Thursday, December 3, 2020

story

ကလောင်ကို ကိုင်စွဲ... တလှမ်းစီသွားခဲ့

ကြပေ

🕛🕧🕐🕜🕑🕝🕒🕞🕓🕟

ညို မြသွေး

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကို ပြန်ငေး ကြည့်မိတော့ မိမိကိုယ် မိမိ အံ့ သြတ ကြီး ဖြစ်ရပေါ့။ 

နှစ်ပေါင်း ၅၀ ကျော် ကို ပြန်ငေးနိုင်သူဆိုတာ ရာစုနှစ်တဝက်ကျော်အောင် ကောင်းကောင်း ဖြတ်‌သန်းနိုင်တာမဟုတ်လား။

တကယ်တော့ တချို့ အတိတ်တွေဟာ

စိတ်ကူးယဉ် အိပ်မက် တွေလို ဝိုးတဝါး

ပျောက်ကွယ်သွား တတ် ကြပါတယ်။ အသက်အရွယ်အရ မှတ်ညာဏ်တွေက

ယိုယွင်း ပျက်စီးတတ်တဲ့ ဇရာ ရဲ့ သဘာဝတွေ။ ဒါပေမယ့် မိမိရဲ့ ကျန်းမာရေး

ကိုယ်ခံအားကပဲ ကောင်းလို့လား ကံတရားကို ကျေးဇူးတင်ရမယ်။ မိမိအသက်က အခု ၆၇ နှစ် တင်းတင်း ပြည့်လုဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်၊

အသက် ၁၆ နှစ်အရွယ် လူငယ်လေးတယောက် ရဲ့ အ‌ကြောင်း ‌ပြော ကြရအောင်။

၁၉၆၉ ခုနှစ်မှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အ‌ကြောင်းတခုနဲ့ မိမိဟာ ဇေယျဝတီ မြို့ ကလေးကိုရောက်ခဲ့ပါတယ်။

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့ နယ် အတွင်းက ဇေယျဝတီ မြို့ လေးဟာ သ ကြားစက် ‌ကြောင့် လူသိများတဲ့ မြို့ လေးတ မြို့ 

ပါ။ အဲ့ဒီ မြို့ လေးကိုမိမိ ရောက် ပြီး မ ကြာခင်မှာပဲ တူရာ တူရာ  မြို့ ခံ ကဗျာ စာပေ သမားတွေနဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။

သူတို့ အုပ်စုထဲမှာ အသက် အ ကြီးဆုံးက

လွမ်းနိုင်ဦး(ဇေယျဝတီ)ပါ။အဲ့အချိန်ကသူ့အသက် ၂၀ ကျော်လောက်ရှိပါ ပြီ။သူက မူလတန်းပြကျောင်းဆရာတယောက်ပါ။ပြီးတော့သူကိုယ်တိုင် ဦးဆောင် ပြီး ပန်းခရေ(ကဗျာမိသားစု)ဆိုတဲ့ အဖွဲ့လေးတဖွဲ့ ထူထောင်ထားပါတယ်။သူက အားလုံးထဲမှာဝါအရင့်ဆုံးဖြစ် ပြီး လစဉ်ထုတ် ငွေတာရီ နဲ့ မြဝတီ တို့မှာလည်း ကဗျာနဲ့ ဝတ္ထုတိုတွေ ရေးနေပါ  ပြီ။နောက်ပိုင်း လုပ်သား နဲ့ မြန်မာ့အလင်းသတင်းစာ တွေ

မှာလည်း သ ကြားစက်နဲ့ပါတ်သက်တဲ့

ဆောင်းပါးတွေလည်းရေးခဲ့ပါတယ်။

ကျန် လူငယ်အများစုကတော့ ကလောင်သွေးစ လူငယ်တွေပါ။မောင်ယဉ်ဌေး(ဇေယျဝတီ) မောင်ယဉ်သန့် ၊မောင်ယဉ်ရှိန်

(‌ဇေယျဝတီ)စသူတွေအပါအဝင်ဖြူးသားတွေ ဖြစ် ကြတဲ့ ရွှေ ဖြူးကိုကျည်းတန်၊

ရွှေ ဖြူးမောင်ယဉ်မျိုး၊ ဖြူးအောင်အောင်

စသူတို့ကလည်း ပန်းခရေ(ကဗျာမိသားစု)ထဲမှာ လာပေါင်းခဲ့ ကြပါတယ်။

မိမိလည်း ဇေယျဝတီ-မင်းလွင်စိုး အမည်နဲ့ ပန်းခရေ(ကဗျာမိသားစု)ဝင်တယောက် ဖြစ်ခဲ့ပါတယ်။၁၉၆၉ ဆိုတော့

