ရှင်လူ နှစ်ကိုယ်ခွဲ
😁😠🎃🙄🤗🤣😗🤔🤐
လူတွေဟာ တဏှာ ၊မာန၊
ဒဌိ စတဲ့ ပပဉ္စ တရားတွေ နဲ့ ရှုပ်ထွေး ပွေလီလှတယ်။ အယ်လဲ့ ရှင်လူ ကြီး နိဒါန်းကိုဖတ် ပြီး ဒီလူ
ကြီး တရားဟော တော့မှာပဲ လို့မ
ထင်လိုက် ကြပါနဲ့။ အမှန်တော့
မိမိ လေ့လာသိရှိထားတဲ့ ပညတ်၊
ပါဠိစကားလုံးတွေ ကို အလွယ်တကူ ယူသုံးလိုက်တာပါ ။ တကယ်တော့ လတ်တလော အခြေအနေအရ ရှင်လူ ကြီး ဗုဒ္ဓ ဘာသာဝင်
အ ဖြစ်က ခဏ ခွင့်ယူထားပါတယ်။ ယာယီ ဘာသာမဲ့ ပေါ့ဗျာ။
တချို့က ဗုဒ္ဓ ဓမ္မ ကို သူတို့ရဲ့
ပုဂ္ဂလိကပိုင် ပစ္စည်းလိုလို ၊ငရဲနဲ့နိဗ္ဗာန်ကို သူတို့ကပဲ ကံထရိုက်ဆွဲထား သလို လို အလွဲသုံးစားတွေ
လုပ်နေတာ မြင် ပြီး သောက်ညင်ကပ် လာလို့ ခွင့်ယူ ပြီး ခေတ္တ
ဘာသာမဲ့ ခံယူထားတာပါ။ ဒါကြောင့် ခုချိန်မှာ ရှင်လူ ကြီး တရားလည်းမနာ ၊တရားလည်း ဟောမှာမဟုတ်ပါ။ ရှင်းတယ်နော်။
ရှင်လူ ခု ပြောချင်တဲ့အကြောင်းက Psychology (စိတ်ပညာ)နဲ့ပတ်သက်လို့ ကိုယ်တိုင် ကြုံနေရတဲ့ ပြဿနာ အကြောင်း ဆွေးနွေးချင်လို့ နိဒါန်းပျိုးနေတာပါ။ တကယ်တော့ လူတွေ
(အန္ဓ ပုထုဇဉ်) ဟာ မိမိကိုယ်မိမိတောင် နားမလည်သူတွေ ဖြစ်ပါတယ်။ဒါတောင် အများအားဖြင့်တော့ သူတပါးအပေါ် ဆရာ ကြီး
လုပ်ချင် ကြပါတယ်။ ထားပါတော့
ရှင်လူ အဓိက ပြောချင်တာက ဒါမဟုတ်ဘူး။ ကွကိုယ် ကိုယ့်အကြောင်း ကိုယ်မသိ တဲ့ကိစ္စပါ။
မှတ်မှတ်ရရ နှစ်ပေါင်း သုံးဆယ် မက ၊ ဒါမှမဟုတ် ဒီထက်အများ ကြီးပိုချင်လည်းပိုနိုင်ပါတယ်။ အိမ်မက်ဆိုးတခုကို နှစ်ပေါင်းများစွာ ဆက်တိုက်မက်နေတာ။
အရင်ကလည်း တခါ နှစ်ခါတော့ ရေးခဲ့ဖူးပါတယ်။သာမာန် အ ဖြစ်အပျက် အနေနဲ့သာ ရေးခဲ့တာပါ။ ဒီတခါတော့ ပညာရပ်
ဗဟုသုတတွေနဲ့ပါ နှိုင်းယှဉ် သုံးသပ် ချင်လို့ ခုလို လေကြောရှည်နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ(ဇနီးသည်မကွယ်လွန်ခင်ကတည်းက)ရှင်လူ ကြီး အိပ်မက် ထဲမှာ
