေတာမို့ ဆေးဆရာ ဇီဝကကိုခုလို တန်ဆောင်မုန်းလ ပြည့်ညနေမှာ ဘယ်ဆရာ ဘယ်ရဟန်းထံ စိတ် ကြည်လင်ရွှင်လန်းအောင်ချဉ်းကပ်တရားနာရရင်ကောင်းမလဲလို့ မေးခဲ့တယ်။ ဒီတော့ ဇီဝကက သူကျောင်းဆောက်လှူဒါန်းထားရာ သရက်ဥယျာဉ်မှာသီတင်းသုံးတော်မူနေတဲ့
မြတ်စွာဘုရားရှင်ထံညွှန်းခဲ့တယ်။ဒါနဲ့ အဇာတသတ်ဟာ ဘုရားရှင်ထံ ရောက်လာခဲ့တယ်။ ဘုရားနားရောက်တော့ ထောင်နဲ့ချီတဲ့ ရဟန်းတွေဟာအိေ န္ဒြသိက္ခာအ ပြည့်နဲ့စည်းကမ်းကျနသေဝပ်စွာရှိနေတာ အဇာတသတ် မြင်တော့ အံ့ သြသွားတယ်။ဒီအချိန်မှာပဲ အဇာတသတ်ကို ဘုရားက အဘယ် အကြောင်းကိစ္စနဲ့ ကြွလာပါသလဲ မင်း ကြီး လို့မေးတော့ အဇာတသတ်က ဖခင်သတ်မိလို့ စိတ်တွေ ပူပန်ဆင်းရဲနေတာကို ပြောမထွက်ရဲဘဲ "အရှင်ဘုရား၊ ရဟန်းတွေဟာ ဘာကြောင့်ဒီလောက်တည်ကြည် ငြိမ်သက်နေပါသလဲ(ပူပင် ကြောင့် ကြကင်းနေ ကြပါသလဲ) ပေါ့။ဘုရားကသိတယ်။ဒါေ ကြာင့် ဘုရားရှင်က အပူသည်အဇာတသတ်ကို အပူ ငြိမ်းကြောင်းတရားဟောရာမှာ သူ့မေးခွန်းအတိုင်းပဲ ရဟန်းတွေကို အခြေ ပြု ပြီး ရဟန်းဝတ်ခြင်းရဲ့ အကျိုးတရား သာမညဖလ ကိုဟောတော်မူတယ်။သာမည ဖလဆိုတာကတော့
တ ခြားမဟုတ်ပါဘူး သီလ သမာဓိ ပညာ
ကို ကျင့်ဆောင်ပြီး ရတဲ့ ချမ်းသာ ခြင်းအကျိုးတရားတွေပါပဲ။ သီလကျင့်တဲ့သူဟာ
အ ပြစ်ကင်းတဲ့ အကျိုးကျေးဇူးကိုရမယ်။
လောကမှာ အ ပြစ်ကင်းတဲ့ချမ်းသာမှုကို
အနဝဇ္ဇသုခခ်ါတယ်။ သမာဓိ(သမထ)ကို
ကျင့်တဲ့သူဟာ အာရုံနောက်စရာတွေကကင်း ပြီးတည် ကြည်ငြိမ်သက်တဲ့ချမ်းသာ
ဝိဝေကသုခကိုရမယ်။နောက်ဆုံး ပညာဆိုတဲ့ကျင့်စဉ်ကို ကျင့်တဲ့ပုဂ်္ဂိုလ်ဟာ အမှန်တရားကိုသိတဲ့ ချမ်းသာ ဝိမုတ္တိသုခကိုရမယ်။ တကယ်တော့ သာမညဖလ ဆိုတာ
သီလ သမာဓိ ပညာ သုံးပါးရဲ့ အကျိုးကျေးဇူးတွေ အကြောင်းပါပဲ။ရှင်လူတို့ နေ့ တိုင်းဘုရားရှိခိုး ပြီး တိုင်တည်နေတဲ့ ရည်မှန်းချက်ပန်းတိုင်အတွက် လမ်းပြမြေပုံ Road Map ကလည်း အားလုံး အကျဉ်းခြုံးလိုက်ရင် ဒီ သီလ သမာဓိ နဲ့ပညာ ပါပဲ။
၆၇ နှစ်မြောက်မွေးနေ့ ကို အကြောင်းပြုပီး ဖုန်းပွတ်တရားနာမိလိုက်တော့ နဂိုရ်က
ရေဝေးနဲ့နီးလို့ ပူပန်ဆင်းရဲနေတဲ့ စိတ္တဇဟာ အဇာတသတ်နည်းတူ သရဏဂုံ တည်မိသွားတဲ့အတွက် အကျိုးတော့ မယုတ်ပါဘူးလေ။ နည်းနည်းတော့ အကြောက်ပြေသွားတာပဲ။ ဒါနဲ့ ရှင်လူ့ သူငယ်ချင်းတွေ ပါ သာမညဖလ တရားနာနိုင်ကြရအောင် ဒီစာကို ခြင်အကိုက်ခံ ပြီး ရေးလိုက်ပါရဲ့။
နည်းနည်းတော့ Happy တဲ့ Birthy ဖြစ်သွားတာပေါ့ဗျာ။
story#observation#shinlhu
No comments:
Post a Comment