အာစွတ်ပုံ ပြင်(၁)
ကဏန်းတကောင်ရဲ့မှတ်တမ်း
😕🙄👺🎃🤗🤔👍😓🤕😠😌
ကျနော် ခုရောက်နေတဲ့နေရာကတော့" ဗလုံးရှုပ်ထွေး" ရပ်ကွက် ဈေး တခုပဲ ဖြစ်ပါတယ်။
တကယ်တော့ ကားတွေ ဆိုက္ကားတွေ စက်ဘီးတွေ နဲ့ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်တွေ တိုးဝှေ့နေ
ကြ ပြီး ဟင်းသီးဟင်းရွက် အပုပ်အသိုး တွေနဲ့ အမှိုက်ပုံ ကြီးတွေကလည်း ခွေးနဲ့ ကျီးကန်းတွေ တရုန်းရုန်း ယင်တလောင်းလောင်းနဲ့မို့ "ဗလုံးရှုပ်ထွေး"ရပ်ကွက်လို့ ခေါ်လိုက်တာပါ။ တကယ်တော့
ကျနော့လို ဈေးတောင်းထဲက ကဏန်းတကောင် အနေနဲ့ ဈေးနဲ့
ရပ်ကွက်တခုကို Local guide
တယောက်လို Tour guide
တယောက်လို ရှင်းပြနေဖို့လည်းမလိုအပ်ပါဘူး။
တကယ်တော့ ကျနော်ဟာ
"ချောင်းရိုးစပ်က ရွှံ့ နန်းတော် ၊က
ဏန်းမင်း ကြီးပျော် ၊ရံေ ရွတော်
ဖော် တသင်း ငါးပျံမတို့ ကပွဲခင်း"
ဆိုတဲ့ ဖိုးဝေလ ရဲ့ကဗျာ တပုဒ်ထဲကလို ချောင်းရိုး မြောင်းစပ်တွေမှာ
ကိုယ့် အချုပ်အ ခြာ အာဏာနဲ့ နေ
ထိုင်ခဲ့တဲ့ တော်ဝင်ကဏန်းမျိုး ဖြစ်ပါတယ်။ ကျနော်တို့မှာ ရန်သူရဲ့ စစ်ပြုလာမှုကို ကာကွယ်နိုင်ဖို့ မာကျောတဲ့ ချပ်ဝတ် တန်ဆာ တွေဝတ်ဆင်ထား ပြီး ကြီးမားတဲ့
လက်ရုန်း လက်မ ကြီးတွေလည်းရှိ တဲ့အတွက် တော်ရုံ ရန်သူကိုတော့ မ ဖြုန်ခဲ့ပါဘူး။ဒါတောင်
Survival of the fittest
ဆိုသလို ကိုယ့်ထက် အင်အားသာ၊ဉာဏ်သာတဲ့ တံငါဆိုတဲ့ လူသတ္တဝါတွေရဲ့ ဗိုလ်ကျ စိုးမိုးမှုကို
ခံ ကြရပါတယ်။ တံငါတွေက ကျနော်တို့ကို ဖမ်းပြီး လက်မ ကြီးတွေကို သင်အူ ကြိုးနဲ့ တုပ်နှောင်ကာ
ဈေးကိုယူလာ ပြီး ဖောက်သည်ပေးခဲ့ပါတယ်။ လက်ရှိ အခြေအနေကတော့ ကျနော်နဲ့တကွ ကဏန်းတချို့ဟာ ငါးစိမ်းတန်း ဈေးသည်တယောက်ရဲ့ ဝါးတောင်းတခုထဲမှာ ရောက်နေခဲ့ပါတယ်။ ဒီအချိန်မှာပဲ အသားဖြူ ဖြူ ဂင်တိုတိုလူတယောက်က ဈေးတောင်း
ရှေ့ မှာ ရပ်လိုက်ပါတယ်။
"ကဏန်း တကောင် ဘယ်လောက်လဲဗျ" ဆိုတဲ့အမေးကို
ဈေးသည်က လက်ငါးချောင်း ထောင် ပြလိုက်ရင်း
"တကောင် ငါးမူးပါ ခင်ဗျ၊
ဘယ်နှစ်ကောင်ယူမလဲ"
"ကျနော် က ယ တြာချေရမှာမို့ ၃၂ ကောင် ယူရမှာပါ ၊နည်းနည်း လျော့အုံးပေါ့"
ဝယ်သူရဲ့ ဈေးဆစ်သံကြောင့် ကျနော်ဟာ အိပ်ငိုက်နေရာက မျက်လုံးတွေတောင် ပြူးသွားမိပါတယ်။လက် တွေ ကြိုးတုပ်ခံထားရတဲ့ ကြားက ဘော်ဒီဝိတ်ကိုသုံး ပြီး တ ခြားကဏန်းတွေအပေါ် ရောက် အောင် အတင်းတိုးထွက်လိုက်ပါတယ်။ကျနော့လိုပဲ အခြေအနေ ရိပ်စားမိလိုက်တဲ့ ကဏန်းတချို့ကလည်း လိုက်တိုး
