Tuesday, March 7, 2017

❀ဝက်​သားပါတီ အဆီပါတီ❀ ✏ ✏

❀ဝက်​သားပါတီ အဆီပါတီ❀
✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဒီ​နေ့  ရှင်​လူ လမ်း​လျှောက်​ရာက အပြန်​ ကံဘဲ့ဘူတာ​ဈေးဘက်​ဝင်​ပြီး ဝက်​သားနဲ့
မရမ်းသီး ဝယ်​လာခဲ့တယ်​။ဝက်​​ပေါင်​သား
အသားများများတဆယ်​သားကို​ကြော်​ထား
ပြီး ဝက်​​ခေါက်​အဆီများများသုံးရာဖိုးကို
အအီ​ပြေ​အောင်​ မရမ်းသီးစိမ်းနဲ့ချက်​မယ်​။
ဟင်းအတွက်​ရှင်​လူပြင်​ဆင်​​နေတုန်း
ဖွေး​ဖွေးသိမ့်​​ရောက်​လာတယ်​။ ရှင်​ယူ
ဘာယုတ်​​နေတာယဲ တဲ့။ ရှင်​လူ ဝက်​သား
ချက်​မလို့သမီး​ရေ၊ စားမလားဆို​တော့ ကျားမယ်​တဲ့။ အို​ကေ..​ဖွေးကိုဝက်​ဇာတ်​သွင်းရမယ်​။သူတို့အခန်းကဝက်​သားကိုအိမ်​ထဲေ​တာင်သွင်းလို့ မရ။သူ့အဖွားက ဘာညာဘာညာ လားမ​​ပြောတတ်​။ ရှင်လူကဝက်အသား​​တွေကိုသပ်သပ်ခွဲပြီးအရင်ဆုံးေ​ကြာ်​လိုက်​တယ်​။ဝက်​​ကြော်​ကျက်​​တော့​ဖွေးက ဝက်​တားကျားမယ်​ဆိုလို့ သူ့အ​မေကိုဟဲ့နင့်​သမီးကစား​တော့မယ်​တဲ့ထမင်းခူးလာပြီး​ကြွေးလို့ရပြီ။ဟိုမှာဝက်
ကြော်​ရ​နေပြီလို့။ရှင်​လူကဒယ်​အိုးထဲကလက်​ကျန်​ဆီထဲကိုဆီနည်းနည်းထပ်​ထည့်​လိုက်​ပြီးလှီးချွတ်​ထားတဲ့ချင်းကြက်​သွန်
တွေကိုဆီသတ်...​ တ​နေ့ကကျန်​​နေတဲ့ထားဝယ်​ငပိ​ကြော်​ဗူးထဲကငရုတ်​ရဲရဲငပိ​ကြော်​ပါထည့်​​မွှေလိုက်​တယ်​။ အဲဒီအထဲ မရမ်းသီးအလုံးကြီး ​လေးငါးလုံးပါ လှီးထည့်​​မွှေလိုက်​ပြီးအတန်​ကြာမှ ဝက်
ခေါက်​​တွေထည့်​လိုက်​တယ်​။ရေအတန်
သင့်​ထည့်​အုပ်​ထားလိုက်​တာဘာမှမကြာလိုက်။စတီးဇွန်းနဲ့ ခွဲကြည့်​လိုက်​​တော့
ဝက်​​ခေါက်​​တွေကနူးအိ​နေပြီ။ဇွန်းနဲ့ဖဲ့ပြီး
မြည်းကြည့်​လိုက်​​တော့ အားပါးပါး
ကောင်းမှ​ကောင်း။မလှိုင်​ကလည်း ထမင်းခူးလာပြီး ဝက်​​ကြော်​တတုံးနဲ့​ဖွေးကို
ခွံ့ ​ကြွေး​တော့ ​ဖွေးက ဝက်​တားစားဘူး
ဆီနဲ့ဆားနဲ့စားမယ်​တဲ့။ဒီက​လေးမ​လေးက
ထမင်း​ကြွေးတိုင်းအဲလိုပဲ ၊ဘယ်​​တော့မှ
ကောင်း​ကောင်းမစား။တခါတခါ ကြက်​​ကြော်​ဖတ်​​တွေ​တောင်​ ဝါးပြီး​ထွေးချ
ပစ်​လို့ဆီနဲ့ပဲနယ်​​ကြွေးရတတ်​တယ်​။
ဦး​လေး ဆီရှိလားတဲ့ ​ဖွေးအ​မေ​မေးလို့
ဝယ်​ထားတဲ့ ​ရွှေပဲဆီသန့်​ဗူး​ပေးလိုက်
တယ်​။ဖွေးကိုဆီနဲ့ပဲနယ်​​ကြွေး​တော့မယ်
ပေါ့။ရှင်လူလည်းဆာပြီမို့ ထမင်းခူးခပ်​ပြီး
ဝက်​​ခေါက်​ သုံး​လေးတုံး ​ကော်ထည့်​ အရည်​ဆမ်းပြီး ​ဖွေးတို့သားအမိနားပဲ
ထိုင်​စားလိုက်​တယ်​။ဖွေးက သူ့အ​မေခွံ့
နေတဲ့ထမင်းဝါး​နေရာက ဒရင်းမ်​ဘက်​​ပေါ်
မတ်​တပ်​ရပ်​လိုက်​ရင်း ရှင်​လူ့ပန်းကန်​ကို
လက်​ညှိုးထိုး လို့ ကျားမယ်​..တဲ့။
ဒါနဲ့ ရှင်​လူလည်း အဆီနဲ့တင်း​နေတဲ့
ဝက်​​ခေါက်​နည်းနည်းဖဲ့လိုက်​ပြီးသူ့ပါးစပ်​ထဲ
ွ်ထည့်​​ပေးလိုက်​တာ။ ဗု​ဒ္ဓေါ...​ဖွေး​ဖွေးသိမ့်
မျက်​လုံးနဲ့လက်​ညိုးကရှင်​လူ့ပန်းကန်​ကမခွာ​တော။ကိုယ်​စားဖို့ထည့်​လာတာမ
လောက်​တော့လို့ ဒယ်​အိုးလှပ်​ပြီး ​နောက်
သုံး​လေးတုံးထပ်​ထည့်​ရတယ်​။ ရှင်​လူကလည်း ကျန်းမာ​ရေး ငဲ့ပြီးသာ
ဝက်​သားကို အသား​တွေဘာ​တွေ စားရတာ၊တကယ်​တော့ ဝက်​ဆီတုံးမပါရင်
ဝက်​သားမထင်​။အင်း​ဖွေးနဲ့ရှင်​လူတို့က
တော့ အကြိုက်​ချင်းတူ​နေလိုက်​ပုံများဗျာ...
story#observation#shinlhu

No comments:

Post a Comment