Thursday, September 18, 2025

story

ဖွေးဖွေးသိမ့်နဲ့ နဖာချေးပြဿနာ
🌊🌴🌴💃🚶🌴🌴🌊

မနေ့က ဆရာမကြီးခင်မမ(ပညာရေး)
နာရေးပို့ဖို့ကားတွေက ကမနက်၁၀ နာရီ ထွက်မှာဆိုတော့ ရှင်လူမနက်အလုပ်ကအထွက် အိမ်မပြန်တော့၊ နာရေးအိမ်ပဲ တန်းသွားလိုက်တော့တယ်။ နာရေးပို့ပြီး ၁၂ နာရီခွဲလောက်ပြန်ရောက်တော့လည်း ဘုန်းသက်ပိုင်အိမ်မှာ အားလုံး လူစုံတက်စုံ စုမိကြပြန်ကရော။ ဘုန်းသက်ပိုင်တို့ မောင်နှမတတွေက ထမင်းပြင်ကြွေးတာနဲ့ အားလုံး ဝိုင်းစားလိုက်ကြပြီး လေချဉ်တက်ကြပြန်ကရော။ ဒီလိုနဲ့ တယောက်မျက်နှာ တယောက်ကြည့်နေကြရင်း
ခြေလှမ်းတွေက.. ဟို ဂမ္ဘီရ ဝတ္ထု တွေထဲက ကြပ်တွေလို လမ်းမဘက်ကိုဦးတည်ရွေ့လျားလာကြရင်း၊ ကဗျာဆရာ လူကြမ်းကြီးတွေ ဘီယာဆိုင်ထဲဝင်ခဲ့ကြ။အာ့လိုနဲ့
ညနေစောင်းလို့ နာရီကြည့်လိုက်တော့ အိမ်ပြန်ချိန်မရှိတော့၊ ဒါနဲ့ပဲ ရှင်လူ အလုပ်တန်းဝင်ခဲ့ပေါ့။ ညဘက်ဖုန်းဆက်တော့
ဖွေးဖွေးသိမ့်က "ဘယ်ဒေလျှောက်သွားနေတာလဲ"တဲ့။"သမီးပဲ ရှင်လူ့ကို ဘဒိတ်မှောက်တယ်ဆို၊ ဒါကြောင့်ပြန်မလာတော့ဘူး"ဆိုတော့ "မမှောက်ပါဘူး ပြန်လာ"တဲ့။ "နင်...ရှင်လူ့ကို ချစ်လို့လား"ဆိုတော့"ချစ်တယ်"တဲ့။ဟဲဟဲ
ကဗျာလေး စာလေးရေးရင်း နိုင်ငံရေးသမားတွေနဲ့လည်း အပေါင်းကြာခဲ့တော့
ကိုယ်အိမ်မပြန်ဖြစ်တာတောင် ကြံဖန်
အမြတ်ထုတ်မိသေးတော့။ အဲဒါ ဒီမနက်အိမ်ပြန်ရောက်တော့ ဖွေးက ရှင်လူ့ကိုပြေးဖက်ရင်းအလွမ်းသယ်ရှာတယ်။ဖွေးက ရှင်လူ့ရင်ခွင်ထဲကနေ ထူးထူးဆန်းဆန်း မေးခွန်းတခု မေးပြန်တယ်
"ရှင်လူ...နဖာချေးစားရင်သေလား"
"အမ်...သေတာပေါ့" ၊ရှင်လူလည်း ဖွေးမေးလို့ ပြန်သာဖြေလိုက်ရတယ်။တကယ်သေမသေတော့မသိ။ကြားဖူးနေတာတော့
အရပ်ထဲက တချို့ အရက်သမားမယားတွေသူတို့ယောက်ျားငမူးကိုထိန်းမရရင်"ဒီမသာကောင်တော့ ဒင်းအရက်ခွက်ထဲနဖာချေးကိုထည့်ထားအုံးမယ်၊ဒါမှမြန်မြန်သေမှာ"ဆိုတဲ့စကားကြားဖူးရုံသာ။