ဦးနေဝင်း မဆလပါတီ ကြီးစိုးနေတဲ့ချိန်ပါ။

စာပေ သမဂ္ဂ၊ကဗျာသမ ဂ္ဂ ဆိုတာတွေလည်း ကြားတောင် မ ကြားရတဲ့ အချိန်ပါ။

ဒီလိုကာလမျိုးမှာ မိမိတို့ပန်းခရေ(ကဗျာမိသားစု) က အဖွဲ့ဝင်ကတ် ပြားတွေဘာတွေနဲ့ ရာဘာတံဆိပ်တုံးထု ပြီး ဥက္ကဌ

လွမ်းနိုင်ဦး လက်မှတ်နဲ့အကျအနပါ။အဲဒီအချိန်က မိမိတို့ ဘာသာပိုက်ဆံစု ပြီး

စာတမျက်နှာ သာပါတဲ့ ပန်းခရေ ကဗျာစုစည်းမှုလေးကိုလည်းမြို့ ထဲကစာပုံနှိပ်စက်မှာအပ်ပြီးထုတ်ဝေခဲ့ ကြပါတယ်။

အဲ့ ဒီအချိန်ကတော့ မိမိတို့ ကလောင်သစ်တွေ လက်တည့်စမ်းပြီးစာတိုက်ကနေကဗျာပို့ခဲ့တဲ့ နေရာတွေကတော့ အချစ်တော်စာစောင်၊သစ်ဆန်းစာစောင်၊တံခွန်နဲ့ 

သင့်ဘဝ၊တိုင်းရင်းမေ ဂျာနယ်စတဲ စာနယ်ဇင်းတွေပေါ့။

စာစောင် တွေမှာ မိမိတို့ကဗျာ၊ဝ တ္ထု

တို‌လေး‌တွေ ပါလာခဲ့ရင် ဝမ်းပန်းတသာဝယ်ဖတ်ခဲ့ ကြ ပြီး စိတ်တွေကတော့ ပဲခူးရိုးမ ကြီးတိုင်ပဲ့တင်ထပ် ခဲ့ ကြပါတယ်။

အဲ့ ဒီအချိန်က အချစ်တော်စာစောင်မှာ ကဗျာ ဝတ္ထုရေး နေ ကြတာ ကျည်းတန် နှစ်ယောက်ရှိပါတယ်။ တယောက်က

ရွှေ ဖြူး ကိုကျည်းတန် ဖြစ် ပြီး တယောက်က မကျည်းတန် လွိုင်ကော် ပါ။

မကျည်းတန် လွိုင်ကော်ကတော့ နောက်ပိုင်း လုံးချင်းလိုင်းမှာ မဟူရာ လွိုင်ကော်

ဖြစ်‌ကြောင်း စာတွေကတဆင့် သိရပါတယ်။

တနေ့ မှာ လုပ်နေကျထုံးစံအတိုင်း ဇေယျဝတီ ဈေးပိုင်း ဘုန်းကြီးကျောင်း ပဝါရနာပွဲ

အတွက် ပြင်ဆင် ကြပါတယ်။မိမိတို့ 

ပန်းခရေ အဖွဲ့ စင်တင်‌ဖြော်ေ ဖြရေးကဏ္ဏတခုပါပါတယ်။အဲတော့ မိမိသတ္တမတန်းတက်နေတဲ့ ဇေယျဝတီ အလက ထဲမှာပဲ ဇာတ်တိုက် ခဲ့ ကြပါတယ်။မိမိက ကဗျာလွတ်အက ကရမှာပါ။တခါမှမကဘူးတော့

စာသင်ခုံတွေ ခေါက် ပြီး တိုးဗေတိုးဗေ

လုပ်သူက လုပ်ပေမယ့် သိတ်အဆင်မ‌ပြေ လှပါဘူး။အဲ့ချိန်မှာ ရွှေ ဖြူးကိုကျည်းတန်က "ဒီလို ဒီလို မုန့်လေပွေ ဖုတ်သလို ဘယ်ပြန်ညာ ပြန် လက်ကိုလုပ်ရတယ်ဗျ"တဲ့။

