Thursday, October 16, 2025

story

ရှင်​လူ့ဆံပင်​​တွေပိုဖြူသွားရတဲ့အ​ကြောင်း
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ 
(^_^) ဒီ​နေ့ ရတဲ့Bellaလက်​​ဆောင်​ပစ္စည်းက
အထုပ်​နှစ်​ထုပ်​။ ဖွင့် ​ရေကြည့်​တော့ ၁၁ မျိုး​တောင်​ပါတယ်​။HRရုံးခန်းထဲ​ရောက်​
​တော့ ပစ္စည်းထုတ်​​ပေးတဲ့ က​လေးမက 
``ဦးက ဒီလ ​နောက်​ဆုံး​နော်​´´တဲ့။ ရှင်​လူကြီးက သြဂုတ်​ ၉ ရက်​မှာ ၃လ စာချုပ်​နဲ့ အလုပ်​ဝင်​ခဲ့တာဆို​တော့ နိုဝင်္ဘာ
၉ ရက်​ဆို ၃ လပြည့်ပြီ ​လေ။ ``သမီးတို့က
ဒါ ဒီကအလုပ်​သမား​တွေအတွက်​ နှစ်​ကူး
လက်​​ဆောင်​​ပေး​နေကျ၊ လစဉ်​လိုလိုလည်း
​ပေးပါတယ်​၊ ဦးကိုအမှတ်​တရ​ပေးချင်​လို့´
ပါ´´တဲ့။အင်းရှင်​လူကြီးလည်းလက်​​ဆောင်​ထုပ်​နှစ်​ထုပ်လက္ခံ​​ကျေးဇူးတင်​စကား​လေး​
ပြော နှုတ်​ဆက်​ပြီးရုံး​ပေါ်ကဆင်းလာခဲ့
့တယ်။ ရှင်လူကြီးက လာမယ့် နိုဝင်္ဘာ
၂၉ ဆို ၆၄ နှစ်​တင်းတင်းပြည့်ပြီ။ဒီလို
လုပ်​ငန်းခွင်​က​ပေးတဲ့လက်​​ဆောင်​မျိုးဒီတခါပဲရဖူးတာ။ အသက်​ ၂၀ ​ကျော်​အရွယ်​ 
အကျိုး​ဆောင်​ကုမ္ပဏီ(၂၂၉ အ​ရှေ့ ​ရွှေဂုံတိုင်​)မှာအ​ထွေ​ထွေမန်​​နေဂျာလုပ်​ခဲ့တုန်းကလည်း သူ​ဋ္ဌေး ဦး​ကျော်​​အေး ​ပေးတဲ့
​ဘောက်​ဆူး​ငွေ​တော့ ခဏခဏ ရခဲ့ဖူးပါရဲ့၊
လက်​​ဆောင်​ရယ်​လို့မရခဲ့ဖူးဘူး။
စက်​မှုတွင်းထွက်​ကုန်​ကြမ်း​ကော်​ပို​ရေးရှင်းမှာလုပ်​ခဲ့
တုန်းကလည်း မရခဲ့ဖူးဘူး။ နှစ်​​ပေါင်း ၄၀​လောက်​ ကိုယ်​ပိုင်​လုပ်​ငန်း​လေးနဲ့​နေပြီး
ခု Bella ည​စောင့် ၃ လ ဝင်​လုပ်​မှရလာတဲ့ 
လက်​​ဆောင်​ထုပ်​​လေးကို တယုတယ ​ကျောပိုးအိတ်​ထဲထည့်လာခဲ့ပြီးအိမ်​အ
​ရောက် ဖွင့်ကြည့်လိုက်​​တော့ Bella သနပ်​ခါး မိတ်​ကပ်​၊ နှုတ်​ခမ်းနီ၊ဗူး​တွေ​ရော ပုလင်း​တွေ​ရော စုစု​ပေါင်း ၁၁ မျိုး။အင်း
..တကယ်​​တော့ လူသား​တွေရဲ့ ခန္ဓာဟာ
ဆံပင်​၊သွား၊အရိုး၊အ​ရေ စသဖြင့် ၃၂ ​ကောဠာသရုပ်​တရား​တွေက အစဉ်​မပြတ်​
​ပြောင်းလဲ​ဖောက်​ပြန်​တတ်​သမို့ ကမ္မဋ္ဌာန်း​တောင်​ရှုကြရသကိုး။အဲဒီ ဒုက္ခ
ခန္ဓာအကြမ်းထည်​ကြီးကို မဖြစ်​မ​နေ တင့်တယ်​​အောင်​ ပြုပြင်​စီရင်​ဖို့ ​ဟောဒီ
cosmetic သုခုမပစ္စည်း​လေး​တွေက 
ဖြည့်စွက်​ကူညီ​ပေးရသမို့လား။ဒါ​တော့
ဟုတ်​ပါပြီ ၆၄ နှစ်​ဒုတိယအကြိမ်​လူပျိုဖြစ်​ပြီး
တ​ကောင်​ကြွက်​အဖိုးကြီးရှင်​လူ
ဒီလက်​​ဆောင်​​တွေကို ဘယ်​လိုလုပ်​ရပါ့။
အရပ်​သတင်းက​တော့ ပြန်​​ရောင်းရင်​သုံး​သောင်း​ကျော်​ဖိုး​လောက်​ရှိသတဲ့။ နီးစပ်​ရာ သမီး​တွေကလည်းများသမို့
အ​ဝေမတည့်ရင်​ ​သော်​တာ​ဆွေ ဒန့်သလွန်​သီး​ရောင်းသလိုဖြစ်​​တော့မယ်​။
ရှင်​လူ့သဲ​လေး​ဖွေး​ဖွေးသိမ့်ကလည်း ခုမှ
၃ နှစ်​သမီးဆို​တော့ အပျိုပစ္စည်း​တွေနဲ့
မပတ်​သက်​​သေး။ကဲ ကြံရာမရတဲ့အဆုံး 
ရဲဆား​လေးဘာ​လေးထား။
က​တောက်​...လာပြန်​ပီ ဒီစိတ်​ကူးက
​ရေး​ဝေးခန်းမ မှာ မင်္ဂလာ​ဆောင်​ရမယ့်
အန္တိမ မင်္ဂလာ​ဆောင်​။ 
အင်း​ဖွေးတို့အဖွားက​တော့လည်​လည်​ဝယ်​ဝယ်​ရှိတယ်(​ဖေးအဖွားပေကိုး)
သူ့လက်​ထဲထည့်ပြီးသင့်သလိုကြည့်​ရောင်း​ပေးပါ...​ပေါ့။ ​ရောင်းပြီးရင်​ ​ဖွေးကို ​ကော်​မရှင်​​ပေးသလို​ပေးပါ့မယ်​​ပေါ့။
ကဲ..​အေး​ရော...
story#observation #shinlhu

No comments:

Post a Comment