
ဘာရယ်မဟုတ် စာခြောက်ရုပ်
⛄⛄⛄⛄⛄⛄⛄⛄
အပိုင်း(၃)
ခုတလော အိပ်မက်တွေ ခဏခဏ မက် နေတယ်။
အိပ်မက်ထဲမှာ ရွာကို ပြန်ရောက်နေတယ်။ နှစ်ပရိ စ္ဆေဒတွေ ကြာခဲ့လို့ ပဲလား ၊ ရွာလမ်းတွေက မမှတ်မိအောင် ပြောင်းလဲနေတယ်။
ရွာထိပ် အမှတ်(၃)ကားဂိတ် က ကိုလှစိန် (ကိုဖိုးခွေး) တို့ အအေးဆိုင်နေရာလည်း အရင်လိုမဟုတ်တော့။ ခပ် ကြီးကြီး အဆောက်အဦ တခု မြင်နေရတယ်။အထဲမှာ လည်း ကိုယ်မသိတဲ့ မျက်နှာစိမ်း မိန်းကလေး တချို့ တွေ့ တာနဲ့ 
"ကိုလှစိန် ရှိသေးလား" မေးတော့ သူတို့ က
"မသိဘူး ၊ဘယ်ကိုလှစိန်လဲ"။"ကိုဖိုးခွေး လို့လဲ
ခေါ်တယ် ၊ သူရှိရင် အသက်၇၀ ကျော်လောက် ရှိ ပြီ"။ မိန်းကလေးတွေက ခေါင်းခါ ပြီး
သူတို့ လုပ်လက်စတွေ ဆက်လုပ်နေတယ်။
နှစ်ပေါင်း ၆၀ လောက်အတွင်း ကွင်းဆက်တွေက ဒီလောက်တောင် ပြတ်သွားရသလား။
ကိုဖိုးခွေး အိမ်နေရာတွေ့ ပြီး ကိုဖိုးခွေးကို သိသူမရှိ။ တကယ်ဆို ဒီနေရာမှာ ကိုဖိုးခွေး သားသမီး မြေးစသူတွေရှိနေရမှာမဟုတ်လား။
ကိုဖိုးခွေး အိမ်ထောင်တွေဘာတွေမကျဘဲ
ရွာက ထွက်သွားခဲ့လေသလား။ ဒီလိုနဲ့  ရွာလယ်က ဘ ကြီးလှိုင်အိမ်ဘက်မှန်း ပြီး လာခဲ့တယ်။ဘ ကြီးလှိုင် အိမ်မှာလည်း ဘ ကြီးလှိုင်ရောအရီး ဒေါ်တင်အေးရော မေးမရ။ ဘ ကြီးလှိုင်သားသမီးတွေ က မိမိနဲ့ မတိမ်းမယိမ်းတွေချည်း။ခုေ တွ့သူတွေက မိမိထက် အတန်ငယ်နေ ကြတဲ့ မျက်နှာသစ်တွေ။ ရွာနားမှာ စက်မှုလက်မှု အထက်တန်းကျောင်း လာဖွင့် လို့  ရောက်လာတဲ့ ဝန်ထမ်း အဆက်အနွယ်တွေလား။ဘ ကြီးဘိုကေ အိမ်ရောက်တော့လည်း ဒီအတိုင်း။ ဖန်ပုလင်း လေးတွေ အစီအရီကို စင်ကလေးနဲ့ တင်ထားတဲ့ အိမ်ဆိုင်ကလေးကို မျက်စိထဲ မြင်ယောင် နေပေမယ့် လက်ရှိ က Restaurant ဆန်ဆန် အခင်းအကျင်းမျိုး မြင်နေရတယ်။ရွာရဲ့ တခုထဲသော အိမ်ဆိုင် ကလေးမှာ မိမိဝယ်စားနေကျ ဖွဲနုမုန့် ပုလင်းကလေးရော ပယ်ပယ်မင်း ဆိုတဲ့ရောင်စုံ သ ကြားလုံး ပုလင်းလေးရော မရှိတော့။ ဆိုင်နောက် ကြမ်းခင်းမှာ ကြုံ့ ကြုံ့ ကလေး ပဆစ်တုပ်ထိုင်နေတတ်တဲ့ မိတင်လှ ကို တွေ့ မလား မေးလိုက်တော့လည်း သိသူမရှိ။ မိမိနဲ့ မီးဝင်မီးထွက် မွေးခဲ့ ပြီး ၇ ရက် ကြီးတဲ့ မိတင်လှ ၊ အသား ဖြူ ဖြူ နှုတ်ခမ်းပါးပါး၊မျက်ခုံးထူထူ ဆံပင် ကောင်းကောင်း နဲ့ လုံး ကြီးပေါက်လှ။မိမိကိုေ တွ့ လိုက်ရင် တရင်းတနှီး နှစ်လိုဖွယ် အ ပြုံးနဲ့  ဆက်ဆံတတ်သူ။အဲတော့ ခုနေ မိတင်လှ ရှိနေသေးရင် မိမိနဲ့ ရွယ်တူ ၆၈ နှစ်အရွယ် အဖွား