ကြတာကြောင့် ကဏန်း ချင်းပွတ်တိုက်မိကာ ပဋိပက္ခ တခုတောင် ဖြစ်လုနီးပါးပါပဲ။ အမှန်တော့
ယ တြာချေမယ် ဆိုတဲ့ အသံဟာ
ကျနော်တို့အတွက် လွတ်မြောက်ရေး အသံ ၊ရှင်သန်မှု အသံပါပဲ။
ရက်စတောရင့် တခုခုက ရေခဲပုံးထဲမှာ အေးခဲသေရမယ့်အစား
ချောင်းမြောင်းတခုခု ထဲ သက်စေ့အလွှတ်ခံရမယ့် ကိစ္စမျိုးဟာ တကယ့်ကို နတ်သိ ကြားမတဲ့ကိန်းမျိုးပါပဲ။ ဒီလိုနဲ့ ရောင်းသူ ဝယ်သူတို့ ဈေးတည့်သွား ကြ ပြီး
"၃၅ ကောင်ပဲ ရှိတာမို့ 
တောင်းပြတ် ၃ကောင်အပိုယူသွားလိုက်ဗျာ" လို့ ဈေးသည်က သဘောတူပေးလိုက်တော့ အားလုံးမတိုးဝှေ့ ရဘဲ ယ တြာအုပ်စုထဲပါရတော့မယ်ဆို ပြီး ကဏန်း ဘာသာနဲ့ ဝေးခနဲ ဟစ်ကြွေးလိုက်
ကြတယ်။
ဒီလိုနဲ့ ယ တြာဆရာ ကြီးရဲ့အိမ်ကို ရောက်ခဲ့ ကြတယ် ဆိုပါတော့ဗျာ။အိမ်ရောက်ရောက်ချင်းပဲ ယ တြာဆရာ ကြီးက သူ့မိန်းမကို လှမ်းခေါ်လိုက်တယ်
"မသန်းရေ ...ဟေးမသန်း ၊ငါမနက် ဖြန့် သက်စေ့ ယ တြာအတွက် ကဏန်း တွေ ဝယ်လာတယ်၊ အဲဒါ ဒန်အိုး ကြီးထဲထည့် အဖုံး ဖုံး ပြီး နင့် ကျောက် ပျဉ်နဲ့ဖိထားလိုက်၊ သြော် ..ဒါနဲ့ ၃ ကောင်အပို ပါလာတယ် ၊အဲ့သုံးကောင်ကိုတော့ စားဖို့  ပြုတ်ထားလိုက်၊
ကျန်တဲ့ ၃၂ ကောင်တော့ မလျော့စေနဲ့ "
ဦးယ တြာရဲ့ နောက်ဆုံးစကားကြောင့် ဒန်အိုးထဲရောက်စ
ကဏန်း ၃၅ ကောင်ရဲ့ မျက်လုံး
၇၀ ဟာ နဂိုလ်ပြူးထက် ပို ပြူးကုန် ကြပေါ့။
"ငါတော့ အသေယောင်ဆောင် ရုပ်ရှင်ရိုက်ရ ကောင်းမလား"
"အေး ဒါဆို မင်းပဲ အရင်ဆုံး အ ပြုတ်ခံလိုက်ပေါ့ကွာ"
"ဟာ .. ဟုတ်သားပဲ၊
ငါလဲ ကြောက်ကြောက်နဲ့ ကြံမိ ကြံရာ ၊ကံကောင်းလို့ "
ကျနော်လည်း အ ပြုတ်စာရင်း၃ ကောင်ထဲမပါအောင်
ဘယ်လိုလုပ်ရမလဲ တွေးနေတုန်းမှာပဲ အိမ်ရှင်မ မသန်းက ကျောက်ပျဉ်ကိုဖယ် အဖုံးဖွင့် ပြီး အိမ်ရှင်မတို့ ဉာဏ် မျက်စိနဲ့  ကဏန်းများကို ဝေ့ ကြည့်ပါတယ်။ဒီခါမှာ
ဒန်အိုးထဲက ကဏန်းအားလုံးဟာ
မိုက်ကယ်ဂျက်ဆင်ရဲ့ 
Moonwalker (လပေါ်လမ်းလျောက် ကကွက်နဲ့ ရှောင်တိမ်း
နေ ကြပေါ့။ မသန်းနှုတ်က ပြတ်ပြတ် ပြတ် ပြတ် မြည်ရင်း "လွှတ်ချင်းလွှတ်ရင် အသေးတွေပဲ ပြန်လွှတ်ရမှာပေါ့ "လို့ မြည်လိုက်တော့အရင်က သူတို့ ကိုယ်သူတို့  စစ်ပက် ဘာညာနဲ့ တကားကား ဟန်ရေး ပြနေတဲ့ ကဏန်းတချို့ ဟာ ချက်ချင်း အဖျားတက် ကုန် ကြရဲ့။ ကျနော်ကတော့
