ကြောက်ထိုးဆရာကြီးရှင်လူ
$$$$$$$$$$$$$
ငါက ရောင်းရင်းတွေရဲ့နောက်ကျောကို
ဘယ်တော့မှ ဓားနဲ့မထိုးဘူး..
တက်တူးပဲထိုးတာ..
``ငကြောက်´´လို့...
တသံသရာလုံး မချမ်းသာမှာကြောက်ရ
နာမည်မကြီးမှာကြောက်ရ...
ရှေ့ကားကို မကျော်နိုင်မှာကြောက်ရ..
နောက်ကားကျော်တက်မှာကြောက်ရ...
သူများအလေးမပြုမှာကြောက်ရ...
ကိုယ်ကသူများကို အလေးပြုရမှာကြောက်ရ..
ရှင်လူ့ရောဂါကလည်း ကိုယ့်ရောင်းရင်းတွေဆို...
ငကြောက်တွေဖြစ်မှာကိုပဲ ကြောက်ရ...သူတို့ငကြောက်ဖြစ်သွားရင်..
သူတို့နောက်ကျောကို
ငကြောက်လို့ တက်တူးထိုးရမှာကိုပဲ
ကြောက်နေတော့တာဗျ....
story#observation#shinlhu
No comments:
Post a Comment