Wednesday, May 4, 2016

အလွန်​ယားတဲ့ရာသီ !!!!!!!!!!!!!!! ညိုမြ​သွေး သတင်း​တွေက လှိုင်းလုံးလို တဝုန်းဝုန်း​ဆောင့်​တက်​​နေတယ်​ ​တော်​လှန်​​ရေး​တော့ ​တော်​လှန်​​ရေးပဲ ​မြေရှင်​ပ​ဒေသရာဇ်​ကိုလား ဖက်​ဆစ်​ကိုလား စစ်​အာဏာရှင်​ကိုလား ​ပေါင်​မပြည့်

အလွန်​ယားတဲ့ရာသီ
!!!!!!!!!!!!!!!
ညိုမြ​သွေး
သတင်း​တွေက လှိုင်းလုံးလို
တဝုန်းဝုန်း​ဆောင့်​တက်​​နေတယ်
တော်​လှန်​​ရေး​တော့ ​တော်​လှန်​​ရေးပဲ
မြေရှင်​ပ​ဒေသရာဇ်​ကိုလား
ဖက်​ဆစ်​ကိုလား
စစ်​အာဏာရှင်​ကိုလား
ပေါင်​မပြည့်​ လမ​စေ့တဲ့အစိုးရကိုလား...
လက်​ဖက်​ရည်​စားပွဲမှာ အတူထိုင်​ဖြစ်​တဲ့
က​လေး​တွေပြလို့ ဇွန်​သဉ္စာကိုကြည့်​မိတယ်
ဘုရား ဘုရား ​တော်​လှန်​​ရေးဟာ
စကားလုံး​တွေ အ​ခွေထစ်​သွား​ပေါ့
ပုဒ်​မအားလုံးပြင်​ရမလား
ခြေဥ စိမ်းကိုပဲ ပြုပြင်​သုံးမလား
အတွင်းခံ​ဘောင်းဘီထဲ ဂျပိုးဝင်​​နေသလို
တော်​လှန်​​ရေး ဟာ
ယားလည်းယား ကုတ်​ရလည်းခက်
မက်​ထရိုပိုလီတန်​မြို့ကြီးသား စတိုင်​နဲ့
မသိချင်​​ယောင်​​ဆောင်​လိုက်​ ရမလား။
ညိုမြ​သွေး
11 Apr 2016
poem#observation#shinlhu

No comments:

Post a Comment