သက်ပြင်းပူ ကြီး မှုတ်ထုတ်ရင်းသဗ္ဗေ crab တကာ ကမ္မဿကာ လို့ပဲ နှလုံးသွင်းနေလိုက်တော့တယ်။ ဒီနေရာမှာတော့ "ငယ်သော်လှ၏ " သဘောတရားအတိုင်း အကောင် ကြီး ၃ ကောင်
ပြုတ်အိုးထဲဝင်သွားကြရှာတယ်။
"မသန်းရေ ငှက်ပျောသီး
အုန်းသီးတွေ ရေစင်အောင်ဆေးပြီး ဇလုံထဲ ထည့်ခဲ့၊ သာဿနာပွဲ
ပြင်ရမယ်၊ မနက်အတွက် ခုညကတည်းက ဆိုင်ရာ ပိုင်ရာတွေ ကြိုဖိတ်ထားရမယ်"
"ဟုတ်ကဲ့ ကိုကျော်ရေ၊
ဒီမှာ ကဏန်း ပြုတ်အိုး တည်ပြီးရင် လုပ်ပေးပါ့မယ်"
ဦးယ တြာရဲ့ နာမည်က
ကိုကျော်မှန်းခုမှသိလိုက်ရပါတယ်။ ကျနော်သတိထားမိသလောက် ကိုကျော်က ပရိတ်ပဌာန်းရွတ်လိုက် ကြေးစည်တနောင်နောင် ထုလိုက်နဲ့ မ ကြာခဏ အမျှဝေလိုက်လုပ်ရင်း သန်းခေါင်တိုင်ခဲ့ပါတယ်။ကျနော်အပါအဝင် ကဏန်း
၃၂ ကောင်လုံးကတော့ ကိုကျော်
ကြေးစည်ထု အမျှဝေတိုင်း သာဓု သာဓု သာဓု ဆို ပြီး ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်လို့ နေ ကြပါတယ်။ မနက် ဖြန်ကျရင် မိမိတို့  ရှင်သန် လွတ်မြောက် ကြတော့မယ်ဆိုတဲ့ ပီတိ စိတ်ကြောင့် ဟို
ပြုတ်အိုးထဲက စစ်ပက် ၃ကောင်ကိုတောင် သတိမရတော့ပါဘူး။ဒီလို နဲ့ ဒန်အိုးဖွင့်သံ ကြားလိုက် ပြီး "ဟယ်...ကိုကျော်ရေ ၊ဒီတကောင် မလှုပ်တော့ဘူး ၊အဲ သေနေ ပြီတော့ "ဆိုတော့ ဟိုက"အဝိဂတ ပစွယောတိ" နောင်ဝေ ဝေ။"အိုးထဲ ထည့် ပြုတ်လိုက်။
အမှန်တော့ အိုးအဖုန်းကလေလုံ တဲ့အထဲ အပေါ်က
ကျောက်ပျဉ်နဲ့ပါ ဖိထားလေတော့
အောက်ဆီဂျင်က ကျသထက်ကျလာနေတယ်။ ဒီ ကြားထဲ တချို့ ကောင်တွေက ခုချိန်ထိ ကိုဗစ်ရှီးမထိုးရသေး။
ဒီလိုနဲ့ နာရီဝက်တခါလောက် "ဟယ်...ကိုကျော်ရေ ၊ဒီတကောင် မလှုပ်တော့ပြန်ဘူး ၊အဲ သေနေ ပြီတော့ "ဆိုလိုက်တိုင်းဟိုက"အဝိဂတ ပစွယောတိ" နောင်ဝေ ဝေ။"အိုးထဲ ထည့် ပြုတ်လိုက်ချည်း ကြားနေရတော့ သူတော်ကောင်းကြီး ကြေးစည်ထု
အမျှဝေလိုက်တိုင်း သာဓု ခေါ်သံတွေကလည်း တ ဖြည်းဖြည်း တိုးသွား ပြီး နောက်ဆုံး ကဏန်းဘာသာစကားနဲ့  အ မြှုပ်ထွက်လုမတတ် စွိစွိ စွစွ အော်နေ ကြလေရဲ့ ။ကျနော့မှာလည်း ကိုယ့်အလှည့်ရောက်လာမှာ တွေးကြောက်ရင်း သူတို့ ကို မြင်နေရတာ Facebook နဲ့ YouTube ကြည့်ရသလို ခေါင်းနောက်လာတယ်။
No comments:
Post a Comment