Sunday, June 7, 2015

Dagon City Plans အ​ကြောင်း
~~~~~~~~~~~~~~~~~
တလုံးမှမပါဘူး​နော်
~~~~~~~~~

အမှန်​​တော့ ဒီလိုကိစ္စမျိုး​တွေမှာ ရှင်​လူ ဝင်​ပါ​လေ့မ ရှိ ။ သို​သော်​လည်း​ပေါ့​လေ မထင်​မှတ်ဘဲ ဖိတ်​စာ
က​ရောက်​လာခဲ့​လေ​တော့ ၊ ဘယ်​သူမပြု မိမိမှုလို့ပဲ ဆိုရ
တော့မှာ​ပေါ့ ။ ကိုယ့်​ဘာသာ ​အေး​ဆး မ​နေပဲ ​ဖေ့ဘွတ်
ပေါ်မှာ မလှမပ ကိုယ့်​မျက်​နှာကြီးကို Photoshop နဲ့
လှ​အောင်​ပြင်​ပြီးတင်​ ၊ Post ကို ဘာ​ရေးရမှန်းမသိ​တော့ အမျိုး ဘာသာ သာသနာနဲ့ ပတ်​သက်​တာ တခုခု
ရေး ။ ငါတို့ဂြိုလ်​ပြာကြီးကိုကယ်​တင်​ရမယ်​ ( We save our blue planet )စသဖြင့်​​တွေခဏ ခဏ လုပ်​ခဲ့​လေ​တော့ Friend ​တွေကလည်းများများ
လာကာ နိုင်​ငံတကာက အကူအညီ​တောင်းခံတဲ့ အီး​မေးလ်​​တွေက ၅ မိနစ်​ကို တ​စောင်​​လောက်​ ပုံမှန်
ဝင်​​နေခဲ့တာ သိပ်​ပြီး မဆန်း ။ အဲ ဒါ​ပေမယ့်​ ဒီဖိတ်​စာကအ​သေအချာဖတ်​ကြည့်​လိုက်​​တော့ နည်းနည်းဆန်း
နေ​ပေါ့။ သို့ / သ္ခင်​ကိုယ်​​တော်​ရှင်​လူ ဆိုပဲ ၊ ကျွန်ုပ်​တို့၏
Save The Shawedagone Forum သို့
မပျက်​မကွက်​တက်​​ရောက်​ပါရန်​ တဲ့။ ​နေရာက
``စတုမဟာရာဇ်​ ဟိုတယ်​´´။ ဖိတ်​စာ ​အောက်​​ခြေမှာ
ရေးထားတာက Historical Member Onlyဆို
တော့ကာ ရှင်​လူလည်းစိတ်​ဝင်​စားစွာနဲ့ သွားတက်​ခဲ့ပါတယ်​ ။ ​နေအပူရှိန်​က ဦးထွန်းလွင်​​ပြောပြထားလို့ရှင်​လူတို့​ခေါင်း​ပေါ်​ရောက်​​နေမှန်းသိရက်​နဲ့ ခုလိုထွက်​လာခဲ့
တာ မှားပြီလို့​တွေး​နေဆဲ တက္ကစီက ​ဟော်​တယ်​​ရှေ့ထိုး
ရပ်​လိုက်​​တော့ အပူ​တွေချက်​ချင်း​ပျောက်​ကွယ်​သွားပါ
တယ်​။ ခန်းမထဲမှာ ``ပဉ္စသိင်္ခ ခ​ရော့စ်​´´အဖွဲ့က
``မြတ်​ဘုရား ​ရွှေတိဂုံ´´ သီချင်းကိုတီးမှုတ်​​ဖျော်​​ဖြေ​နေပြီး
Security လုံခြုံ​ရေးယူထားတဲ့ စတုမဟာရာဇ်​နတ်​မင်း
ကြီး​လေးပါးနဲ့အဖွဲ့က အဝင်​အထွက်​​တွေအားလုံးကို
CCTV နဲ့​ရော လူအင်​အားနဲ့ပါ အ​သေအချာ​စောင့်​ကြပ်
စစ်​​ဆေး​နေပါတယ်​။ အခမ်းအနားမှူးက ​ရွှေတိဂုံ
ဘိုးဘိုးကြီးကိုယ်​တိုင်​တာဝန်​ယူထားပြီး မမနှဲနဲ့ဖွဲ့က
ဧည့်​သည်​များကို နတ်​သုဒ္ဓာ ဒန်​​ပေါက်​ပွဲများလိုက်​ချ​ပေး​နေပါတယ်​။ အဲဒီအချိန်​မှာပဲ မာတလိ ခပ်​သွက်​သွက်
ဝင်​​ရောက်​လာပြီး ​ရွှေတိဂုံဘိုးဘိုးကြီးနားကပ်​ကာ ​လေသံ
တိုးတိုးနဲ့ သိကြားမင်း ပွိုင့်​မိ​နေလို့ နည်းနည်း​နောက်​ကျမယ့်​သတင်းပို့လာပါတယ်​။ ခန်းမထဲမှာ အသီးသီး
ကိုယ့်​အစုနဲ့ကိုယ်​ စကားလက်​ဆုံကျ​နေခိုက်​ ကားပါ
ကင်​ဘက်​က ပြိုင်​ကားတစီးဝူးကနဲစက်​သပ်​သံကြား
လိုက်​ရပြီး ​တောင်​ပြုံး ညီ​နောင်​ဒယီးဒယိုင်​ဝင်​လာတာကို
ရှေ့ဆုံးစားပွဲမှာထိုင်​​နေတဲ့ အဘ ဘိုးမင်း​ခေါင်​က လှမ်းပြီး မျက်​​စောင်းထိုးလိုက်​ပါတယ်​ ။
ဒီလိုနဲ့ မကြာခင်​မှာ အခန်းအနားစတယ်​ဆိုပါ​တော့ဗျာ ။ စစခြင်းပဲ ဆူး​လေဘိုးဘိုးကြီးက `` ဆူး​လေ
သဖွယ်​ မျက်​နှာငယ်​ ´´စာတမ်းကိုအချက်​အလက်​​တွေ
စုံစုံလင်​လင်​နဲ့ဖတ်​ကြားတင်​သွင်းသွားပါတယ်​။အ​ဆောက်​အဦးကြီး​တွေက ဘုးရားထက်​မြင့်​လာတာရယ်​၊
လူ​​နေထူထပ်​လာတာ ကြောင့်​ ဘုရားဝန်းကျင်​ Land pollution ဖြစ်​လာပြီး မကြာခင်​မှာ ဆူး​လေကိုအမှီပြု
နေထိုင်​ကြရ​သော နတ်​​တွေ​ရော ​စေတီ​တော်​ပါ လယ်​တီသိမ်​လို Landmark ​ပျောက်​မယ့်​ အန္တရာယ်​နဲ့
ရင်​ဆိုင်​​နေရ​ကြာင်း ၊ ဒီလိုကိစ္စမျိုးကိုသာဓက ယူပြီး ​ရွှေတိဂုံ​စေတီ​တော်​ကြီးအတွက်​ ထည့်​သွင်းစဉ်းစားဖို့​ပြောပြီးနိဂုံးချုပ်​သွားပါတယ်​။ တက်​​ရောက်​လာသူ​တွေထဲက ဓမ္မ​စေတီမင်းနဲ့ ရှင်​​စောပုတို့က​တော့ ဘုရားဒါယကာများပြီပြီ မျက်​နှာမ​ကောင်းကြပါ။
စဉ့်​ကူးမင်းက​တော့ ဒီအတိုင်းဆို သူ့​ခေါင်း​လောင်းကြီး
ကို ဆက်​မထားနိုင်​​ကြောင်း အဆိုပြုသွားပါတယ်​။
ဗိုလ်​တ​ထောင်​ဘိုးဘိုးကြီးနဲ့ ​ရွှေဘုန်းပွင့်​ဘိုးဘိုးကြီးက​တော့ အင်း..​လောကဓံတရားပဲ​လေ ဆိုတဲ့ အမူအရာမျိုး
နဲ့ထိုင်​​နေခိုက်​မှာ ၊ ပုဂံ နတ်​​လှောင်​​ကျောင်း ကိုယ်​စားလှယ်​နတ်​တပါးက ဒါဟာ စတုမဟာရာဇ်​လုံခြုံ​ရေး