ရန် ဖြစ်တဲ့အကျင့် တခု ရှိပါတယ်။ဇနီး သည် ပြန်ပြောလို့သိရတာပါ။
"မောင် ညတုန်းက ယောင် ပြီး ဆဲဆို သောင်းကျန်းနေတာ
အသံကျယ် ကြီးနဲ့ ခွန်နှစ်အိမ် ကြား၊ ရှစ်အိမ် ကြား၊ ဒီ ကြားထဲ
ထိုး ကြိတ် ကန်ကျောက်နေလို့
ခြေတွေ လက်တွေပါ ဖမ်းချုပ်ထားရတယ်" တဲ့။ ဇနီးသည် ကွယ်လွန်
ပြီး နောက်ပိုင်း ကျတော့လည်း
အခန်းနီးချင်းတွေ ဆီက ရှင်လူ့အိပ်မက် ရန်ပွဲ သတင်း တွေ အ မြဲလို ပြန် ကြားနေရ ပြန်တယ်။
ကျောက်ပန်းတောင်းဘက် အလှူသွားတော့လည်း အားလုံး စုအိပ်တဲ့ တည်းအိမ်မှာ နာမည် ကြီးသွား ပြန်တယ်။ လွန်ခဲ့တဲ့ ၅ နှစ် ကျော်
Bella ကုမ္ပဏီ မှာ ညစောင့်
ဝင်လုပ်တော့လည်း အတူ တာဝန်ကျတဲ့ ပါတနာ ကြီးက "ညက
အကို ယောင် ပြီး ဆဲနေတာ အကျယ် ကြီးပဲ"တဲ့။ အဲဒါ ညတိုင်းလိုလိုဆိုတော့ ပတ်ဝန်းကျင်ကို အားနာလာတယ်။ ဒါကြောင့် ညမအိပ်ဘဲလည်းမနေရဲ။ အသက်အရွယ်အရ
အိပ်ရေး မဝလို့ကျန်းမာရေးထိတာလည်း ကြုံဖူးထားလေ တော့။
ခု လက်ရှိလုံ ခြုံရေး ဝင်နေတဲ့ ကုမ္ပဏီမှာလည်း ဒီအတိုင်းပဲ ဆိုပါတော့။ အခု အတူ တာဝန်ကျ တဲ့ ပါတနာ ကြီးက ညည ရှင်လူ ယောင်ရင် ကြမ်းပုတ် သတိပေးတတ်တယ်။ ဒီလို သတိပေးလို့မှ မရ ရင်"ချ ချ ...ချထား"ဆို ပြီး မြှောက်ပေးကရော။ တနေ့ကဆို ရှင်လူ ကြီး ခြင်ထောင်အ ပြင်ဘက်ရောက်နေ ပြ်ီ ၊ ဒူးတဖက်ထောင် တဖက်လှဲ အနေထားနဲ့ လက်သီးကို အသကုန် လွှဲ ပြီး ရန်သူ့မျက်ခွက်ကို ထိုးဖို့ရွယ်လိုက်တာ ဘော်ဒါ ကြီးရဲ့"ချ ချ"ဆိုတဲ့အသံ ကြားမှ သတိရလာတော့ကုလားထိုင် လွတ် ကြီးကို ထိုးမိတော့မလို့။ တလောကလည်း တဘုန်း ဘုန်း အသံတွေ ကြားသတဲ့။ အဲဒါ မနက်ဘက် လက်ဖမိုး တွေ ကြည့်လိုက်တော့
လက်သီးစောင်းမှာ သွေးတွေ စို့နေတယ် ၊ညက သံမံတလင်းကို
အသကုန် ဆော်ထားပေသကိုး။
မေတ္တာလည်းပို့ပါရဲ့၊အ
