Saturday, September 3, 2016

ရှင်​လူ့ တ​နေ့တာကံကြမ္မာ ♬ ♬

ရှင်​လူ့ တ​နေ့တာကံကြမ္မာ
♬ ♬ ♬ ♬ ♬ ♬
Sun,28 Aug 2016
မ​နေ့က ​မြောက်​ဥက္ကလာ​ဆေးရုံမှာ နှလုံးခွဲစိတ်​ထားတဲ့ ဘိုပီ့ဆီကို အမဲသား ၅၀သား​ကြော်​ပြီးပို့ထား​တော့ ဒီ​နေ့ ရှင်​လူ့ဒယ်​အိုးထဲမှာ ဆီ​တွေအများကြီး ကျန်​​နေတယ်​၊ ဒါ​ကြောင့်​ဒီ​နေ့မနက်​ခင်း လမ်း​လျှောက်​ထွက်​ရင်း နန္ဒဝန်​​ဈေးထဲဝင်​ပြီး အမဲသား ၁၅၀၀ ဖိုးဝယ်​လာခဲ့တယ်​။ အမဲ​ကြော်​ထပ်​​ကြော်​မယ်​​ပေါ့ ၊
တဖက်​ခန်းက ​ဖွေး​ဖွေးသိမ့်​အ​မေလှိုင်​​လှိုင်​​ကလည်း ရှင်​လူ့အမဲ​ကြော်​နဲ့ ဝိုင်းဖဲ့မယ်​ဆို​တော့ အ​ဖော်​​လည်းရပြီ။ဒါ​ပေမယ့်​ကံမ​ကောင်းပုံက အမဲသားကိုနူး​အောင်​ပြုတ်​ထားတုန်းမီးကပျက်​သွားတယ်​။ မိုးကလည်းတ​စွေ​စွေမစဲနိုင်​။ဒီမနက်​​တောာ့ညစ်​ပြီ​ပေါ့ထင်​​နေတုန်း ​ဖွေး​ဖွေးသိမ့်​တို့မိသားစုက ဒီ​နေ့ အုန်းထမင်းနဲ့ကြက်​သားဟင်းချက်​စားလို့ဆိုပြီးရှင်​လူ့အတွက်​ ဇလုံတလုံးစာ​ရောက်​လာတယ်​။အေး​ဆေး​ပေါ့၊ ဆာ​နေတာနဲ့အ​တော်​ပဲ ကံမ​ကောင်းတဲ့မနက်​ခင်းက ​ရွှေ​ရောင်​ဝင်းလာတယ်​။ အုန်းထမင်းတဇလုံကို အကုန်​လုံးဗိုက်​ထဲပို့လိုက်​ပြီး ဒီpost ကိုထိုင်​​ရေး​နေတုန်း ငရဲ (ရဲလင်း​ကျော်​)တ​ယောက်​ထီး​လေးကိုင်​ပြီးကုပ်​ကုပ်​က​လေး အိမ်​ထဲဝင်​လာတယ်​၊ အဘကျ​နော့ဦး​လေး ဦး​အောင်​က သူ့အိမ်​မှာအလှူလုပ်​လို့ ကျ​နော်​နဲ့ အဘကို​ခေါ်ခိုင်းလိုက်​တယ်​တဲ့ ။ဟ ငါခုပဲ ဟိုဘက်​​ဖွေး​ဖွေးသိမ့်​တို့အိမ်​ကအုန်းထမင်း​ပေးလို့ စားထားတာ ဗိုက်​တင်း​နေပြီ ၊ဘယ်​စားနိုင်​​တော့မလဲ။ လာပါအဘရယ်​ ဦး​အောင်​က အဘကိုလည်း​တွေ့ချင်​လို့ အားတုန်း​အေး​အေး​ဆေး​ဆေး​တွေ့ရ​အောင်​​ခေါ်ခိုင်းလိုက်​တာပါ..