ဒီလိုနဲ့ မြို့ ခံ ပရိတ်သတ်အလယ်မှာ စင်ပေါ်လည်း ရောက်ခဲ့ပေါ့ ဗျာ။

မှတ်မှတ်ရရ အဲ့ဒီ ၁၉၆၉ ခု က အချစ်တော် စာစောင်မှာ မိမိရဲ့ကဗျာ လေးတပုဒ်

စတင်ပါခဲ့ပါတယ်။

ရှေးမူနဲ့  ခေတ်မူ

------------

ရှေးအခါ မျိုးသမီးများ

ကေသာထား ကြသည်မှာ

‌ခြေဖျားထိပါ

နက်‌ပြောင် ကေသာ 

လိုရာကိုထုံး

သူ့ ကေသာသူ ကြည့် မြူး၍

ကြည်နူးမဆုံး။

ခုခေတ်ခါ မျိုးသမီး များ 

ကေသာထား ကြသည်မှာ

တ‌တောင့်တထွာ

နီ‌ကြောင်ကေသာ

ဂုတ်မှာ ဖြန့်ထား

သူ့ ကေသာပုံ အမှား‌ကြောင့်

က ပြားနဲ့ညား။

ဇေယျဝတီ-မင်းလွင်စိုး

စာစောင်မှာ ကဗျာပါ ပြီးမိမိမှာေ မြာက် ကြွ ကြွ ဖြစ်နေပါ ပြီ။ဘဝမှာ ပထမဆုံးကိုယ့်ကလောင်နာမည်လေးနဲ့ပါတဲ့ကဗျာလေ။ဒါပေမယ့် သိတ် ကြာ ကြာမပျော်လိုက်ရပါဘူး၊ နောက်တပတ် အချစ်တော်မှာ 

ကိုယ့် ပန်းခရေ (ကဗျာမိသားစု)ထဲက

မောင်ယဉ်ရှိန်(ဇေယျဝတီ)ရဲ့ "ယဉ်ကျေး

မှု သစ် သို့" ကဗျာပါလာပါတယ်။

ယဉ်ကျေးမှုသစ် သို့

---------------

ဘောင်းဘီဝတ်ဆင် 

သူ့ အသွင်ကို

မယဉ်ကျေး ဟုမဆိုသင့်။

ဆံတိုထားတိုင်း

ပုံတွေခိုင်း၍

ရိုင်းစိုင်းသည်ဟု မဆိုသင့်။

တိုးတက်စံနစ်

ယနေ့ ခေတ်တွင်

ညာဏ်သစ် ဖြာဝေ

အ‌ခြေနေအရ

ပြုကျင့်ရမည်

ဘောင်းဘီ ဝတ်သင့်ဝတ်ရမည်

ဆံတိုထားသင့်ထားရမည်။

မောင်ယဉ်ရှိန်(ဇေယျတီ)

သူ့ကဗျာဖတ်  ပြီးမိမိမှာထူပူသွားပေါ့။

ဒါ ငါ့ကိုဆော်တာပဲ။ တ ခြားလူမဟုတ်ပဲ
အချင်းချင်း ဆော်ရမလား ဆို ပြီး တွေးလေ ဒေါသ ဖြစ်လေ၊ညဘက် အိပ်လို့တောင်မပျော်။ဘယ်သူ့ ကိုမှ ဘာမှတော့ ရင်မဖွင့်ပါဘူး။သူ့ကဗျာကို ညပေါင်းများစွာ ပြန်ဖတ်တာ ခုတိုင် နှစ်ပေါင်းငါးဆယ်ကျော်တာတောင် အလွတ်ရဆဲ။သူ့ကဗျာဖတ်လိုက်တွေးလိုက် လုပ်လာတာ ဒီနေ့ ထိပဲ။ မျက်စိထဲမှာ ဘောင်းဘီ ရှည်နဲ့ ဓါတ်တိုင်တက်နေတဲ့ လုပ်သား ကြီးတွေ၊