မျှလည်းဝေပါရဲ့၊ ဒါတောင် ဖောက်မရ တဲ့ အကုသိုလ် ရန်ပွဲ။ အခု
ခွင့်ယူ ပြီး ဘာသာမဲ့ လုပ်ထားလိုက်တော့ အေးကရော၊ သူချကိုယ်ချပဲ။ လောလောဆည် ခွင့်ကာလ ဘာသာမဲ့ လုပ်ထားလေတော့ မိမိလေ့လာထားတဲ့ ဗုဒ္ဓအဘိဓမ္မာ ထဲက ဝိထိစိတ် ၊ဘဝင်စိတ်အကြောင်းတွေ မပြောတော့ဘဲ
အရင်က ဖတ်ဖူးတဲ့ ဗဟုသုတတွေ
ပြန်သတိရတယ်။
Robert Louis Stevenson ရဲ့ ကမ္ဘာကျော်
Dr Jekyll and Mr Hyde
ဝတ္ထုထဲမှာ ဒေါက်တာ Jekyll ဟာ သူ့ရဲ့'ဒုတိယ' သဘာဝကို ဖော်ထုတ်ချင်တာကြောင့် ကြင်နာတတ် ပြီး လေးစားစရာလည်းကောင်း အသိဉာဏ်လည်းရှိတဲ့ သိပ္ပံပညာရှင် အ ဖြစ်ကနေ သူ့ကိုယ်သူ Mr Hyde အသွင်ပြောင်း ပြီး နောင်တ ဒါမှမဟုတ် သူရဲ့မကောင်းတေဲ့ရာဇဝတ်မှုတွေနဲ့နည်းလမ်းများအတွက် တာဝန်မယူတတ်တဲ့ သူရဲ့ ဆိုးယုတ်တဲ့အတ္တကိုပြောင်းလဲစေခဲ့တယ်။ အမှန်တော့ လူတကိုယ် စိတ်နှစ်မျိုးအကြောင်း ခွဲ ခြမ်း စိတ်ဖြာ ပြထားတဲ့ ဝတ္ထုပဲ။
နောက်တခုက ကမ္ဘာကျော် ပုံပြောဆရာ ကြီး Hans Christian
Andersen ရဲ့ ပုံ ပြင်ကို ဆရာ
အံ့မောင် ဘာသာ ပြန်ထားတဲ့
"အင်းတော်ရှင်သမီး"ပုံ ပြင်ထဲက
နေ့နဲ့ည အကူးအပြောင်း မှာ
ချောမောလှပတဲ့ မင်းသမီးလေးတလှည့် ဖားပြုတ်လို ပုံဆိုး ပန်းဆိုး ကြီးတလှည့် နှစ်ဘဝ ပြောင်းနေရတဲ့ အင်းတော်ရှင်သမီး
အကြောင်း လည်းသတိရမိတယ်။
ရှင်လူ ကြီးရဲ့အိပ်မက်
ရန်ပွဲ တွေကလည်း တကယ်တော့ လူတဖက်သားအပေါ်မှာ ကောင်းစေချင်တဲ့ မေတ္တာစိတ် ၊ရုန့်ရင်း
ကြမ်းတမ်းမှု မရှိတဲ့ စရိုက်တွေနဲ့ကတော့ တ ခြားစီပါပဲ။
ကဲ ဘယ်လို လုပ်ရမလဲ။
ကိုယ့်အကြောင်းတောင် ဘာမှန်း
ဘယ်လိုမှန်းမသိနိုင်တဲ့ လူ့ဘဝ ကြီးမှာ။
တခုပဲရှိတယ် ခေတ်မီသိပ္ပံနည်းနဲ့ မဖြေရှင်းနိုင်တဲ့ကိစ္စကို Parapsychology ခေါ်
စိတ်တန်ခိုး ဆိုင်ရာ စိတ်နယ်လွန်ပညာနဲ့ စိတ်ညှို့ကုသရရင်တော့
အဆင်ပြေမလားဘဲ။
No comments:
Post a Comment