ရှင်လူ သပိတ်စခန်းဖွင့်ပြီ၊
ငွေကြေးဖောင်းပွနေသမျှ ရာသက်ပန်သပိတ်မှောက်မည်ဖြစ်ပါ
ကြောင်း...
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
ဒီနေ့ရှင်လူကြီး ၈လေးလုံး ၂၉ နှစ်မြောက်
အထိမ်းအမှတ်နေ့မှာ နေ့စားသပိတ်မှောက်ဖို့ ကုမ္ပဏီတခုနဲ့ ၃ လ
စာချုပ် ချုပ်လိုက်ပြီ။ဘယ့်နှယ်ဗျာ ၊
ကိုယ်ပိုင်အိမ်တွင်းလက်မှုလုပ်ငန်းလေးနဲ့
တသက်လုံးနေခဲ့တာ Inflation က တနေ့တခြား တက်နေတာ အိမ်လခတောင် ၃လစာလောက်အကြွေးတင်နေပြီ။
ဒီတော့ မြောက်ဒဂုံ ပင်လုံအိမ်ယာ ၃ ထဲရှိတဲ့ ကုမ္ပဏီ ဂိုဒေါင်တခုမှာ တည
၅၀၀၀ ကျပ်နဲ့ ၃ လ ညစောင့်လုပ်ဖို့ သဘောတူ
လက်မှတ်ထိုးလိုက်ပြီ။ နေ့ဖက် ကိုယ့်လုပ်ငန်း ပုံမှန်လုပ် ၊ညနေဖက်
စက်ဘီးလေးနဲ့ အလုပ်ဆင်း၊ တလ
တသိန်းခွဲ လောက်တော့အပိုဝင်မှာပေါ့။
အိမ်လခနဲ့ ကလေးတွေ မုန်ဝယ်ကြွေးဖို့ကတော့ ၃ လအတွင်း
မပူရတော့ဘူး။ ၃ လစာချုပ်စေ့ရင်တော့
နောက်တခုထပ်ရှာရမယ်။ရှင်လူကြီး
မသေမချင်း ရာသက်ပန် သပိတ်စခန်း
ဖွင့်ဖို့ အစီအစဉ်ရှိတယ်။အသက် ၆၄ နှစ်။
သန်မာဖျတ်လတ်တယ်The Transporter ဇာတ်ကား ထဲက မင်းသား
Jason Statham လို ထိပ်ပြောင်ပြီး ခိုင်မာတဲ့
မေးရိုးတွေရှိတယ်။ အောက်တိုဘာလကုန်မှာစာချုပ်သက်တမ်းကုန်မှာဖြစ်တဲ့အတွက် နောက်ထပ်ငှါးရမ်းလိုတဲ့ ကုမ္ပဏီများ
cb ကတဆင့် ဆက်သွယ်နိုင်တယ်။အရင်ဆုံးဆက်သွယ်လာသူကိုဦးစားပေးမယ်။အနည်းဆုံး ၃လ
စာချုပ်ချုပ်ရမှာဖြစ်ပါတယ်။
story#observation#shinlhu
No comments:
Post a Comment