ပြိုင်မြင်းခွာသံ သုံးသောင်းတန်🏇🏇🚴🚴🚴🚴🏇
"ဖောင်း💥💥💥"
ဖောင်းခနဲ ကြယ်လောင်တဲ့ပေါက်ကွဲသံကြောင့် ရှင်လူကြီးထမင်းစားပြီးပန်းကန်ဆေးနေရာက တွန့်ခနဲဖြစ်သွားတယ်။
"ဟဲ့..ဘာသံလဲ..၊ အကျယ်ကြီး ပဲ" အိမ်နီးနားချင်းတွေပါ ထိတ်လန့်တကြားဖြစ်ကုန်ပေါ့။သေခြာလေ့လာလိုက်တော့ မိုးတစိမ့်စိမ့်ကြား ဖွေးတို့အိမ်ရှေ့ရပ်ထားတဲ့ရှင်လူ့မြင်းလေးဆီကအသံ။ကြည့်စမ်း မနေ့ကမှ မင်းမင်းဆီကလေထိုးတန်ငှားပြီး လိုရမယ်ရ ခပ်တင်းတင်းထိုးထားတဲ့နောက်ဘီးပေါက်တာကိုး။ဇူလိုင်လက ကွယ်လွန်ခဲ့တဲ့
ကိုကြီး လူရှင်း(မိုးကုတ်)ခေါ်
သံမဏိ ခေါ် ကိုကြီးသောင်းထူးထားခဲ့တဲ့အမွေ BM ဘီးကလေး။မိုးအစဲမှာ စက်ဘီးပြင်ဆိုင်ဘက်တွန်းထွက်ခဲ့တယ်။ဆိုင်သမားမအားသေးလို့ ထားခဲ့ပါ တနာရီလောက်လာယူ ဆိုတာနဲ့ အပျင်းပြေ မင်းမင်းတို့ ဆိုင်ဘက်ထွက်ခဲ့တယ်။မင်းမင်းတို့"ရွှေနဒီ" ဆိုင်ရောက်တော့ စျေးထိုင်ရောင်းနေတဲ့မင်းမင်းတွေ့တာနဲ့ သူ့ဘေးဝင်ထိုင်ပြီး စကားလေးဘာလေးပြောပေါ့။တနာရီလောက်နေတော့ စက်ဘီးဆိုင်ပြန်သွားရတယ်။မသွားလို့လည်းမဖြစ်ဘူး ဒီစက်ဘီးဆရာတွေကလူကိုယ်တိုင်ထိုင်စောင့်ပြီးလောဆော်မနေရင် ကြုံရာဘီးကောက်ကိုင်နေတာ၊ကိုယ့်အလှည့်တော်တော်နဲ့မရောက်။ထင်တဲ့အတိုင်း ဆိုင်ရောက်တော့ ဆိုက္ကားဘီးဖာနေတဲ့ အဖိုးကြီးက သူ့သားထမင်းပြန်စားနေလို့ စောင့်ပါအုံးဆိုတာနဲ့ စောင့်နေရသေးတယ်။ အတန်ကြာ စက်ဘီးဆရာပြန်ရောက်လာတော့ "ဦးလေးဘီးကမရတော့ဘူး.. တာယာပါကွဲသွားတာ"တဲ့။အင်း...ဟုတ်ပါရဲ့..
တာယာပါစုတ်ပြတ်ပွင့်ထွက်သွားလေတော့။ကျွတ်ကောတာယာပါဝယ်ရတော့မပေါ့။"အင်း..စေတနာမှာသွားဝယ်ရမှာပေါ့၊ အမျိုးအစား ဘယ်လိုပြောရမလဲ"ဆိုတော့
BM 20 တဲ့။ဒီလိုနဲ့ စေတနာစက်ဘီးအပိုပစ္စည်းဆိုင်ရောက်တော့ ကျွတ်တလုံး၉၅၀၀ ကျပ်၊ တာယာက
၁၉၅၀၀ ကျပ်။လက်ခက၂၅၀၀ ကျပ်ဆိုတော့ အိတ်ထဲကသုံးသောင်းကျော်ထွက်သွားပြီ။ကဲ.ညည်း မနေတော့ပါဘူး တမနက်ကိုဆိုက်တွဲကယ်ရီ၁၅၀၀ ကျပ်
တလဆို ၁၅သုံးလီ ၄၅၀၀ကျပ် ... ဒါ ညနေ
ဘတ်စ်ကားခမပါသေး။
story#observation#shinlhu
No comments:
Post a Comment