တဲ့။ ငရဲအ​ကြောင်းကလည်းသိတဲ့အတိုင်းပဲ၊
သူ​ခေါ်ချင်​ရင်​ အိပ်​​နေတာ​တောင်​နှိုးပြီးမရမက
ခေါ်တတ်​တာ။ အင်း သူ့ဦး​လေး ဦး​အောင်​ဆိုတာကလည်း တခါတုန်းက ရှင်​လူ့ကို ငရဲကိုယ်​တိုင်​အိမ်​​ခေါ်သွားပြီးမိတ်​ဆက်​​ပေးထားဖူးတယ်​။နိုင်​ငံခြားမှာ အကြာကြီး အလုပ်​သွားလုပ်​ပြီးမှ ပြန်​လာပြီး ရန်​ကုန်​မှာ ကုမ္ပဏီ အလုပ်​တခုလုပ်​​နေသူ။ရှင်​လူရုတ်​ချည်းအကဲခတ်​မိသ​လောက်​​တော့ လူရိုးလူ​ဖြောင့်​တဦး။စိတ်​ထက်​တဲ့ပုဂ္ဂိုလ်​တ​ယောက်​လို့ပဲထင်​တယ်​။ရှင်​လူ့အထင်​​တော့ အသက်​​တောင်​ ၅၀ ​အောက်​ပဲရှိမယ်​ထင်​တယ်​၊ အရွယ်​တင်​တာဆိုရင်​​တော့မ​ပြောတတ်​ဘူး။
အင်း​လေ..ဦး​အောင်​က​ခေါ်ခိုင်းတာဆိုရင်​​တော့ လိုက်​ရမယ့်​ဝတ္တရားရှိတယ်​၊တကြိမ်​ဆုံ မိတ်​​ဆွေဖြစ်​ထားပြီကိုး ။ပြီး​တော့ ​ဖေ့ဘွတ်​​ပေါ်မှာလည်း ​တွေ့​တွေ့​နေကြတာ။ အဘ ဆိုက္ကားနဲ့သွားရ​အောင်​တဲ့ ။ဒီလိုနဲ့ ဆိုက္ကားငှါးပြီးမိုးတဖွဲဖွဲထဲမှာပဲ ထီးတ​ယောက်​တ​ချောင်းနဲ့ ဦး​အောင်​အိမ်​ရှိရာ ၆ ရပ်​ကွက်
အင်းဝ လမ်းဆုံးဆီ​ရောက်​ခဲ့တယ်​။ အိမ်​​ပေါ်​ရောက်​​တော့ ဘုန်းကြီးသုံးပါးဆွမ်းမကပ်​ရ​သေး ၊ဝါဆိုသင်္ကန်း​တော့ကပ်​ပြီးသွားပုံရတယ်​၊
ရွှေမိုး​ငွေမိုးကြဲထားတဲ့ ​ပေါက်​​ပေါက်​​တွေ​ပေါ်ထိုင်​ ပြီး ဘုန်းကြီးဝတ်​ပြု လိုက်​ကြတယ်​။မကြာခင်​ဘုန်းကြီးဆွမ်းကပ်​​တော့ ရှင်​လူလည်း​ဝေယျာဝစ္စကုသိုလ်​ အသင့်​အတင့်​ဝိုင်းယူ​ပေါ့။ ဘုန်းကြီး​တွေပြန်​အကြွမှာ
ဆရာ​တော်​တပါးက ​နောက်​တအိမ်​ဆက်​ကြွရမှာမို့​နောက်​ချန်​​နေခဲ့တယ်​။ အဲဒီအချိန်​မှာပဲ ထမင်းဝိုင်းပြင်​ပြီး ​နောက်​မှ​ရောက်​လာတဲ့ဦး​အောင်​ရဲ့အကိုကြီးနဲ့အတူဝိုင်းစားဖို့ရှင်​လူ့ကို​ခေါ်​တော့ရှင်​လူလည်းအုန်းထမင်း​တွေစားထားလို့မစားနိုင်​တဲ့အ​ကြောင်းငြင်းရတယ်​၊ဒီ​တော့မှ ဦး​အောင်​က ဒါဆိုလည်းအချိုပွဲ​လေး​တော့ သုံး​ဆောင်​ပါဆိုလို့ နဂါး​မောက်​သီး ပန်းသစ်​​တော်​နဲ့ လက်​ဖက်​ ကိတ်​မုန့်​အစုံကို ​ကော်​ဖီတခွက်​ ​နဲ့ သောက်​ပြီး ထိုင်​စကားစမြည်​​ပြော​နေလိုက်​တယ်​။၂နာရီထိုးခါနီးမှာ အဲဒီ​နောက်​ချန်​ဆရာ​တော်​ကို​နောက်​တအိမ်​ပို့​ပေးမယ်လုပ်​​တော့မှ ရှင်​လူတို့လည်းပြန်​ဖို့ထလိုက်​တယ်​။ ဒီအချိန်​မှာ ဦး​အောင်​က အိမ်​မှာစားဖို့ယူသွားပါဦးဆိုပြီး