ဒီလိုနဲ့ ရှင်လူလည်းမနေ့ကတနေ့လုံးရေမချိုးလိုက်ရလို့ ရေချိုးဖို့ပြင်ရင်း"သမီးလေး
ရှင်လူ့ကို ခေါင်းလျှော်ပေးအုံး"ဆိုတော့
"လျှော်ပေးမယ် "ဆိုပြီးထွက်လာတယ်။အဲဒါ Shampoo ကမရှိတော့၊"သမီးရယ်
ရှေ့က ဖိုးလဝန်းတို့ဆိုင်မှာ Shampooတထုပ် အကြွေးသွားဝယ်ခဲ့ "ဆိုတော့ ဖွေးကထွက်သွားပြီး Clear တထုပ်ဝယ်လာတယ်။ဖွေးက သူ့အဖေ သူ့ကိုဆိုင်ခေါ်သွားပြီးခေါင်းလျှော်ပေးထားဖူးတော့ မှတ်ထားတယ်။ဆံပင်ကိုဖွတာ၊ ဆွဲစုပြီး အပေါ်သပ်တင်တာ၊ လက်လေးနဲ့ဆုပ်ပြီး ခပ်တင်းတင်းလေးဆွဲတာ။အဲ့လိုဆွဲရင်း ပြောသေးတယ်"အပူထွက်အောင်လို့"တဲ့။ဖွေးဖွေးသိမ့်ခေါင်းလျှော်ပေးရင် အရမ်းအရသာရှိတာ။ တသက်လုံး ဇိမ်ခံတဲ့အကျင့်ဆိုမုန်းတတ်တဲ့ရှင်လူတောင်ဖွေးရဲ့လက်စွမ်းကိုတော့သဘောကျနေမိတယ်။ဖွေးရှင်လူ့ကိုခေါင်းလျှော်ပေးနေတုန်း အပေါ်ထပ်က ဒေါ်နွဲ့ဆင်းလာမှပဲ မနက်ကဖွေးမေးတဲ့ နဖာချေးပြဿနာကိစ္စသိရတော့တယ်။
နဖာချေးစားရင်သေတတ်တယ်လို့ ဒေါ်နွဲ့ပြောတာကို ဖွေးက"ဒါဆို ဖွားဖွားနွဲ့က နဖာချေးစားဖူးလို့လား "လို့ပြန်မေးသတဲ့၊ဒီတော့ ဒေါ်နွဲ့က "ဖွးဖွားနွဲ့ရဲ့ အဖိုးတွေ အဖွားတွေပြောလို့သိရတာ"ဆိုတော့ ဖွေးက"ဖွားဖွားနွဲ့ အဖိုးတွေ အဖွားတွေကရော နဖာချေးစားဖူးလို့လား"ဆိုတော့ ဒေါ်နွဲ့ အဖြေရကြပ်ပြီး "မနက် ရှင်လူပြန်လာမှမေး"ဆိုပြီး လွှဲချခဲ့တာကိုး။အင်း..ရှင်လူကြီးလည်းတသက်လုံး အသေအချာ မစူးစမ်းပဲ နေလာတဲ့ နဖာချေးပြဿနာ ဖွေးဖွေးသိမ့်လက်ထက်ကျမှပဲ အဖြေမှန်သိရတော့မယ်။
ဒီလိုပါပဲ...ကိုယ်တွေ ပေါ့ပေါ့ဆဆနေလာတဲ့ ကိစ္စတွေ ဖွေးတို့လိုသုတေသနသမားတွေလက်ထက်ကျ အဖြေမှန်တွေဘာတွေ ရ ပြီးဖွံ့ဖြိုးတိုးတက်လာမှာ မြင်ယောင်မိသေးတော့...
story#observation #shinlhu


No comments:

Post a Comment