အင်​အားနည်းလို့ဖြစ်​ရတာဖြစ်​​ကြောင်း ဒါ​ကြောင့်​ မိမိတို့
အကျဉ်းခံနတ်​များ နတ်​/ကျဉ်းများကို ပြန်​လွှတ်​​ပေး
သင့်​​ကြောင်း​ပြောအပြီး ခန်းမအဝင်​​ပေါက်​နားက
ရုတ်​ရုတ်​သည်းသည်းဖြစ်​သံ​ကြောင့်​ ရှင်​လူလှည့်​ကြည့်
လိုက်​​တော့ ကိုယ်​​တော်​ကြီးကိုယ်​​တော်​​လေးတို့က
``ဒီ​ကောင်​​တွေကို လက်​​တွေ့ ပညာ​ပေးမှရမယ်​´´ဆိုပြီး
မူးမူးနဲ့ ငှက်​ကြီး​တောင်​ တရမ်းရမ်းလုပ်​​နေတာ​ကြောင့်​အိမ်​တွင်း
မင်းမဟာဂီရိ ကိုယ်​​တော်​ကြီးက ဆယ်​​ပေါင်​တူကြီးနဲ့ကိုင်
ပြီးဟန့်​လိုက်​မှပြန်​ငြိမ်​ကျသွားပါတယ်​။ ကိုယ်​​တော်​ ညီ​နောင်​တွေငြိမ်​လို့
မှမကြာ​သေးဘူး ဦးမင်း​ကျော်​က ``ဒီကိစ္စ မင်းညီ​နောင်​မှန်​တယ်​´´မီး​လောင်​ရာ​လေပင့်​ဆက်​လုပ်​​နေတာနဲ့
ရှင်​လူလည်း အ​ခြေအ​နေမ​ကောင်းမှန်းရိပ်​စားမိပြီး
Toilet သွားသလိုလို ဘာလိုလိုနဲ့ Forum ခန်းမထဲမှ
လစ်​ထွက်​ခဲ့ပါ​ကြောင်း ။

ရှင်​လူ ( သ္ခင်​ကိုယ်​​တော်​ ရှင်​လူ)

ဇွန်လ ၅ ရက် ၊၂၀၁၅
နှင်းဆီဖြူဂျာနယ်

story#observation#shinlhu

Notepad location :Wai Za Yan Tar Road, Yangon, Republic of the Union of Myanmar

No comments:

Post a Comment