စက်ရုံထဲမှာ၊ ဘတ်စ်ကားပေါ်မှာ ပင်နယံတွေ ကြား အန္တရာယ်တွေ ကြားက ဆံတို

မိန်းကလေးတွေ။ တိတိပပ တွေးလိုက်မိတာကတော့ ကဗျာရေးရေးစာရေးရေး

မိမိရောက်နေတဲ့ ထောင့်တခုထဲက ကြည့်

ပြီး ရေးနေတာ အမှန်နဲ့ မနီးစပ်နိုင်ဘူး

ဆိုတာ နဲ့ အရိုးစွဲပါလာတဲ့ အတွေးအခေါ်အယူအဆဟောင်းတွေဟာ စိတ်မချရဘူးဆိုတာပါပဲ။‌မောင်ယဉ်ရှိန့် ကဗျာကို
ဒီနေ့ ထိ လေးစားနေမိပါတယ်။
၁၉၇၂ မှာ အမှတ်၁ စက်မှုတွင်းထွက်ကုန် ကြမ်းကော်ပိုရေးရှင်း ၊သ တ္တုတူးဖော်ရေး(၄) မှာမိမိဝင်လုပ်တော့ ရုံးချုပ်မှာ
အရာရှိငယ်တယောက်အ ဖြစ် မောင်ယဉ်ရှိန်ကို ပြန်တွေ့ ခဲ့ပါတယ်။

(--------)

ချစ်သူက ဟိုတနယ်

ကိုယ့်မယ်က တဌာန

ဇာတ်ဆရာ ကံတရားက 

ခွဲထားသည်ပ။

တမ်းတကာ ကိုယ့်မှာဆွေး

နေရေးဖြင့် ဘယ်မရွှင်

ကိုယ့် ဖြစ်အင် ‌မြေမှာလူး

ရူးရပေါ့ခင်

လမင်းနဲ့ ကြယ်တာရာ

တိမ်လွှာနဲ့ လေမင်းသား

ချစ်သူထံတမန် လွှတ်မယ်

လွမ်းဆွတ်ပံများ

ရွှေကျီးလေး ညို ပြာ ပြာ

‌ဖြေပါကွဲ့ မနှေး

ကိုယ့်ချစ်သူ ဘယ်ခါမှ

ကိုယ့် ဌာနေ ရောက်လိမ့်သောရယ်လို့

သာယာဘွယ် ခွန်းချို နှောကာ

‌ပြောပါတော့ လေး။

မောင်ယဉ်ဌေး(ဇေယျဝတီ)

အချစ်တော်စာစောင်မှာပါခဲ့ တဲ့ မောင်ယဉ်ဌေးရဲ့ ကဗျာလေးပါ။တပုဒ်လုံး ခုထိ အလွတ်ရနေပေမယ့် ခေါင်းစဉ် တော့ စဉ်းစားမရတော့ပါ။ နှစ်ပေါင်းများစွာ ကွဲကွာ

ခဲ့ ကြ ပြီးနောက် တခေါက်တလေ ဇေယျဝတီကို ပြန်ရောက်တဲ့အခါ မိမိနဲ့ ပဝါရနာပွဲစင်ပေါ်တက်ကခဲ့တဲ့ ကိုသိန်းဌေး(မောင်

ယဉ်ဌေး)တယောက် ဇာတ်ပိုးဝင်ပြီး ဇာတ်ပွဲနောက် လျှောက်လိုက်၊ဇာတ်မင်းသမီးနဲ့ညား ။သူကတော့ မင်းသားလား ၊ဇာတ်ဆရာလား ၊ရှိကောရှိသေးလား၊မသိ‌တော့။

‌နောက်ပိုင်း ရန်ကုန်မှာ ဖြတ်ခနဲ ဖြတ်ခနဲ ခဏတ ဖြုတ် မျက်နှာချင်းဆိုင်မိရုံ

ရှိခဲ့တဲ့ ရွှေ ဖြူးကိုကျည်းတန်ကတော့

ပြည်သူ့ ဆက်ဆံရေးတပ်မှာအရာခံဗိုလ်ဖြစ်နေချိန်သာနောက်ဆုံးသိရ ပြီး ချစ် ကြည်မောင်(ဖြူး)အမည်နဲ့  အစိုးရ သတင်းစာတွေမှာ ဆောင်းပါးတွေ ရေးနေတာ

တွေ့ ရတတ်သလို တခါတခါ လည်း မြဝတီ က ထုတ်လွှင့် တဲ့ ဇာတ်တွေမှာလည်း

သူ့ နာမည်တွေ တွေ့ မိသလိုလိုပါ။

၁၉၈၀ ဝန်းကျင် နှစ်များမှာတော့ နောင်တော် စာရေးဆရာ မောင်ရွှေစွန်နဲ့ တွဲမိ ပြီး ဇာတ်စင်တကာ၊ကလပ်တကာနဲ့  ရန်ကုန် စာပေ အနုပညာအသိုင်းအဝိုင်း

