ဆောင်းရုပ်ကြွင်း
🎵🍡♥♥🍢🎵
ညိုမြသွေး
ထမင်းဟင်းတွေက
အိုးထဲက ထွက်မလာဘဲ
ကျွတ်ကျွတ်အိတ်တွေထဲကထွက်ထွက်လာတယ်
ပိုးဟပ်တွေ ကြွက်တွေနဲ့
ဖုန်မှုန့်တွေက ငါ့ကို မခန့်လေးစား ပြုလို့...
အဝတ်ကြိုးတန်းဟာ
တိမ်တိုက်ကြီးတွေနဲ့ ပိုပြီးတူတူလာတယ်
မင်းမရှိတဲ့ဆောင်းဟာ
ဆယ်ခါမကတော့ပြီ
အလွမ်းဆိုတာ မှီခိုချင်တဲ့စိတ်လား
တခါတခါ တွေးမိပါရဲ့
အချစ်လည်း ဖြစ်ချင်ဖြစ်နိုင်တာပဲလေ
ဒီလို ညင်ညင်သာသာအတွေးတွေနဲ့ပဲ
တဆောင်းပြီးတဆောင်းသစ်ခဲ့
ညိုမြသွေး
poem#observation#shinlhu
No comments:
Post a Comment