ကြီးပေါ့။ အဖွားက မိမိနဲ့ မိတင်လှကိုစုံဖက်ပေး ပြီး သုံးဧကခွဲ ရှိတဲ့ ဒူးရင်းခြံ ကြီးကို သွားလေသူ အဖိုး သာဦး ကိုယ်စား လုပ်ကိုင်စေမတဲ့။ အဖွားစီမံကိန်းတွေ မစတင်မီမှာပဲအဖေနဲ့ အမေရဲ့ ရုံးတက်ကွာရှင်းမှု အ ပြီးမှာအဖေ့ ဘက်ပါခဲ့ ရ ပြီး ရွာက ထွက်ခဲ့ရတယ်။သားသမီး လေးဦးလုံး အဖေ့ကိုပေး ပြီး ကွာရှင်းစာချုပ်နဲ့ လဲခဲ့တဲ့ အမေ့ကိုလည်း ဆတ်ဆတ်ခါနာကျည်းမိတော့တယ်။ နှစ်ပေါင်း ငါးဆယ်လုံး လုံး ခြေဦး ပြန်မလှည့် ခဲ့တဲ့ရွာကို ခုအသက် ၆၈ နှစ်ကျော်ကာမှ ပြန်ရောက်နေရ ပြီ။ ဒါတောင် ကိုယ်က ပြန်တာမဟုတ်၊အိပ်မက်က ပြန်တာ။ဘာသဲလွန်စ မှ ရှာမရတဲ့အဆုံးရွာဦးက "မေဓါရာမ ဝိဟာရ"ကျောင်းဘက်ခြေဦးလှည့်ခဲ့မိတယ်။ လက်ရှိ ဆရာတော်က အသက် ၃၀ စွန်းစွန်းပါပဲ။ "တပည့်တော်က ဒေါ်မာဘု ရဲ့ မြေးပါ၊ ဒီကျောင်းမှာပဲ မူလ ကျောင်းထိုင်ဆရာတော် ကြီးဆီမှာ ရှင်သာမနေ ပြုခဲ့တာပါ"
ဆိုတော့ "အင်း ဆရာတော် ကြီး ပျံလွန်တော်မူသွားတာတောင် နှစ်ပေါင်း ၄၀ ကျော်ခဲ့ ပြီ"
ကျောင်ထိုင်ဘုန်းကြီးက ဒီလောက်ပဲ ပြောနိုင်တယ်။ ဒေါ်မာဘု လည်းမသိ။ရွာ သမိုင်းလည်းမသိ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ တုန်းက အိမ်ခြေ ၃၀ လောက်သာရှိခဲ့တဲ့ရွာကလေး ရဲ့
သမိုင်းအစကို သက်တော်၃၀ လောက်သာရှိသေးတဲ့ ကျောင်းထိုင်ဆရာတော်က ဘယ်သိနိုင်မှာလဲ။
ဒီလိုနဲ့  အမေ့ အိမ်ကို ဘယ်လိုရှာရမလဲ။ ဘယ်သူ့ ကိုမေးရမလဲ။ ခုနေအမေ ရှိသေးရင် ၊အမေက ၁၇ နှစ်သမီးအရွယ်မှာမိမိကိုမွေးခဲ့တာဆိုတော့ ၊လက်ရှိမိမိအသက် ၆၈+၁၇=၈၅ နှစ် အရွယ်ပေါ့ ။မိမိတို့ နဲ့ မွေးချင်း နို့ စို့ကောင် (ရုံးတက်ကွာရှင်းစဉ်က
အမေနဲ့ ပါသွားတဲ့ အငယ်ဆုံးညီ)အောင်စိုးအ ပြင် အမေ နောက်အိမ်ထောင်နဲ့ မွေးတဲ့ ကလေးတွေတောင် ခုနေရှိရင် အသက် ၅၀ ဝန်းကျင်တွေနေမှာ။
ဒါပေမယ့် တရွာလုံးလည်း တစိမ်းတွေချည်းပဲ။
အမေ....အမေ အမေ့အိမ် ဘယ်မှာလဲ ၊အမေ အဖေ့ကို ရုံးတက်ကွာရှင်းခဲ့တာ မမှားခဲ့ဘူး အမေ။ နောက်အိမ်ထောင် ပြု ပြီး သားသမီးတွေ ပွားစည်းခဲ့တာလည်း မမှားခဲ့ဘူး။ သားက ရုပ်ရှင်တွေ ကြည့် ၊ဝ တ္ထုတွေဖတ် ပြီး သားသမီးတွေ အတွက် ဘဝစတေးခံ ၊ လင်ဆိုးမယား တဖါးဖါး အ ဖြစ်နဲ့ မမျှတတဲ့ လောက ကြီးကို ခေါင်းငုံ့ ခံတဲ့ အမေမျိုး မ ဖြစ်ခဲ့တာကိုအဲ့လို ရုပ်ရှင်အမေ ဝတ္ထုအမေ မ ဖြစ်ရကောင်းလားဆို ပြီး အမေ့ကို ထာဝရ စွန့် ခွာခဲ့တဲ့ သားကသာ မှားခဲ့တာပါ။
အပိုင်း(၄)ဆက်ရန်