ကောင်းကြိုက်​ဒံ​ပေါက်​ ၂ထုပ်​ ရှင်​လူ့လက်​ထဲထည့်​ရင်း ပလပ်​စတစ်​အိတ်​ဖြူတလုံးပါသီးသန့်​​ပေးပြီး ဒါသူ့ရဲ့လက်​​ဆောင်​ပါတဲ့ ပုဆိုးအသစ်​တထည်​။သူ့​မွေး​နေ့ မှာ သူ့ရင်​ထဲကအလိုလိုဖြစ်​လာတဲ့ သဒ္ဓါတရားမို့ရှင်​လူလည်းသိတ်​ငြင်းမ​နေပဲယူလာလိုက်​တယ်​။ကျ​နော့တူ​လေးကိုဂရုစိုက်​​ပေးလို့ ၊ပြီး​တော့ သူ့အ​ကြောင်း​တွေ ​ဖေ့ဘွတ်​​ပေါ်​ရေးတင်​​ပေးလို့၊ကျ​နော်​ကသူ့အ​ကြောင်း​တွေသိချင်​​နေတာတဲ့။ ရှင်​လူက​ဖေ့ဘွတ်​​ပေါ်မှာ ``ငရဲနဲ့ရှင်​လူ´´(၁)
(၂)(၃)တပ်​ပြီး​ရေးခဲ့တာ​လေး​တွေ​ကြောင့်​ဦး​အောင်​ကသူ့တူ အ​ကြောင်း​တွေ ပိုသိရပုံပါပဲ။
အင်း ..ဦး​အောင်​ကသူ့တူအ​ပေါ် ဘယ်​​လောက်​သံ​ယောဇဉ်​ကြီးသလဲဆိုတာ။သူ့ခမျာ
နိုင်​ငံခြားမှာအကြာကြီး​နေခဲ့ရတဲ့တိုင်​ သူ့တူ့သတင်း​တွေကိုအမြဲနားစွင့်​​နေမယ်​ဆိုတာအထင်​အရှားပါပဲ။ ဆရာ​တော်​နဲ့အတူရှင်​လူတို့ကိုပါ ဦး​အောင်​ကသူ့ကား​လေးနဲ့လိုက်​ပို့ပါတယ်​။ဆရာ​တော်​ကို ၆ရပ်​ကွက်​ မင်း​ခေါင်​ ၈လမ်းပို့ခဲ့ပြီး ရှင်​လူ့ကို ​အိမ်​နားက ​ရွှေမန်းသူကားဂိတ်​အ​ရှေ့ထိ လိုက်​ပို့​ပေးပါတယ်​။အေးဗျာ ​မွေး​နေ့​မွေးရက်​တိုက်​ဆိုင်​ပြီးဝါဆိုသက္ကန်းကပ်​အလှူလုပ်​ခဲ့တဲ့ ဦး​အောင်​အလှူကို ရှင်​လူသာဓု​ခေါ်လိုက်​ပါတယ်​။
အိမ်​ရောက်​​တော့ ​ကောင်းကြိုက်​ဒန်​​ပေါက်​၂ထုပ်​ကို ​ဖွေး​ဖွေးသိမ့်​တို့ ​မြေးအဖွားသားအမိ​တွေဆီ တန်းပို့လိုက်​ပါတယ်​။မနက်ုကသူတို့ရှင်​လူ့ကိုကြွေးတဲ့ အုန်းထမင်းတဇလုံကဒံ​ပေါက်​၂ ထုပ်​ပြန်​ဖြစ်​သွားတာ​ပေါ့ဗျာ။ ဦး​အောင်​​ပေးလိုက်​တဲ့ ပုဆိုးကိုကြည့်​လိုက်​​တော့ ရခိုင်​လုံချည်​အသစ်​တထည်​ အ​ရောင်​က​တော့ ​ရွှေအို​ရောင်​​ခေါ်ရမလားပဲ။
ရှင်​လူလည်းခဏနားပြီး မ​နေ့ကလုပ်​လက်​စ
လက်​ကျန်​အလုပ်​​လေး လက်​စသတ်​​နေတုန်း
ခေါင်းရင်းခန်းက သုန်​သုန်​တို့အ​မေ အထုပ်​​တွေနဲ့လာရပ်​ရင်း (သယ်​ရင်း​နွေလယ်​​နေ စိတ်​မခိုင်​ရင်​ ဒီအပိုင်းကိုဆက်​မဖတ်​နဲ့​နော်​)ဦး တထုပ်​ယူလိုက်​တဲ့။ကြာဆံချက်​ပူပူ​နွေး​နွေး
တထုပ်​နဲ့ အချဉ်​ထုပ်​​လေးတထုပ်​။ ကဲ အလုပ်​ခုံ​ပေါ်ကသံငုတ်​မှာချိတ်​ပြီး ဒီ post ကိုဆက်​​ရေးခိုက်​ မှာပဲ ဒဂုံ​မြောက်​မှာ​နေတဲ့ ​ဘော်​ဒါ​လေးလှထွန်း​အောင်​​ရောက်​လာတယ်​။ အ​တော်​ပဲ လှထွန်း​အောင်​​ရေ ​ရော့ ပန်းကန်​အဲဒီကြာဆံချက်​ ပူပူ​လေး​သောက်​လိုက်​ဆိုပြီးဧည့်​ခံလိုက်​တယ်​။ ဟဲဟဲ ရှင်​လူတို့က အိမ်​ရှင်​မ မရှိ​တော့​ပေမယ့်​ဧည့်​သည်​ကို
ကောင်း​ကောင်းဧည့်​ဝတ်​ပြုနိုင်​ပါ​သေးတယ်​။
ခုမှ ၃နာရီ ၅၂မိနစ်​ပဲရှိ​သေးတယ်​​နော်​... ည​နေပိုင်းကံဇာတာကိုသိနိုင်​​သေးဝူး။ဟော မီးပြန်​လာ​နေပါလား...အမဲသား​ကြော်​လိုက်​ဦးမယ်​...တာ့တာ...

No comments:

Post a Comment