မှာ အချိန်အတိုင်းအတာတခုထိ ကျင်လည်ခဲ့ပါသေးတယ်။အဲဒီအခါ ဖြူး အောင်အောင်ကို ဗိုဝမ်း အမည်နဲ့ မ ကြာမ ကြာ

ပြန်တွေ့ ရပါတယ်။သူက ဇာတ်သဘင်ရုပ်ရှင်‌ဆောင်းပါးတွေရေးနေခဲ့ပါတယ်။

ဟိုတချိန်ကတော့ ဖြူးမြို့ ဈေးထဲမှာ

 ဖြူးအောင်အောင် စာပေဆို ပြီး စာအုပ်ဆိုင်ဖွင့် ခဲ့သူပါ။ နောက်တယောက် ရွှေ ဖြူး

မောင်ယဉ်မျိုးကတော့ မိမိအမှတ်မမှားဘူးဆိုရင် မဟာဗန္ဓုလလမ်းနဲ့ ၃၉ လမ်းထောင့်မှာ ယဉ်မျိုးစာပေ ဆို ပြီး စာပေလုပ်ငန်းလုပ်နေပါတယ်။တခါတခါ မောင်ရွှေစွန်နဲ့အတူ သူ့ ဆီဝင်တဲ့အခါ မောင်ဝဏ္ဏ တို့ လည်းဝင်ထွက်နေတာတွေ့ ရတယ်။ခုနောက်ပိုင်း အတန် ကြာအဆက်ပြတ်နေခဲ့ ပြီး အခု မြို့ ထဲ ၃၉ လမ်းထဲမှာရှိတဲ့ ယဉ်မျိုးစာပေတိုက်ရောက်တဲ့အခါ တွေ့ တဲ့ကောင်လေးတွေမေး ကြည့်တော့ ရွှေ ဖြူးမောင်ယဉ် မျိုးကိုသူတို့မသိ ကြပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အ‌ကြောင်းကိစ္စတခုနဲ့ ဇေယျဝတီကိုရောက်တော့ သတင်းသိရရချင်း မြို့ လယ်ကနေ ပြီး လမ်းကြားလေးကို ဖြတ် ပဲခူးရိုးမကိုနောက်ခံ ပြုထားတဲ့ သုဿန်လေး ဘက်ထွက်လာခဲ့ပါတယ်။သုဿန်ဇရပ်လေးရဲ့ ဘေး ကွင်းစပ်မှာ အုတ်ဂူ ဖြူ ဖြူတလုံး၊ ဂူပေါ်က

ကဗ္မည်းစာတမ်းက ၊လွမ်းနိုင်ဦး(ဇေယျဝတီ၊အသက်(-)နှစ်၊အောက်က ခုနှစ်သက္က

ရာဇ်များ။အသက်နဲ့ သက္ကရာဇ်များ မမှတ်မိတော့ ပေမယ့် မှတ်မှတ်ရရ ၅၀

ကျော်မှာကွယ်လွန်ပါတယ်။နောင်တော်

ကြီးလွမ်းနိုင်ဦးဆီကအ ပြန်မှာတော့

လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀ ကျော်က ညနေခင်းတွေမှာ ဇေယျဝတီ မြို့  ပြင်ကို လမ်းလျှောက်ထွက်‌နေကျ လူငယ်ကဗျာဆရာ

တသိုက် တွံတေးသိန်းတန်သီချင်းတွေအော်ဆိုလေ့ရှိတဲ့အတိုင်း အသီးတရာ

အညှာတခု သီချင်းကို စိတ်ထဲကဆိုလာမိပါတယ်။တွံတေးသိန်းတန်ပုံအမောက်ထောင်ထောင်နဲ့ ယက်ကန်ယက်ကန်လမ်းလျှောက်လေ့ရှိသူ  ကိုသန်းစိန်ခေါ် လွမ်းနိုင်ဦး(ဇေယျဝတီ)တယောက် မြင်းပျံဆေးပေါ့လိပ်ကလေးပါးစပ်မှာခဲရင်း လက်ခုပ်တီးပေးနေလေမလား။

ညို မြသွေး

ရုပ်ရှင်တေးကဗျာ
ရသစုံမဂ္ဂဇင်း
၂၀၂၀၊ ဒီဇင်ဘာ။

story#observation#shinlhu

No comments:

Post a Comment